ဂျပန်နိုင်ငံ၏ မော်တော်ကားနည်းပညာ ဒီပလိုမာသင်တန်းအတွက် Full Scholar (၁၀၀) ရာခိုင်နှုန်းအပြင် Partial Scholar များကိုလည်း ပေးအပ်မည့် ပညာသင်ဆု

ဂျပန်နိုင်ငံ၏ မော်တော်ကားနည်းပညာ ဒီပလိုမာသင်တန်းအတွက် Full Scholar (၁၀၀) ရာခိုင်နှုန်းအပြင် Partial Scholar များကိုလည်း ပေးအပ်မည့် ပညာသင်ဆု

သင်တန်းတွင် စာတွေ့လက်တွေ့ကို ဂျပန်သင်ရိုးအတိုင်း တစ်နှစ်ကြာ သင်ကြားပေးသွားမည်ဖြစ်သည်။

သင်တန်းပြီးဆုံးပါက ဂျပန်နည်းပညာတက္ကသိုလ် (OIST) မှ စစ်ဆေးသော စာမေးပွဲအောင်မြင်ပါက ဂျပန်မှ ချီးမြှင့်မည့် Automotive Engineering Diploma ကို ရရှိမည်ဖြစ်သည်။

READ - ထိုင်းနိုင်ငံရှိ Rangsit University International Program တွင် မြန်မာကျောင်းသားများ ပညာသင်ဆု လျှောက်ထားနိုင်

အဆိုပါ ဒီပလိုမာသင်တန်းအောင်မြင်ပြီးလျှင် ပြည်တွင်းတွင်လည်းကောင်း၊ ဂျပန်နိုင်ငံတွင်လည်းကောင်း အလုပ်လုပ်နိုင်သကဲ့သို့ Second Class နှင့် First Class အဆင့်မြင့်သင်တန်းများကို ဂျပန်နိုင်ငံ Okayama နည်းပညာ တက္ကသိုလ်တွင်လည်း ဆက်လက်တက်ရောက်နိုင်မည်ဖြစ်သည်။

မော်တော်ကားပညာရပ်ကို သင်ယူလိုသော်လည်း ငွေကြေးအခက်အခဲရှိ သူများကို ကူညီပေးရန်ရည်ရွယ်၍ ထိုပညာသင်ဆုကို ပေးအပ်ခြင်းဖြစ်သည်။

Full Scholar (၁၀၀) ရာခိုင်နှုန်းအပြင် Partial Scholar များကိုလည်း ပေးအပ် ချီးမြှင့်သွားမည်ဖြစ်သည်။

ထိုပညာသင်ဆုကို တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူတိုင်း (အမှတ်စာရင်းမလို) လျှောက်ထားနိုင်မည်ဖြစ်ပြီး စာမေးပွဲစနစ်ဖြင့် စိစစ်ရွေးချယ်သွားမည်ဖြစ်သည်။

လက်ရှိအချိန်တွင် နိုင်ငံတကာ ကားထုတ်လုပ်သော ကုမ္ပဏီများ၊ ကားစက်ရုံများ၊ ကားဆားဗစ်စင်တာများ၊ ကားအာမခံကုမ္ပဏီများ ဝင်ရောက်လာဆဲဖြစ်ပြီး မော်တော်ကားပညာရပ်ကို စနစ်တကျ လေ့ကျင့်သင်ယူ တတ်မြောက်ထားသော ကျွမ်းကျင်လုပ်သားများ လိုအပ်လျက်ရှိသည်။

မော်တော်ကား ပြုပြင်ထိန်းသိမ်းခြင်းနှင့် ပတ်သက်သော ကျွမ်းကျင်လုပ်သားများ မွေးထုတ်နိုင်ရေးအတွက် GLORY သည် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း (MES)၊ မြန်မာနိုင်ငံအမျိုးသား ကျွမ်းကျင်မှု စံသတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) တို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ပညာသင်ဆုကို လျှောက်ထားလိုသူများသည် သြဂုတ်လ ၂၀ ရက်နောက်ဆုံးထား၍ GLORY Career Training Centre သို့ သွားရောက် လျှောက်ထားရမည်ဖြစ်သည်။

ရွေးချယ်ခံရသူများအနေဖြင့် သြဂုတ်လ ၂၅ ရက် သင်တန်းစတင် တက်ရောက်ရမည် ဖြစ်သည်။

Contact Detail

ဖုန်း ၀၉- ၅၁၉၇၈၁၇၊ ၀၉- ၇၃၁၂၁၇၁၇

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: internet journal

Local Read 3884 times