အလယ်တန်းနဲ့ အထက်တန်းအဆင့် ပညာသင်ဆုစာမေးပွဲ မတ်လ ၃၀ ရက်နေ့ ကျင်းပမည်

အလယ်တန်းနဲ့ အထက်တန်းအဆင့် ပညာသင်ဆုစာမေးပွဲ မတ်လ ၃၀ ရက်နေ့ ကျင်းပမည်

ကျောင်းတစ်ကျောင်းစီမှာ အထူးချွန်ဆုံး ကျောင်းသားတစ်ဦးစီ ရွေးမှာဖြစ်ပြီး အလယ်တန်းအဆင့်အတွက် ရှစ်တန်းဖြေထားတဲ့ ကလေးများဖြစ်ပါတယ်။

အလယ်တန်းပညာသင်ဆုရရှိတဲ့ ပဉ္စမတန်းကနေ အဌမတန်းအထိ ကျောင်းသား၊ ကျောင်းသူများကို နှစ်စဉ် ဇွန်လမှ မတ်လ အထိ တစ်လကို ကျပ် ၂၀,၀၀၀ နှုန်း ဖြင့် လေးနှစ်ကြာ ပေးအပ်မှာ ဖြစ်ပါတယ်။

အထက်တန်းပညာသင်ဆု ရရှိတဲ့ န၀မတန်းကနေ ဒသမတန်းအထိ ကျောင်းသား၊ ကျောင်းသူများကို နှစ်စဉ် ဇွန်လမှ မတ်လအထိ တစ်လလျှင် ကျပ် ၃၀,၀၀၀ နှုန်းနဲ့ နှစ်နှစ်ကြာ ပေးအပ်မှာ ဖြစ်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာသင်ဆုရရှိပြီးတဲ့အချိန်ကစပြီး အတန်းစဉ်အလိုက် အခန်းဆုံး စစ်ဆေးမှုတွေမှာ ဘာသာရပ် အားလုံး အောင်မြင်ရမှာဖြစ်ပြီး အင်္ဂလိပ်စာနဲ့ သင်္ချာဘာသာရပ်များမှာ စုစုပေါင်း ရမှတ် ၆၀ ရာခိုင်နှုန်းနဲ့အထက် ရရှိရမှာ ဖြစ်ပါတယ်။

ထိုဘာသာရပ်၂ခုမှာ ပညာသင်နှစ်တစ်နှစ်အတွင်း ရမှတ် ၆၀ ရာခိုင်းနှုန်းအောက် ၂ ကြိမ် ကျဆင်းပါက ပညာတော်သင်ဆုပေးအပ်တာကို ရပ်ဆိုင်းမှာဖြစ်ပါတယ်။

ကျောင်းစည်းကမ်းဖောက်ဖျက်တာ၊ ရပ်ရွာစည်းကမ်းနဲ့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မတစ်ခုခုကို ဖောက်ဖျက်ကျူးလွတ်တာ၊ ကျောင်းခေါ်ချိန်ပြည့်အောင် မတက်ရောက်နိုင်တာတွေကို စစ်ဆေးတွေ့ရှိပါကလည်း ပညာတော်သင်ဆုကို ရပ်ဆိုင်းမှာ ဖြစ်ပါတယ်။

ကျောင်းအဆင့်အလိုက် စတုတ္ထတန်းနဲ့ အဌမတန်း ကျောင်းသား၊ ကျောင်းသူတစ်ဦးစီကို ရွေးချယ်ပြီး မြို့နယ်အဆင့် စာမေးပွဲကို ၀င်ရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ အခြေခံပညာကျောင်းတွေ အားလုံးပါဝင်ပြီး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေနဲ့ နှစ်နှစ်ခွင့်ပြုထားတဲ့ ပုဂ္ဂလိကကျောင်းတွေက ကျောင်းသား၊ ကျောင်းသူများလည်း ပါဝင်ဖြေဆိုနိုင်ပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာအရ ရွေးချယ်ပေးအပ်မယ့် ကျောင်းသား၊ ကျောင်းသူ ဦးရေကို အတိအကျ မသတ်မှတ်ထားသေးဘဲ မြို့နယ်နဲ့ မြို့နယ်ခွဲတွေက ဖြေဆိုတဲ့ ဦးရေပေါ်မူတည်ပြီး သတ်မှတ်တာ ဖြစ်ပါတယ်။

ပညာသင်ဆုစာမေးပွဲကို ၀င်ရောက်ဖြေဆိုတဲ့ ကျောင်းသား၊ ကျောင်းသူများထဲမှာ လူစားထိုးဖြေဆိုမှု၊ မမှန်မကန်ဆောင်ရွက်မှု၊ မှားယွင်းမှု၊ အလွဲသုံးစားမှုတွေ ဖြစ်ပေါ်လာပါက ထိရောက်စွာ စစ်ဆေးအရေးယူမည် ဖြစ်ပါတယ်။

ထိုပညာသင်ဆိုကု နှစ်စဉ်ပေးအပ်တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှာလည်း အထက်တန်းအဆင့် ၄၆ ဦးနဲ့ အလယ်တန်းအဆင့် ၁၂၁ ဦး ရွေးချယ်ပေးအပ်ခဲ့ခြင်း ဖြစ်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: kumudra journal

Local Read 2709 times