မြန်မာကျောင်းသား ၆၀၀၀ ကျော် ရုရှားအဆင့်မြင့်တက္ကသိုလ်များမှ မဟာဘွဲ့နှင့် ပါရဂူဘွဲ့ရရှိခဲ့

မြန်မာကျောင်းသား ၆၀၀၀ ကျော် ရုရှားအဆင့်မြင့်တက္ကသိုလ်များမှ မဟာဘွဲ့နှင့် ပါရဂူဘွဲ့ရရှိခဲ့

ယခုအခါ ၆၀၀၀ ကျော် ရှိပြီဖြစ်ကြောင်း ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးက သတင်းထုတ်ပြန်သည်။

ရုရှား - မြန်မာ ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုကို ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ရက်မှ စတင်ခဲ့ရာ ယနေ့ ၂၀၁၈ ခုနှစ်၊  ဖေဖော်ဝါရီလ ၁၈ ရက်တွင် နှစ် ၇၀ ပြည့်မြောက်ပြီ ဖြစ်သည်။

READ - ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် ဘီလ်ဂိတ်ကပေးအပ်သည့် ပညာသင်ဆု

နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု နှစ် ၇၀ ပြည့်မြောက်အဖြစ် သံရုံးက ထုတ်ပြန်သည့် ကြေညာချက်တွင် အထက်ပါအတိုင်း ဖော်ပြထားခြင်းဖြစ်သည်။

ပညာရေးပူးပေါင်းမှုအနေနှင့် ရုရှားနိုင်ငံမော်စကို နိုင်ငံတော်တက္ကသိုလ်လက်အောက်ရှိ အာရှ-အာဖရိကနိုင်ငံများ တက္ကသိုလ်နှင့် စိန့်ပီတာစဘတ်နိုင်ငံတော် တက္ကသိုလ်တို့တွင် မြန်မာဘာသာစကား သင်ကြားပေးလျက်ရှိပြီး အပြန်အလှန်အနေနှင့် ပြင်ဦးလွင် စစ်တက္ကသိုလ်၊ ရန်ကုန်နှင့် မန္တလေး နိုင်ငံခြားဘာသာ တက္ကသိုလ်တို့တွင်လည်း ရုရှားဘာသာစကား သင်ကြားနေသော မြန်မာကျောင်းသား ရာနှင့်ချီ ရှိနေကြာင်း ထုတ်ပြန်ထားသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: thevoice

 

 

 

International Read 6232 times