ဝါတွင်းကာလတွင် ပုဂ္ဂလိကကျောင်းများအားလုံး အစိုးရကျောင်းပိတ်ရက်အတိုင်း ပိတ်ရမည်

 

၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှစ၍ နိုင်ငံတကာကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများအနေဖြင့်  ဝါတွင်းကာလကျောင်းပိတ်ရက်ကို အစိုးရကျောင်းများပိတ်သည့်အတိုင်း တပြေးညီပိတ်ပေးရန် ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားထားကြောင်း သိရသည်။

 

ပုံမှန်အားဖြင့် အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများနှင့် နိုင်ငံတကာကျောင်းများတွင် ရက်သတ္တတစ်ပတ်လျှင် စနေနှင့် တနင်္ဂနွေနေ့ နှစ်ရက်ကို ကျောင်းပိတ်ရက်များအဖြစ် သတ်မှတ်ထားပါသည်။ ဝါတွင်းကာလ၌မူ အခြေခံပညာဦးစီးဌာနလက်အောက်ရှိ အခြေခံပညာကျောင်းများတွင် ရက်သတ္တတစ်ပတ်၏ ကျောင်းပိတ်ရက်နှစ်ရက်ကို ဥပုသ်နေ့နှင့် တနင်္ဂနွေနေ့တွင် သတ်မှတ်ထားပါသည်။ 

 

သို့ရာတွင် ဘာသာရေးနှင့် ကျောင်းအခြေအနေအရ နိုင်ငံတကာကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများ၏ ပိတ်ရက်မှာ ဝါတွင်းကာလ အစိုးရကျောင်းပိတ်ရက်များနှင့်မတူ ကွဲလွဲလျက်ရှိပါသည်။ ထို့ကြောင့် ပညာရေး၀န်ကြီးဌာနမှ မြန်မာနိုင်ငံရှိ မူလတန်းမှ အထက်တန်းအထိ ပညာသင်ကျောင်းများအားလုံး ဝါတွင်းကျောင်းပိတ်မည့်ရက် တပြေးညီဖြစ်စေရေးအတွက် ရက်အတိအကျ သတ်မှတ်ခဲ့ပါသည်။ 

 

၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှစ၍ ဝါတွင်းကာလ၌ အခြေခံပညာကျောင်းများ၊ မြန်မာသင်ရိုးဖြင့် သင်ကြားနေသော ပုဂ္ဂလိကကျောင်းများနှင့် နိုင်ငံတကာသင်ရိုးဖြင့် သင်ကြားနသော ပုဂ္ဂလိကကျောင်းများတွင် ရက်သတ္တတစ်ပတ်လျှင် ဥပုသ်နေ့နှင့် တနင်္ဂနွေနေ့ နှစ်ရက်ကို ကျောင်းပိတ်ရက်များအဖြစ် သတ်မှတ်ရန် ကြေညာချက် ထုတ်ပြန်ထားပါသည်။ 

 

အဆိုပါအမိန့်စာအတိုင်း လိုက်နာဆောင်ရွက်ရေးကို ခရိုင်ပညာရေးမှူးများနှင့် မြို့နယ်ပညာရေးမှူးများမှတဆင့် ကြီးကြပ်ဆောင်ရွက်ကြရန်နှင့် အသိပေးဆောင်ရွက်ပြီးစီးမှုကို ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံး၊ ဌာနခွဲ (၇-က) သို့ ပြန်လည်တင်ပြရန် အကြောင်းကြားထားပါသည်။ 

 

၁၃၈၆-ခု၊ ဝါတွင်း (၃)လ ဥပုသ်ရက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ 

 

Source :

 

 

Latest Post Local News Read 796 times