Microsoft က အင်ဒိုနီးရှား ဆရာဆရာများအတွက် Gurulympics 2020 စတင်

အင်ဒိုနီးရှား၏အင်ဒိုနီးရှားဆရာများအသင်း (Persatuan Guru Republik Indonesia - PGRI) နှင့် မိုက်ကရိုဆော့ဖ် ကုမ္ပဏီ တို့ သည် အောက်တိုဘာလ ၇ ရက်နေ့က နည်းပြဆရာသင်တန်းများတီထွင်ခြင်း the Innovative Teacher Training of Trainers (TOT) ပရိုဂရမ်၏ ကျောင်းဆင်းပွဲ အခမ်းအနားတွင် Gurulympics 2020 အစီအစဉ်ကို စတင်မိတ်ဆက်ခဲ့သည်။

ထိုအခမ်းအနားတွင် အဖွဲ့၏ ၇၅ နှစ်မြာက် အထိမ်းအမှတ်ကို ကျင်းပခဲ့သည့် အပြင် နိုင်ငံ၏ ဆရာများနေ့ ကိုလည်း အသီးသီးကျင်းပခဲ့သည်။

Gurulympics 2020 ဆိုသည်မှာ ပြောင်းလဲလာမည့် နည်းပညာများကို အသုံးပြုကာ အင်ဒိုနီးရှားနိုင်ငံရှိ ဆရာများ၏ အရည်အချင်းတိုးတက်စေရန်နှင့် နိုင်ငံ၏ ပညာရေး အရည်အသွေး အားလုံးတိုးတက်စေရန် အတွက် ရည်ရွယ်ထားသည့် ToT ပရိုဂရမ် တစ်ခုဖြစ်သည်။

COVID- 19 ကပ်ရောဂါသည် နိုင်ငံ၏စီးပွားရေး နှင့် လူမှုရေး ကဏ္ဍများကို ထိခိုက်နစ်နာမှုများ ဖြစ်စေသည့် အပြင် ပညာရေး ကဏ္ဍ အပေါ်သို့လည်း သက်ရောက်မှု ပြင်းထန်လျက်ရှိသည်။

အင်ဒိုနီးရှား အစိုးရ မှ Coronavirus အရးပေါ်အခြေအနေကို ကြေငြာပြီးနောက်တွင် လူချင်းတွေ့ဆုံကာ မျက်နှာချင်းဆိုင်သင်ကြားရသည့် ကျောင်းသင်ခန်းစာများကို မတ်လ ၁၆ , ၂၀၂၀ မှစ၍ ပိတ်ထားခဲ့ရာ ယနေ့အထိ ဖြစ်ပါသည်။ ဒ

ါကြောင့် ကျောင်းသားများသည် အွန်လိုင်း ဖြင့် ဖြစ်စေ တီဗီများဖြင့် ဖြစ်စေ သင်ကြားရသည့် အ‌ဝေးမှ သင်ကြားရသော နည်းများဖြင့် သင်နေရသည်မှာ ရက်ပေါင်း ၂၀၀ ခန့်ရှိပြီ ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ အင်ဒိုနီးရှား နိုင်ငံအနေဖြင့် ကူးစက်ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်းပညာရေးဆိုင်ရာလုပ်ဆောင်မှုများကိုအကောင်အထည်ဖော်ရာတွင်နည်းပညာ၏အခန်းကဏ္ဍသည် မည်မျှ အရေးပါကြောင်း မျက်မြင်တွေ့ရှိခဲ့ကြပြီး ဖြစ်သည်။

TOT အစီအစဉ်သည်မိုက်ခရိုဆော့ဖ်နှင့် PGRI အကြားသင်ကြားရေးအသိုင်းအဝိုင်းကိုမြှင့်တင်ရန်ရည်ရွယ်သည့်ပူးတွဲလုပ်ဆောင်မှုတစ်ခုဖြစ်ပါသည်။

ယခု ပရိုဂရမ်သည် ဇွန်လ အစောပိုင်းတွင် ဆရာပေါင်း ၆,၉၈၅ ဦး နှင့် စတင်ခဲ့ပြီး ပြည်နယ် ၃၄ ခုမှ အပါအဝင် နိုင်ငံပေါင်း ၁၃နိုင်ငံရှိ သူငယ်တန်းမှ အဆင့်မြင့် ပညာရေး အထိ ဆရာပေါင်း တစ်သိန်းကျော် အထိ တိုးချဲ့ပါဝင် လာကြပြီဖြစ်ပါသည်။

အင်ဒိုနီရှား နိုင်ငံ အောင်မြင် တိုးတက်ရန် လှုပ်ရှားမှုများသည် မိုက်ခရိုဆော့ဖ်၏ မစ်ရှင်နှင့် အတူတူပင် ဖြစ်သည်။ ကုမ္ပဏီ ဖက်မှလည်း နည်းပညာများ အသုံးပြုကာ အိုးသားပညာရေး စနစ်ကို တိုးတက်အောင် ဆောင်ရွက်သွားမည် ဟု ကတိပြုထားသည်။

“ယခုလို အပြောင်းအလဲ ကာလတွင် ပညာရေး ကဏ္ဍ ‌ရှေ့ရောက် အောင် နည်းပညာများ အသုံးပြုခြင်း၊ ကျွမ်းကျင်ပညာရှင် များ ပမာဏတိုးပွားခြင်း သည် လွန်စွာ အရေးကြီးသည်” ဟု အင်ဒိုနီးရှားနိုင်ငံ၏ မိုက်ခရိုဆော့ဖ် ကုမ္ပဏီ မှ ဒါရိုက်တာ Haris Izmee မှ ပြောကြားထားသည်။

ဆက်လက်၍ ၎င်းမှ ယခုအစီအစဉ် မှတဆင့် ပညာရေးကဏ္ဍကို နည်းပညာအရွေ့ဖြင့် နိုင်ငံ၏ စွမ်းရည် ပိုမို တိုးတက်လာစေရန်အတွက် မိုက်ခရိုဆော့ဖ်၏ ပံ့ပိုးမှုသည် တစ်စိတ်တစ်ပိုင်းအကူအညီ ဖြစ်စေမည်ဟု မျှော် လင့်နေကြောင်းဖော်ပြထားသည်။

TOT ပရိုဂရမ်တွင် ပါဝင်သူ တစ်ဦးဖြစ်သည့် Mr. Kamaludding, S.Pd သည် တောင်ပိုင်း Sulawesi ရှိ Bone Regency မှ အငယ်တန်း အထက်တန်း ကျောင်းဆရာ တစ်ဦး ဖြစ်ပါသည်။ သူတွေ့ကြုံနေရသည့် အခက်အခဲများမှာ မကြာခဏ ပြတ်တောက်လေ့ရှိသော အင်တာနက်ဆက် သွယ်မှုများကြောင့် သင်ခန်းစာများ နှောင့်နှေးလျက်ရှိရာ ထိုပြသနာကို ဖြေရှင်းနိုင်ရန် TOT ပရိုဂရမ်တွင် ပါဝင်ခဲ့ခြင်း ဖြစ်သည်။

“TOT ပရိုဂရမ်မှတဆင့် Microsoft 365 အက်ပလီကေးရှင်းအကြောင်း ကို သိရှိခွင့် ရသည့် အပြင် အွန်လိုင်းမှတဆင့် အခြားသောဆရာများနှင့် ခင်မင်ရင်းနှီးခွင့်ရကာ သင်ကြားခြင်းနှင့် ဆိုင်သည့် အတွေ့အကြုံတွေ၊ နည်းလမ်းတွေ နှင့် အိုင်ဒီယာများ ကိုဖလှယ်ခွင့်ရခဲ့တယ်၊ ဒါဟာ ကျွန်တော့် အတွက်သာမက ကျွန်တော့်ကျောင်းသားများအတွက် ပါ များစွာ တန်ဖိုး ရှိပါတယ်။ ကျွန်တော်သင်ရတဲ့ အခန်းထဲက ကလေးတွေဆို အခုဆို အွန်လိုင်းပေါ်တွင် ပိုပြီး တက်တက်ကြွကြွ ရှိလာကြတယ်၊ နောက်ပြီး မိုက်ခရိုဆော့ဖ် ၏ နည်းပညာကို အသုံးပြုပြီးနောက်ပိုင်း ကျွန်တော်လုပ်ရမည့် အလုပ်ကိစ္စတွေ လွယ်လွယ်ကူကူနှင့် ဆောင်ရွက် လာနိုင်တယ်” ဟု Mr. Kamaludding မှ ဆိုထားသေးသည်။

“ဒီလေ့ကျင့်မှုခံယူပြီးတဲ့ဆရာ၊ ဆရာမတွေကနောက်ဆုံးမှာ အင်ဒိုနီးရှားတစ်နိုင်ငံလုံးကို နည်းပညာ အရွေ့နှင့် ပတ်သက်၍ လှုံ့ဆော်မှုပေးနိုင်ကာ လမ်းညွှန်မှုများပေးနိုင်မည့် သူများ ဖြစ်လာနိုင်တယ် “ ဟု TOT ပရိုဂရမ်၏ ကျောင်းအုပ် နှင့် မာစတာ ထရိန်နာ ဖြစ်သူ Syamsul Rijal မှ ပြောထားပါသည်။

ပညာရေး ကဏ္ဍ တိုးတက်နိုင်ရေးအတွက် နည်းပညာကို အသုံးပြုသည့် ဒီဂျစ်တယ် အသွင်ပြောင်းမှုသည် နိုင်ငံတာ် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ် (Nawa Cita)နှင့်အတူ ပညာရေးတွင် ဦးစားပေး ဆောင်ရွက်လျက်ရှိသည်။ “Gurulympics နှငိ့ TOT အစီအစဉ်သည် အင်ဒိုနီးရှားတွင် ရှိသော ကျောင်းသားများနှင့် ဆရာများ၏ တီထွင်ဖန်တီးမှု တွေကို အထောက်အကူဖြစ်စေပါတယ်။ မိုက်ခရိုဆာ့ဖ်နှင့်အတူ တွဲဖက်၍ နိုင်ငံ၏ ပညာရေးတိုးတက်စေရန် အဆင့်မီ နည်းပညာများကို အသုံး ပြုရခြင်းအတွက် ဂုဏ်ယူမိပါတယ်။ ကျွန်တော် တို့ဟာ ကျွန်တ်ေတို့ရဲ့ မျိုးဆက်သစ်ကလေးငယ်များကို သူတို့၏ လက် ချောင်း ထိပ်မှ တစ်ဆင့် နောက်ဆုံးပေါ် နည်းပညာနှင့် ဗဟုသုတများကို သိရှိနိုင်စေရန် လုပ်ပေးချင်ပါတယ်” ဟု အင်ဒိုနီးရှားဆရာများအစည်းအရုံးဥက္ကဋ္ဌ ပါမောက္ခ Dr. Unifah Rosyidi, M.Pd မှ ဆိုထားပါသည်။

Haris Izmee မှလည်း “အင်ဒိုနီးရှားရှိဆရာများအတွက် ပညာရေးနှင့်လေ့ကျင့်ရေးအစီအစဉ်များတွင် ပါဝင်နိုင်ရန် မိုက်ခရိုဆော့ဖ်မှ စီစဉ်နေပြီး ထိုအစီအစဉ်များသည် ဆရာများအတွက်သာမက ကျောင်းသားများအတွက် ပိုမို ကောင်းမွန်သော နေ့ရက်များကို ဖော်ဆောင် ပေးနိုင်မည်ဟု ယုံကြည်သောကြောင့် ဖြစ်သည်” ဟု ပြောပါသည်။

By Myanmar Education Guide - EDGE 

Ref: Microsoft Indonesia News Center 

Latest Post News Read 455 times