သူနာပြု ပညာတော်သင်ဆု လျှောက်ထားနိုင်

သူနာပြု ပညာတော်သင်ဆု လျှောက်ထားနိုင်

စင်ကာပူနိုင်ငံရဲ့ကျန်းမာရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ MOHH ဟာ ကျန်းမာရေးဝန်ဆောင်မှုပေးတဲ့ အဖွဲ့အစည်းခြောက်ခု ပေါင်းစည်းထားတာဖြစ်ပြီး နိုင်ငံတကာက ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ပညာသင်ဆုတွေကို ပေးအပ်နေတဲ့ အဖွဲ့အစည်းဖြစ်ပါသည်။

တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ သို့မဟုတ် တက္ကသိုလ်တက်ရောက်ဆဲ ကျောင်းသား၊ ကျောင်းသူများ လျှောက်ထားနိုင်ပြီး အသက် ၁၆ နှစ်ကနေ ၂၁ နှစ်အတွင်းရှိသူများ လျှောက်ထားခွင့်ရှိမှာ ဖြစ်ပါသည်။

တက္ကသိုလ်ဝင်တန်းမှာ မြန်မာစာဘာသာရပ် ၆၀ မှတ်၊ အင်္ဂလိပ်စာ ၆၀ မှတ်နဲ့ သင်္ချာဘာသာရပ်မှာ အမှတ် ၈၀ နဲ့အထက် ရရှိဖို့ လိုအပ်ပြီး သိပ္ပံတွဲ သုံးဘာသာပေါင်း ပျမ်းမျှ ရမှတ် ၇၆ နဲ့ အထက် ရရှိထားဖို့ လိုပါသည်။

ပညာသင်ဆု ရွေးချယ်ခံရသူများအနေဖြင့် စင်ကာပူနိုင်ငံရှိ သူနာပြုတက္ကသိုလ်မှာ သုံးနှစ် အခမဲ့ပညာသင်ခွင့် ရရှိမှာ ဖြစ်ပြီး ဒီပလိုမာလက်မှတ်ရရှိပြီးပါက တစ်လလျှင် စင်ကာပူဒေါ်လာ ၂၃၅၀ နဲ့ အနည်းဆုံး ခြောက်နှစ် တာဝန်ထမ်းဆောင်ခွင့် ရရှိမှာဖြစ်ပါသည်။

READ - ၂၀၁၇ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (သိပ္ပံဘာသာတွဲ၊ ၀ိပ္ပံဘာသာတွဲ၊ ၀ိဇ္ဇာဘာသာတွဲ) တွင် အမှတ်အများဆုံး ရရှိသူ (၁၀) ဦး စာရင်း

လျှောက်ထားသူများအတွက် လိုအပ်ချက်များ

(၁) မှတ်ပုံတင်၊ မွေးစာရင်း၊ အိမ်ထောင်စုစာရင်း၊ တက္ကသိုလ်ဝင်အမှတ်စာရင်း

(၂) ပညာရေးအထောက်အထားအတွက် လက်ရှိအောင်မြင်ထားပြီးတဲ့အတန်းရဲ့ လွန်ခဲ့တဲ့ နှစ်နှစ်က ပညာအရည်အချင်း အထောက်အထားစတာတွေကို တင်ပြပေးရမှာ ဖြစ်ပါသည်။

(၃) ပညာသင်နှစ်ပြီးဆုံးအောင် တက်ရောက်မယ့်အကြောင်း အာမခံပေးမယ့်သူ ၂ ဦး လိုအပ်ပြီး အာမခံပေးမယ့်သူရဲ့ ၀င်ငွေထောက်ခံချက်တွေကိုပါ ပူးတွဲတင်ပြရမည်။

သူနာပြုဒီပလိုမာ ပညာတော်သင်ဆုကို နှစ်စဉ်နှစ်တိုင်း ရွေးချယ်ခေါ်ယူတာဖြစ်ပြီး ရွေးချယ်ခံရသူများအနေဖြင့် အောက်တိုဘာလမှာ စာမေးပွဲဖြေဆိုကြရမှာ ဖြစ်ပြီး ဒီဇင်ဘာလ တက်ရောက်ရမည် ဖြစ်ပါသည်။

သူနာပြုဒီပလိုမာ ပညာသင်ဆုလျှောက်ထားလိုသူများအနေဖြင့် အသေးစိတ်သိရှိလိုပါက www.tksstkss.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: kumurda journal

International Read 3405 times