ဘွဲ့ရပြီးသူများ လျှောက်ထားနိုင်သည့် သံတမန်ရေးရာကျွမ်းကျင်မှုသင်တန်း

နိုင်ငံခြားရေးဝန်ကြီးဌာန (ရန်ကုန်) တွင် သံတမန်ရေးရာကျွမ်းကျင်မှု အခြေခံသင်တန်းကို (၁၂) ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပါသဖြင့် သံတမန်ရေးရာကိစ္စရပ်များနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များကို လေ့လာလိုသောသူများ လျှောက်ထားနိုင်သည်။

Basic Diplomatic Skills - BDS သည် Certificate Course ဖြစ်ပြီး သတ်မှတ်အရည်အချင်းအရ ပြည်တွင်း/ပြည်ပ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများသာ လျှောက်ထားနိုင်သည်။

သင်တန်းကာလမှာ (၂၈-၄-၂၀၂၅) မှ (၁၈-၇-၂၀၂၅) ရက်အထိ (၁၂) ပတ် ကြာမြင့်မည်ဖြစ်ပြီး တစ်ပတ်ကို တနင်္လာမှ သောကြာနေ့အထိ (၅) ရက် တက်ရောက်ရပါမည်။ သင်တန်းကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရန်ကုန်တွင် နံနက် (၇) နာရီမှ (၉) နာရီအထိ သွားရောက်တက်ရမည်ဖြစ်သည်။

သင်တန်းတက်ရောက်လိုသောသူများသည် (၁၇-၃-၂၀၂၅) မှ (၂၈.၃.၂၀၂၅) အထိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရန်ကုန်တွင် နံနက် (၁၀) နာရီမှ ညနေ (၄) နာရီအတွင်း လျှောက်လွှာထုတ်ယူနိုင်ပါသည်။ 

လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ -

  • ပတ်စ်ပို့အရွယ်ဓာတ်ပုံ (၃) ပုံ
  • ဘွဲ့လက်မှတ် (မူရင်း၊ မိတ္တူ)
  • နိုင်ငံသားစိစစ်ရေးကတ်ပြား (မူရင်း၊ မိတ္တူ)
  • နိုင်ငံ့ဝန်ထမ်းအနေဖြင့် သက်ဆိုင်ရာဌာနမှ ဌာနဆိုင်ရာ ခွင့်ပြုချက် (မူရင်း)
  • ပြင်ပပုဂ္ဂိုလ်များအနေဖြင့် ရပ်ကွက်နှင့် ရဲစခန်းထောက်ခံစာ

သင်တန်းတွင် သင်ကြားရမည့် ဘာသာရပ်များ

  • သံတမန်ရေးရာဘာသာရပ်များ
  • နိုင်ငံတကာဆက်ဆံရေးဘာသာရပ်များ
  • နိုင်ငံတကာဥပဒေဆိုင်ရာ ဘာသာရပ်များ
  • စီးပွားရေးဆိုင်ရာ ဘာသာရပ်များ
  • အထွေထွေဗဟုသုတဆိုင်ရာ ဘာသာရပ်များ 

သင်ကြားပေးမည့် ဆရာ/ဆရာမများ

  • အငြိမ်းစားသံအမတ်ကြီးများ
  • ဝါရင့်သံတမန်များ
  • နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ
  • ဝန်ကြီးဌာနအသီးသီမှ တာဝန်ရှိသူများ
  • ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ
  • တက္ကသိုလ်များမှ ပါမောက္ခဆရာကြီး/ဆရာမကြီးများမှ စာတွ့၊ လက်တွေ့ သင်ကြားပို့ချမည်ဖြစ်သည်။

သင်တန်းနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက ၀၁-၂၂၁၅၃၇ ဖုန်းနံပါတ်သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်သည်။

=======================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP


  

Latest Post Vocational Read 387 times