၂၀၂၅ စနစ်သစ်တက္ကသိုလ်ဝင်စာမေးပွဲကို အပြင်ဖြေ ဖြေဆိုနိုင်မည့်သူများ

 

လာမည့် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် စနစ်ဟောင်း နဝမတန်းအောင်မြင်ပြီး အကြောင်းအမျိုးမျိုးကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့ခြင်းမရှိသော ကျောင်းသားကျောင်းသူများနှင့် စနစ်ဟောင်း/စနစ်သစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများသည် ပြင်ပဖြေအဖြစ် ဝင်ရောက်ဖြေဆိုနိုင်ပါမည်။

 

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်မှာ စတင်ကျင်းပသည့် စနစ်သစ် (Grade-12) အဆင့် တက္ကသိုလ်ဝင်စာမေးပွဲတွင်လည်း စနစ်ဟောင်း နဝမတန်းအောင်မြင်ပြီး အကြောင်းအမျိုးမျိုးကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့ခြင်း မရှိသော ကျောင်းသားကျောင်းသူများနှင့် စနစ်ဟောင်း တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများကို ပြင်ပဖြေအဖြစ် ဝင်ရောက်ဖြေဆိုခွင့် ပြုခဲ့ပြီးဖြစ်ပါသည်။

 

ထို့ကြောင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် -

- စနစ်ဟောင်း န၀မတန်းအောင်မြင်ပြီးထားသူများ၊

- စနစ်ဟောင်းတက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးထားသူများ၊

- စနစ်သစ်တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးထားသူများ ပြင်ပဖြေဖြင့် ဝင်ရောက်ဖြေဆိုနိုင်ပါသည်။

 

စနစ်သစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပြင်ပဖြေအဖြစ် ဝင်ရောက်ဖြေဆိုမည့်သူများအနေဖြင့် အောက်ဖော်ပြပါ စနစ်သစ် ဘာသာတွဲများအနက် (၁) ခုကို ရွေးချယ် လျှောက်ထားနိုင်ပါသည်။

 

 

Source - မြန်မာနိုင်ငံစာစစ်ဌာန 

-----------------------------

VPN မလိုဘဲ ပညာရေးသတင်းအစုံအလင်ကို ဖတ်ရှုနိုင်ဖို့ Myanmar Education Guide ရဲ့ Telegram Channel ကို အခုပဲ Join ထားလိုက်တော့နော်။

Join our Telegram Channel

> https://t.me/eudcationguide

Latest Post Local News Read 783 times