ရန်ကုန်တက္ကသိုလ်အပါအဝင် တက္ကသိုလ်အချို့၌ အွန်လိုင်းမှတဆင့် ကျောင်းအပ်နိုင်ပြီ

 

၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်ရာသီမှစ၍ ရန်ကုန်တက္ကသိုလ်အပါအဝင် တက္ကသိုလ်အချို့၌ ကျောင်းအပ်နှံခြင်းနှင့် ငွေသွင်းခြင်း လုပ်ငန်းစဉ်များကို အွန်လိုင်းမှတစ်ဆင့် စတင်ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

 

အွန်လိုင်းမှတဆင့် ကျောင်းအပ်နှံခြင်းကို ပညာရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်ဒ်ဖြစ်သော https://sms.moe.gov.mm တွင် ပြုလုပ်နိုင်ပြီး ကျောင်းလခအတွက် ငွေပေးချေခြင်းကို United Amara Bank (UAB) ဘဏ်တစ်ခုတည်းဖြင့်သာ ဆောင်ရွက်နိုင်ပါသေးသည်။    

 

လက်ရှိတွင် အွန်လိုင်းစနစ်ဖြင့် ကျောင်းအပ်နှံခြင်းကို ရန်ကုန်တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်နှင့် Naypyitaw State Academy တို့တွင်သာ ဆောင်ရွက်နိုင်သေးကြောင်း ဖော်ပြပါ ဝက်ဘ်ဆိုက်ဒ်တွင် တွေ့ရသည်။

 

ကျောင်းသားများအနေဖြင့် အွန်လိုင်းမှတစ်ဆင့် ကျောင်းအပ်မှတ်ပုံတင်ရာတွင် ဖောင်ဖြည့်ရသည့်အခါ ကျောင်းသားနာမည်နှင့် ဖခင်အမည်တွင် "မောင်" ၊ “မ” ၊ "ဦး” တို့ကို ထည့်ရန် မလိုအပ်ကြောင်းနှင့် နိုင်ငံသားစိစ်ရေးကတ်ပြားတွင် နိုင်ငံသားဖြစ်ပါက “C” ကို ထည့်ရမည်ဖြစ်ကြောင်း ညွှန်ကြားထားသည်။

 

အွန်လိုင်းမှတဆင့် ကျောင်းအပ်ရာတွင် အခက်အခဲတစ်စုံတစ်ရာရှိပါက ဖုန်းနံပါတ် 09421742448၊ 09448052474 တို့ကို ဆက်သွယ်နိုင်ကြောင်း ဖော်ပြထားသည်။

 

Source - NP News

Latest Post Local News Read 630 times