Sales Hotline : 09448001653       Download App



မြေပုံမြို့နယ် ပညာရေး (ဝန်ထမ်း) ငွေစုငွေချေးသမဝါယမအသင်း (လီမိတက်) မှ ထောက်ပံ့ငွေများပေးအပ်

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ပညာရေး(ဝန်ထမ်း) ငွေစုငွေချေး သမဝါယမအသင်း (လီမိတက်) က အသင်းသားများသို့ စုဆောင်းငွေပေါ် အတိုးနှင့် ကိုဗစ်-၁၉ ကာလ ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကို မြေပုံမြို့နယ် ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ 

အသင်းသား ၁၂၄၇ ဦးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အထိ ၎င်းတို့ စုဆောင်းထား သော စုဆောင်းငွေကျပ် ၄၉၀ ဒသမ ၁၈ သန်းအပေါ် စုဆောင်းငွေပေါ် အတိုးငွေကျပ် ၂၅ ဒသမ ၈၅ သန်းကို ထုတ်ပေးခဲ့ကြောင်း၊ ကိုဗစ်-၁၉ ကလအတွင်း အသင်းသားများအတွက် တစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀ နှုန်းဖြင့် ၁၂ ဒသမ ၄၇ သန်း ထုတ်ပေးခဲ့ ကြောင်းနှင့် အဆိုပါအခမ်းအနားကို ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

Source: The Mirror Daily
 

Latest Post News Read 467 times