Myanmar Digital Education Platform (MDEP) ဝက်ဘ်ဆိုက်ကို အခမဲ့‌ဝင်ရောက်ကြည့်ရှုနိုင်ရန် MPT မှ ပံ့ပိ

** Unicode **

MPT သည် နိုင်ငံတစ်ဝန်းရှိဆရာ/ဆရာမများအတွက် ပညာရေးဝန်ကြီးဌာန၏ အွန်လိုင်းအခြေပြု သင်ကြားရေးပလက်ဖောင်းတစ်ခုဖြစ်သည့် Myanmar Digital Education Platform (MDEP) ဝက်ဘ်ဆိုက်ကို ဝင်ရောက်ကြည့်ရှုနိုင်ရန်အတွက် (၆) လတာ အခမဲ့ဒေတာအသုံးပြုခွင့်ဖြင့် ပံ့ပိုးကူညီဆောင်ရွက်လိုက်ကြောင်း ဇွန်လ (၁၀) ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

MPT သည် ယခင်ကထက်ပိုမိုအရေးပါလာသည့် အဝေးရောက်သင်ကြားရေးစနစ်၏အရေးပါမှုကို သိရှိနားလည်ထားပြီး “မြန်မာပြည်နှင့်အတူရှိနေမည်” ဟူသည့် ခံယူချက်အား ခိုင်မာစွာကျင့်သုံး ဆောင်ရွက်လျက်ရှိကာ ဆရာ/ ဆရာမများအတွက် ၂၀၂၀ ပြည့်နှစ် ဇွန်လ (၁၀) ရက်နေ့တွင်စတင်ကာ ၎င်းတို့၏ သင်တန်းအစီအစဉ်များကို MDEP Website (http://mdep.moe.edu.mm) တွင် (၆) လစာ အခမဲ့ ဒေတာအသုံးပြုခွင့်နှင့်အတူ မိမိတို့နေအိမ်မှတစ်ဆင့် ဆက်လက်လုပ်ဆောင်သွားနိုင်ရန်အတွက် ပံ့ပိုးကူညီဆောင်ရွက်သွားမည်ဖြစ်ပါတယ်။

MPT-KSGM Joint Operations ၏ စီးပွားရေးဌာနကြီး မှ ဒုတိယအရာရှိချုပ်ဖြစ်သူ ဦးကိုကိုအောင် က “ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ ကိုဗစ်-၁၉ ၏ သက်ရောက်မှုဒဏ်ကြောင့် စာသင်ကျောင်းတွေ ပိတ်ထားရပြီး ပညာရေးဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်ထားတဲ့ အွန်လိုင်းအခြေပြု သင်ကြားရေး ပလက်ဖောင်း Myanmar Digital Education Platform (MDEP) ကို အသုံးပြုခြင်းဖြင့် လေ့လာသင်ယူမှု‌‌တွေကို ကွာဟမှုမရှိစေဘဲ နည်းနိုင်သမျှနည်းအောင် လွယ်ကူချောမွေ့စေမယ့် စနစ်တစ်ခုကို ကျွန်တော်တို့ ဆောင်ရွက်ဖို့လိုလာပါတယ်။ ကျွန်တော်တို့ရဲ့ အနာဂတ်မျိုးဆက်သစ်တွေအတွက် ပညာရေးရဲ့အခန်းကဏ္ဍ နဲ့ လက်ဆင့်ကမ်းပညာပေးသူတွေရဲ့ အရေးပါမှုကို နားလည်သဘောပေါက်တာကြောင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေတဲ့ အခုလိုကာလမှာ အိမ်မှာပဲနေနေရတဲ့ တစ်နိုင်လုံးမှာရှိတဲ့ ဆရာ/ဆရာမတွေအတွက် ပညာရေးဝန်ကြီးဌာနရဲ့ အွန်လိုင်းပလက်ဖောင်းသို့ အင်တာနက် ဒေတာအခမဲ့ အသုံးပြုခွင့် (၆) လစာ ကို ပံ့ပိုးကူညီဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ဆရာ၊ဆရာမတွေအနေနဲ့ နောက်ထပ် စာသင်နှစ်သစ် မရောက်ခင်အထိ ထိရောက်တဲ့ သင်ကြားမှုဆိုင်ရာအရင်းအမြစ်တွေကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးသွားနိုင်ပြီး အခက်အခဲ အတားအဆီးတွေကို ကျော်လွှားနိုင်စေဖို့ အခုလိုမျိုး တစ်မူထူးခြားတဲ့ သင်ထောက်ကူ နည်းပညာအခွင့်အလမ်းကို အပြည့်အဝ အသုံးချနိုင်မှာပဲဖြစ်ပါတယ်” ဟု မှ ပြောပါတယ်။

မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း နိုင်ငံတစ်ဝန်းဗိုင်းရပ်စ်ပျံ့နှံ့မှုကို တားဆီး ကာကွယ်နိုင်ရန်အတွက် ကမ္ဘာအဝှမ်းရှိအခြားနိုင်ငံများကဲ့သို့ ပြင်းထန်သော စီမံဆောင်ရွက်မှုများထားရှိခဲ့ပြီး ကြိုတင်ကာကွယ်သည့်အနေဖြင့် တစ်နိုင်ငံလုံးရှိ စာသင်ကျောင်းများပိတ်ထားရခြင်းကြောင့် ပညာရေးကဏ္ဍ ကိုလည်း များစွာထိခိုက်စေခဲ့ပါတယ်။

ပညာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ပညာရေးစနစ်ကို သိသိသာသာ မြန်ဆန်စွာတိုးတက်စေရန် အခြေခံပညာကျောင်းများအတွက် သက်ဆိုင်ရာ အတန်းအလိုက် သင်ရိုးညွှန်းတမ်းစနစ်သစ်ကို ပြောင်းလဲ လုပ်ဆောင်ပေးလျက်ရှိပြီး (၄) တန်း၊ (၇) တန်း နှင့် (၁၀) တန်းများ၏ သင်ရိုးညွှန်းတမ်းသစ်များကို ၂၀၂၀-၂၀၂၁ စာသင်နှစ်တွင် ပြောင်းလဲသင်ကြားသွားမည်ဖြစ်ပါတယ်။

သင်ရိုးညွှန်းတမ်းအသစ်များ အကောင်အထည်ဖော်ရန် မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံ ပညာဆရာ/ဆရာမများ ကို မူလက နွေရာသီကျောင်းပိတ်ရက်အတွင်း သင်ကြားမှုစနစ်အား တိကျခိုင်မာစွာ လေ့လာကျင့်သုံးနိုင်ရန် စီစဉ်ဆောင်ရွက်ထားခဲ့သော်လည်း လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အခြေအစနေကြောင့် အဆိုပါအစီအစဉ်မှာ နှောင့်နှေးသွားခဲ့ပြီး တစ်ဦးနှင့်တစ်ဦးနီးကပ်ထိတွေ့ရသည့်ပုံစံ သင်တန်းအစီအစဉ်များ ကို ပြုလုပ်မည့်အစား ဆရာ/ဆရာမများအနေဖြင့် ပညာရေးဝန်ကြီးဌာန၏ အွန်လိုင်းအခြေပြု သင်ကြားရေး ပလက်ဖောင်းသို့ လွယ်ကူစွာဝင်ရောက်ကြည့်ရှုပြီး အဆက်အသွယ် အချိတ်အဆက်မပြတ်ဘဲ သင်ရိုးသစ် သင်တန်းများကို အွန်လိုင်းမှတစ်ဆင့် အဝေးရောက်လေ့လာသင်ယူနိုင်မည်ဖြစ်ပါတယ်။

အသေးစိတ် ထပ်မံသိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ ခေါ်ဆို၍ သော်လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုဒ်ဖြစ်သော www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင် ဖေ့စ်ဘုတ်ခ်စာမျက်နှာဖြစ်သော www.facebook.com/mptofficialpage တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ကြောင်း သိရပါတယ်။

Credit: Transcom News Journal

 

** Zawgyi **

MPT သည္ ႏိုင္ငံတစ္ဝန္းရွိဆရာ/ဆရာမမ်ားအတြက္ ပညာေရးဝန္ႀကီးဌာန၏ အြန္လိုင္းအေျချပဳ သင္ၾကားေရးပလက္ေဖာင္းတစ္ခုျဖစ္သည့္ Myanmar Digital Education Platform (MDEP) ဝက္ဘ္ဆိုက္ကို ၀င္ေရာက္ၾကည့္ရႈႏိုင္ရန္အတြက္ (၆) လတာ အခမဲ့ေဒတာအသုံးျပဳခြင့္ျဖင့္ ပံ့ပိုးကူညီေဆာင္႐ြက္လိုက္ေၾကာင္း ဇြန္လ (၁၀) ရက္ေန႔က သတင္းထုတ္ျပန္ထားပါတယ္။

MPT သည္ ယခင္ကထက္ပိုမိုအေရးပါလာသည့္ အေဝးေရာက္သင္ၾကားေရးစနစ္၏အေရးပါမႈကို သိရွိနားလည္ထားၿပီး “ျမန္မာျပည္ႏွင့္အတူရွိေနမည္” ဟူသည့္ ခံယူခ်က္အား ခိုင္မာစြာက်င့္သုံး ေဆာင္႐ြက္လ်က္ရွိကာ ဆရာ/ ဆရာမမ်ားအတြက္ ၂၀၂၀ ျပည့္ႏွစ္ ဇြန္လ (၁၀) ရက္ေန႔တြင္စတင္ကာ ၎တို႔၏ သင္တန္းအစီအစဥ္မ်ားကို MDEP Website (http://mdep.moe.edu.mm) တြင္ (၆) လစာ အခမဲ့ ေဒတာအသုံးျပဳခြင့္ႏွင့္အတူ မိမိတို႔ေနအိမ္မွတစ္ဆင့္ ဆက္လက္လုပ္ေဆာင္သြားႏိုင္ရန္အတြက္ ပံ့ပိုးကူညီေဆာင္႐ြက္သြားမည္ျဖစ္ပါတယ္။

MPT-KSGM Joint Operations ၏ စီးပြားေရးဌာနႀကီး မွ ဒုတိယအရာရွိခ်ဳပ္ျဖစ္သူ ဦးကိုကိုေအာင္ က “ကမာၻလုံးဆိုင္ရာကပ္ေရာဂါ ကိုဗစ္-၁၉ ၏ သက္ေရာက္မႈဒဏ္ေၾကာင့္ စာသင္ေက်ာင္းေတြ ပိတ္ထားရၿပီး ပညာေရးဝန္ႀကီးဌာနက အေကာင္အထည္ေဖာ္ေဆာင္႐ြက္ထားတဲ့ အြန္လိုင္းအေျချပဳ သင္ၾကားေရး ပလက္ေဖာင္း Myanmar Digital Education Platform (MDEP) ကို အသုံးျပဳျခင္းျဖင့္ ေလ့လာသင္ယူမႈ‌‌ေတြကို ကြာဟမႈမရွိေစဘဲ နည္းႏိုင္သမွ်နည္းေအာင္ လြယ္ကူေခ်ာေမြ႕ေစမယ့္ စနစ္တစ္ခုကို ကြၽန္ေတာ္တို႔ ေဆာင္႐ြက္ဖို႔လိုလာပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ အနာဂတ္မ်ိဳးဆက္သစ္ေတြအတြက္ ပညာေရးရဲ႕အခန္းက႑ နဲ႔ လက္ဆင့္ကမ္းပညာေပးသူေတြရဲ႕ အေရးပါမႈကို နားလည္သေဘာေပါက္တာေၾကာင့္ ကိုဗစ္-၁၉ ေရာဂါ ျဖစ္ပြားေနတဲ့ အခုလိုကာလမွာ အိမ္မွာပဲေနေနရတဲ့ တစ္ႏိုင္လုံးမွာရွိတဲ့ ဆရာ/ဆရာမေတြအတြက္ ပညာေရးဝန္ႀကီးဌာနရဲ႕ အြန္လိုင္းပလက္ေဖာင္းသို႔ အင္တာနက္ ေဒတာအခမဲ့ အသုံးျပဳခြင့္ (၆) လစာ ကို ပံ့ပိုးကူညီေဆာင္႐ြက္ျခင္းျဖစ္ပါတယ္။ ဆရာ၊ဆရာမေတြအေနနဲ႔ ေနာက္ထပ္ စာသင္ႏွစ္သစ္ မေရာက္ခင္အထိ ထိေရာက္တဲ့ သင္ၾကားမႈဆိုင္ရာအရင္းအျမစ္ေတြကို စဥ္ဆက္မျပတ္ ေလ့လာဆည္းပူးသြားႏိုင္ၿပီး အခက္အခဲ အတားအဆီးေတြကို ေက်ာ္လႊားႏိုင္ေစဖို႔ အခုလိုမ်ိဳး တစ္မူထူးျခားတဲ့ သင္ေထာက္ကူ နည္းပညာအခြင့္အလမ္းကို အျပည့္အဝ အသုံးခ်ႏိုင္မွာပဲျဖစ္ပါတယ္” ဟု မွ ေျပာပါတယ္။

ျမန္မာႏိုင္ငံသည္ ကိုဗစ္-၁၉ ေရာဂါ ျဖစ္ပြားေနစဥ္ကာလအတြင္း ႏိုင္ငံတစ္ဝန္းဗိုင္းရပ္စ္ပ်ံ႕ႏွံ႔မႈကို တားဆီး ကာကြယ္ႏိုင္ရန္အတြက္ ကမာၻအဝွမ္းရွိအျခားႏိုင္ငံမ်ားကဲ့သို႔ ျပင္းထန္ေသာ စီမံေဆာင္႐ြက္မႈမ်ားထားရွိခဲ့ၿပီး ႀကိဳတင္ကာကြယ္သည့္အေနျဖင့္ တစ္ႏိုင္ငံလုံးရွိ စာသင္ေက်ာင္းမ်ားပိတ္ထားရျခင္းေၾကာင့္ ပညာေရးက႑ ကိုလည္း မ်ားစြာထိခိုက္ေစခဲ့ပါတယ္။

ပညာေရးဝန္ႀကီးဌာနသည္ ျမန္မာႏိုင္ငံ၏ပညာေရးစနစ္ကို သိသိသာသာ ျမန္ဆန္စြာတိုးတက္ေစရန္ အေျခခံပညာေက်ာင္းမ်ားအတြက္ သက္ဆိုင္ရာ အတန္းအလိုက္ သင္႐ိုးၫႊန္းတမ္းစနစ္သစ္ကို ေျပာင္းလဲ လုပ္ေဆာင္ေပးလ်က္ရွိၿပီး (၄) တန္း၊ (၇) တန္း ႏွင့္ (၁၀) တန္းမ်ား၏ သင္႐ိုးၫႊန္းတမ္းသစ္မ်ားကို ၂၀၂၀-၂၀၂၁ စာသင္ႏွစ္တြင္ ေျပာင္းလဲသင္ၾကားသြားမည္ျဖစ္ပါတယ္။

သင္႐ိုးၫႊန္းတမ္းအသစ္မ်ား အေကာင္အထည္ေဖာ္ရန္ ျမန္မာႏိုင္ငံတစ္ဝန္းရွိ အေျခခံ ပညာဆရာ/ဆရာမမ်ား ကို မူလက ေႏြရာသီေက်ာင္းပိတ္ရက္အတြင္း သင္ၾကားမႈစနစ္အား တိက်ခိုင္မာစြာ ေလ့လာက်င့္သုံးႏိုင္ရန္ စီစဥ္ေဆာင္႐ြက္ထားခဲ့ေသာ္လည္း လက္ရွိျဖစ္ေပၚေနေသာ ကိုဗစ္-၁၉ ေရာဂါျဖစ္ပြားမႈ အေျခအစေနေၾကာင့္ အဆိုပါအစီအစဥ္မွာ ေႏွာင့္ေႏွးသြားခဲ့ၿပီး တစ္ဦးႏွင့္တစ္ဦးနီးကပ္ထိေတြ႕ရသည့္ပုံစံ သင္တန္းအစီအစဥ္မ်ား ကို ျပဳလုပ္မည့္အစား ဆရာ/ဆရာမမ်ားအေနျဖင့္ ပညာေရးဝန္ႀကီးဌာန၏ အြန္လိုင္းအေျချပဳ သင္ၾကားေရး ပလက္ေဖာင္းသို႔ လြယ္ကူစြာဝင္ေရာက္ၾကည့္ရႈၿပီး အဆက္အသြယ္ အခ်ိတ္အဆက္မျပတ္ဘဲ သင္႐ိုးသစ္ သင္တန္းမ်ားကို အြန္လိုင္းမွတစ္ဆင့္ အေဝးေရာက္ေလ့လာသင္ယူႏိုင္မည္ျဖစ္ပါတယ္။

အေသးစိတ္ ထပ္မံသိရွိလိုပါက Hotline ဖုန္းနံပါတ္ 106 သို႔ ေခၚဆို၍ ေသာ္လည္းေကာင္း၊ MPT ၏ ဝက္ဘ္ဆိုဒ္ျဖစ္ေသာ www.mpt.com.mm သို႔မဟုတ္ MPT ၏ တရားဝင္ ေဖ့စ္ဘုတ္ခ္စာမ်က္ႏွာျဖစ္ေသာ www.facebook.com/mptofficialpage တြင္ ဝင္ေရာက္ၾကည့္ရႈ ေလ့လာႏိုင္ေၾကာင္း သိရပါတယ္။

Credit: Transcom News Journal

 

Tips Latest Post Read 7681 times