MUFL မှ ဖွင့်လှစ်မယ့် အချိန်ပိုင်း/အချိန်ပြည့် ဘာသာစကားသင်တန်းများ

 

မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်တွင် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်အတွက် ဖွင့်လှစ်မည့် မဟာဝိဇ္ဇာသင်တန်း (အင်္ဂလိပ်)နှင့် အချိန်ပိုင်း/အချိန်ပြည့် ဘာသာစကား ဒီပလိုမာသင်တန်းများကို နိုဝင်ဘာလ (၇) ရက်နေ့ နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

 

MUFL တွင် ဖွင့်လှစ်မည့် သင်တန်း (၄) ခု

၁။ သင်တန်းအမည် - တရုတ်၊ ပြင်သစ်၊ ဂျာမန်၊ ဂျပန်၊ ကိုရီးယား၊ ရုရှား

သင်တန်းကလာလ - ဒီပလိုမာအချိန်ပိုင်း (၄) နှစ်သင်တန်း  

ပညာအရည်အချင်း - အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ

သင်တန်းအချိန် - တနင်္လာနေ့မှ သောကြာနေ့အထိ (နံနက် ၇ နာရီမှ ၉ နာရီအထိ)

 

၂။ သင်တန်းအမည် - Diploma in English

သင်တန်းကာလ - ဒီပလိုမာ အချိန်ပြည့်သင်တန်း (၁) နှစ်

ပညာအရည်အချင်း - အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ (အင်္ဂလိပ်စာ) အထူးပြုဘွဲ့ရရှိပြီးသူ

သင်တန်းအချိန် - တနင်္လာနေ့မှ သောကြာနေ့အထိ (အချိန်ပြည့်)

 

၃။ သင်တန်းအမည် - Diploma in Thai

သင်တန်းကာလ - ဒီပလိုမာ အချိန်ပြည့်သင်တန်း (၂) နှစ်

ပညာအရည်အချင်း - အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ

သင်တန်းအချိန် - တနင်္လာနေ့မှ သောကြာနေ့အထိ (အချိန်ပြည့်)

 

၄။ သင်တန်းအမည် - မဟာဝိဇ္ဇာဘွဲ့ (အင်္ဂလိပ်စာ) သင်တန်း

သင်တန်းကာလ - အချိန်ပြည့်သင်တန်း (၂) နှစ်

ပညာအရည်အချင်း - B.A (English) ဘွဲ့ရရှိပြီးသူဖြစ်ပြီး အချိန်ပြည့် (၁) နှစ် အင်္ဂလိပ်ဘာသာ ဒီပလိုမာ DEF ဘွဲ့ရရှိထားသူ (သို့) မန္တလေးတက္ကသိုလ်မှ အင်္ဂလိပ်စာသင်ကြားရေး ဒီပလိုမာ ELT ဘွဲ့ ရရှိထားသူ (သို့) မဟာဝိဇ္ဇာဘွဲ့ (အင်္ဂလိပ်စာ) သင်တန်းတက်ရောက်ရန် အရည်အချင်းပြည့်မီသူ

သင်တန်းအချိန် - တနင်္လာနေ့မှ သောကြာနေ့အထိ (အချိန်ပြည့်)

 

ဖော်ပြပါသင်တန်းများအား လျှောက်ထားလိုပါက ဘွဲ့လက်မှတ် (မူရင်း/မိတ္တူ)များနှင့်အတူ ၂၄.၁၀.၂၀၂၄ ရက်မှ ၇.၁၁.၂၀၂၄ ရက်နေ့အထိ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်၊ ကျောင်းသားရေးရာဌာနတွင် ရုံးချိန်အတွင်း သွားရောက် လျှောက်ထားနိုင်ပါသည်။ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာန၊ ညွှန်ကြားရေးမှူးချုပ်အဆင့်အရာရှိ၏ သင်တန်းတက်ရောက်ခွင့်ပြုကြောင်း ခွင့်ပြုမိန့်မူရင်းတင်ပြရမည်။

 

သင်တန်းအာလုံးအတွက် အင်္ဂလိပ်စာ ရေးဖြေစာမေးပွဲကို ၁၂.၁၁.၂၀၂၄ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး သက်ဆိုင်ရာ ဘာသာရပ်ဌာနမှူး၏ လူတွေ့စာမေးပွဲကို ဖြေဆိုအောင်မြင်ရမည်။

 

သင်တန်းဝင်ခွင့်နှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ဖုန်း - ၀၂-၄၀၆၁၄၀၂၊ ၀၉-၃၃၀၃၉၉၇၅ တို့ကို ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ 

--------------------------------------------------

VPN မလိုဘဲ ပညာရေးသတင်းအစုံအလင်ကို ဖတ်ရှုနိုင်ဖို့ Myanmar Education Guide ရဲ့ Telegram Channel ကို အခုပဲ Join ထားလိုက်တော့နော်။

Join our Telegram Channel

> https://t.me/eudcationguide

 

Latest Post Local News University / College Read 215 times