တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းနှင့် အောင်လက်မှတ်များ ထုတ်ယူနိုင်ပြီ

 

၂၀၂၄ ခုနှစ် စနစ်သစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအပါအဝင် မည်သည့်နှစ်အတွက်မဆို တက္ကသိုလ်ဝင် စာမေးပွဲ/အခြေခံပညာ အထက်တန်းစာမေးပွဲ အောင်လက်မှတ်နှင့် အမှတ်စာရင်းများကို ထုတ်ယူနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။ 

 

နေပြည်တော်နှင့် ရန်ကုန်ရှိ အောက်ဖော်ပြပါ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ရုံးများတွင် နံနက် ၁၀ နာရီမှ နေ့လည် ၂ နာရီအတွင်း လျှောက်လွှာလက်ခံ၍ တိုက်ရိုက် ထုတ်ပေးလျက်ရှိပါသည်။ စနေ၊ တနင်္ဂနွေနှင့် အစိုးရ ရုံးပိတ်ရက်များတွင် ရုံးပိတ်ပါသည်။

 

‏‏‎မြန်မာနိုင်ငံစာစစ်ဦးစီးဌာန(ရုံးချုပ်)

ရုံးအမှတ် (၅၂)၊ သီရိမဏ္ဍိုင်လမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်

https://goo.gl/maps/Kp9WZ73ghzRqni6p6

မြန်မာနိုင်ငံစာစစ်ဦးစီးဌာန(ရုံးခွဲ)

အမှတ်(၄/၅)၊ ပါရမီလမ်း၊ (၁၂)ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့

https://goo.gl/maps/5opUAFGGPequyw1J7

အောင်လက်မှတ် ထုတ်ယူရန်အတွက် လိုအပ်သည့် အချက်များမှာ -

• အမည်

• ခုံအမှတ်

• အောင်မြင်သည့်ခုနှစ်

• မွေးသက္ကရာဇ်

• စာစစ်ဌာန

• ဖြေဆိုဘာသာတွဲ

• အဖအမည်

• အမိအမည်

မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတွင် သတ်မှတ်လျှောက်လွှာပုံစံ ဝယ်ယူ၍ အထက်ပါ အချက်အလက်များကို ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်ပြီး

• အပြာနောက်ခံ (၁.၅" x ၂") ဆိုဒ်ဓါတ်ပုံ ၃ ပုံ

• နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ တို့ဖြင့် ပူးတွဲ တင်ပေးရပါမည်။

အမှတ်စာရင်း ထုတ်ယူရန်အတွက် လိုအပ်သည့် အချက်များမှာ -

• အမည်

• ခုံအမှတ်

• အောင်မြင်သည့်ခုနှစ်

• စာစစ်ဌာန

မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတွင် သတ်မှတ်လျှောက်လွှာပုံစံ ဝယ်ယူ၍ အထက်ပါ အချက်အလက်များကို ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်ပြီး အမှတ်စာရင်း လျှောက်ထား ထုတ်ယူနိုင်ပါသည်။

အထူးသတိပြုရန် အချက်များ

• ဓါတ်ပုံသည် သတ်မှတ်အရွယ်အစား ဖြစ်ရပါမည်၊ မျက်နှာ၊ နားရွက် ထင်ရှားပြတ်သားရပါမည်။ ဓါတ်ပုံ အရည်အသွေး ကောင်းမွန်ရပါမည်။ မူလမျက်နှာသွင်ပြင်ပျောက်ကွယ်စေနိုင်သည့် မိတ်ကပ်၊ သနပ်ခါး လိမ်းခြယ်ထားမှုမဖြစ်စေရပါ။ အမြင်သင့်လျော်သည့် ဝတ်စားဆင်ယင်ထုံးဖွဲ့ မှုဖြစ်ရပါမည်။ ဓါတ်ပုံ နမူနာ ဖော်ပြပေးထားပါသည်။

• အဆိုပါ သတ်မှတ်ချက်များနှင့် မကိုက်ညီသော ဓါတ်ပုံများဖြင့် လျှောက်လွှာတင်သွင်းပါက လက်ခံဆောင်ရွက်ပေးမည် မဟုတ်ပါ။

• ပထမအကြိမ်ထုတ်သည့် အောင်လက်မှတ်(မူရင်း)များကို ကိုယ်တိုင်/ကိုယ်စား ထုတ်ယူနိုင်ပါသည်။ အောင်လက်မှတ်ကို ကိုယ်စားလျှောက်ထားထုတ်ယူခြင်းဖြစ်ပါက ကျောင်းသား/သူ၏ မှတ်ပုံတင်မိတ္တူနှင့် ထုတ်ယူသူ မှတ်ပုံတင်မိတ္တူ ပူးတွဲ တင်ရပါမည်။

• အောင်လက်မှတ်/အမှတ်စာရင်း ထုတ်ယူမှုအထောက်အထားစိစစ်ရန် မှတ်ပုံတင်မူရင်း ပြသရပါမည်။

• အောင်လက်မှတ်နှင့် အမှတ်စာရင်းများကို အတတ်နိုင်ဆုံး နေ့ချင်းပြီးရအောင် ဆောင်ရွက်ပေးပါသည်။ သို့သော်တစ်ရက်တာအတွင်း လျှောက်ထားသည့် စောင်ရေသည် နေ့ချင်းပြီးမရနိုင်ပါက ရနိုင်သည့် ရက်ကို ပြန်လည် ချိန်းဆိုပေးပါသည်။

Latest Post Local News Read 3320 times