စင်ကာပူရှိကလေးများသည် Covid-19 ထက်စာမေးပွဲများကို ပိုမိုစိုးရိမ်ကြသည်ဟု စစ်တမ်းတစ်ခုကဆိုသည်။
လာမည့် ကျောင်းစာမေးပွဲများကြောင့် ကလေး ၁၀ ယောက်တွင် ၇ ယောက်သည် စိတ်တိုလွယ်ခြင်း၊ စိုးရိမ်စိတ်ဖြစ်ခြင်းများရှိနေသည်။ Family စင်ကာပူဒေသခံလူမှုရေးအဖွဲ့၏ ပြောကြားချက်အရ စင်ကာပူနိုင်ငံရဲ့ Covid-19 အခြေအနေဟာဆိုရင် ကိုဗစ် လူနာ ၁၀ ဦးလျှင် ၆ ဦး လောက်က လုံခြုံမှုစိတ်ချရမှု ရှိတယ်လို့ သိရပါသည်။
သောကြာနေ့ (စက်တင်ဘာ ၁၈) နေ့တွင် အသက် ၁၀ နှစ်မှ ၁၅ နှစ်ကြားရှိ ကျောင်းသား ၁,၀၅၀ ကျော်ကို စစ်တမ်းကောက်ယူခဲ့ပြီ ရလဒ်များကို ထုတ်ပြန်ခဲ့သည်ဟုသိရသည်။
Family စင်ကာပူဒေသခံ လူမှုရေးအဖွဲ့ အပေါ် အာရုံစူးစိုက်ခြင်းဖြင့် စစ်တမ်းကောက်ယူချက်တွင် တွေ့ရှိချက်များအရ စာမေးပွဲကျင်းပခြင်းနှင့် ကျောင်းတက်ရခြင်းများသည် “ကျောင်းသားများအတွက် များသောအားဖြင့် အလွန်အရေးကြီးသည်” ဟုဆိုသည်။
“စာမေးပွဲများစစ်ဆေးခြင်းသည် ကျောင်းသားများကို အချို့သော စိုးရိမ်မှုများကို ဖြစ်ပေါ်စေသည်မှာ သဘာဝကျသော်လည်း စိုးရိမ်မှုမြင့်မားခြင်းကို ထိန်းချုပ်၍မရပါ။ ၎င်းသည်ကျောင်းသားများ၏ ပညာရေးစွမ်းဆောင်ရည်ကို အကျိုးသက်ရောက်စေနိုင်ပြီး အခြားစိတ်ရောဂါ၊ စိတ်ဓာတ်ကျခြင်း သို့မဟုတ် စိတ်ကျန်းမာရေး ပြဿနာများကိုဖြစ်စေနိုင်သည်” ဟုသိရသည်။
မိဘများ၏ ပံ့ပိုးမှုသည် စာမေးပွဲကျင်းပခြင်းကြောင့်ဖြစ်ပေါ်လာသော ဆိုးကျိုးများကို စိုးရိမ်နေသောကျောင်းသားများ၏ စိုးရိမ်စိတ်ကိုလျော့ပါးစေနိုင်သည်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
လာမည့်စာမေးပွဲများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်နေသော ကလေး ၅ ယောက်အနက် ၃ ယောက် တွင် ၃၈.၁ ရာခိုင်နှုန်းက မိဘများ၏ ပညာရေးထောက်ပံ့မှု မရရှိကြောင်းဖော်ပြခဲ့သည်ဟု သိရသည်။
ပရဟိတလုပ်ငန်း၏ အမှုဆောင်အရာရှိချုပ် Ms Joanna Koh-Hoe က “စစ်တမ်းရလဒ်များကငါတို့ကလေးတွေရဲ့ပညာရေးစွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး အကြီးအကျယ် ဖိအားပေးမှုတွေကြုံတွေ့ရတာ အံ့သြစရာမဟုတ်ပါ" ဟု ပြောသည်။ သူက "သူတို့ရဲ့နေ့စဉ်လိုအပ်ချက်တွေကို ဖြည့်ဆည်းရုံတင်မကဘူး၊ သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေနဲ့ ကိုက်ညီအောင် သူတို့ရဲ့မိဘများက ပံ့ပိုးပေးဖို့ပဲလိုပါတယ်" ဟု အကြံပြုသည်။
စစ်တမ်းတွင်ကလေး ၁၀ ယောက်လျှင် ၇ ယောက်သည် မိမိတို့မိဘများကို စာမေးပွဲအနီးကပ်တွင် ၇ မှတ်အထက်နှင့် ၁၀ မှတ်အထက်ရအောင်ကြိုးစားပြခဲ့ကြသည်ဟုသိရသည်။
သားနဲ့သမီး ချစ်မြတ်နိုးမှု ကွဲပြား
မိဘများသည် ယောက်ျားလေးများနှင့် မိန်းကလေးများအပေါ် ချစ်မြတ်နိုးမှုမှာကွဲပြားသည်ဟုလည်းသိရသည်။
အသက် ၁၀ နှစ်မှ ၁၂ နှစ်အကြား ကလေးငယ်များသည် ၁၃ နှစ်မှ ၁၅ နှစ်အရွယ်များနှင့် နှိုင်းယှဉ်ကြည့်လျှင် သူတို့၏မိဘများနှင့် နီးကပ်စွာပိုမိုနေကြရသည်။
ယောက်ျားလေးများသည် မိဘနှစ်ပါးစလုံးနှင့် ပွင့်လင်းစွာ စကားပြောဆိုခြင်းကို သဘောကျကြပုံရသည်။ ယောကျ်ားလေးများသည် ဖခင်းများနှင့်အတူ အချိန်ကုန်ဆုံးခြင်းထက် မိခင်များနှင့် ပိုမိုနက်ရှိုင်းစွာ စကားစမြည်ပြောဆိုခြင်းကို ပိုမိုနှစ်သက်ကြသည်။ မိခင်က ဆုံးမလျှင်လည်း ပိုမိုနာခံတတ်ကြသည်ကြသည်။
မိန်းကလေးများသည် ဖခင်များနှင့် အတူတကွလုပ်ဆောင်ခြင်း၊ အပန်းဖြေခြင်းများကိုပိုမိုနှစ်သက်ကြသည်။
စစ်တမ်းကို စင်ကာပူမိသားစုများ၏ နှစ်စဉ်ပြုလုပ်သောကလေးများနေ့လှုပ်ရှားမှုတွင် တစ်စိတ်တစ်ပိုင်းအနေဖြင့် ပြုလုပ်ခဲ့သည်။
၎င်း၏ ဆဌမထုတ်ဝေသော Race to Praise ဟုခေါ်သော ကင်ပိန်းသည် စင်ကာပူရှိကလေးများအကြား စိတ်ကျန်းမာရေးပြဿနာများကို ဖြေရှင်းရန် အားထုတ်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟုသိရသည်။
Ref: asiaone.com
By Yu Khine