ဆေးတက္ကသိုလ်များ၏ ဘက်စုံအဆင့်မြင့်တိုးတက်ရေးအတွက် ပြည်ပတက္ကသိုလ် (၁၅) ခုနှင့်ချိတ်ဆက်လုပ်ဆောင်နေ

ႏိုင္ငံအတြင္းရွိေဆးတကၠသိုလ္မ်ား၏ ဘက္စံုအဆင့္ျမင့္မားတိုးတက္ေရး၊ ဆရာ၊ ဆရာမမ်ား၏ အရည္အေသြးပိုမိုျမင့္မားေရးႏွင့္ သုေတသနလုပ္ငန္းမ်ားကို ပူးေပါင္းေဆာင္ရြက္ရန္ ျပည္ပတကၠသိုလ္ (၁၅) ခုႏွင့္ ခ်ိတ္ဆက္လုပ္ေဆာင္လ်က္ရွိေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ၾကီးဌာနမွသိရသည္။

"ျမန္မာႏိုင္ငံအတြင္းမွာရွိတဲ့ ေဆးတကၠသိုလ္ေတရဲ႕အဆင့္ျမင့္မားေရးနဲ႔ သုေတသနလုပ္ငန္းေတြ ပူးေပါင္းေဆာင္ရြက္ဖို႔အတြက္ ျပည္ပတကၠသိုလ္ (၁၅) ခုနဲ႔ခ်ိတ္ဆက္ေဆာင္ရြက္ေနပါတယ္။ UK မွာရွိတဲ့ ေတာ္ဝင္ေကာလိပ္ေတြနဲ႔ခ်ိတ္ဆက္ၿပီး MRCP, MRCPCH, MRCOG, MRCS စာေမးပဲြေတြကို ျမန္မာႏိုင္ငံမွာပူးေပါင္းစစ္ေဆးတဲ့အခါတြင္လည္း ျမန္မာႏိုင္ငံကဆရာဝန္ေတြရဲ႕ေအာင္ခ်က္က အလြန္ေကာင္းမြန္ေနတာကိုေတြ႔ရပါတယ္။ ဒါေတြအျပင္ဝန္ၾကီးဌာနက ဆရာဝန္ၾကီးေတြ၊ ႏိုင္ငံတကာတကၠသိုလ္ၾကီးေတြက ဆရာဝန္ၾကီးေတြနဲ႔ပူးေပါင္းၿပီး ႏွလံုး၊ အစာအိမ္အူလမ္းေၾကာင္း၊ ဦးေခါင္းလည္ပင္း၊ အသည္းေက်ာက္ကပ္အစားထိုးကုသျခင္းစတဲ့ ခဲြစိတ္ကုသမႈေတြ၊ အထူးၾကပ္မတ္ကုသမႈေတြ၊ ေမ့ေဆးနဲ႔ကင္ဆာကုသမႈဆိုင္ရာစတဲ့ ေဆးပညာဘာသာရပ္ဆိုင္ရာ (၁၇) ခုမွာလည္းအၾကိမ္ေရ (၂၀၀) အထက္ပူးေပါင္းလုပ္ေဆာင္ခဲ့ၿပီးပါၿပီ။ ဆက္လက္ၿပီးလည္းပိုမိုပူးေပါင္းေဆာင္ရြက္သြားဖို႔ ေဆာင္ရြက္ေနပါတယ္" ဟု က်န္းမာေရးႏွင့္အားကစားဝန္ၾကီးဌာန ျပည္ေထာင္စုဝန္ၾကီးေဒါက္တာျမင့္ေထြးကေျပာၾကားသည္။

လက္ရွိနားလည္မႈစာခြ်န္လႊာမ်ားျဖင့္ ပူးေပါင္းေဆာင္ရြက္မႈအေနျဖင့္ ေဆးတကၠသိုလ္ (၁) တြင္ (၁၀) ခု၊ ေဆးတကၠသိုလ္ (၂) တြင္ (၁၃) ခု၊ ေဆးတကၠသိုလ္ မေကြးတြင္ (၄) ခု၊ ေဆးတကၠသိုလ္ မႏၱေလးတြင္ (၁၁) ခုႏွင့္ေဆးတကၠသိုလ္ ေတာင္ၾကီးတြင္ တစ္ခုရွိၿပီး ျပည္ပတကၠသိုလ္ (၁၅) ခုႏွင့္ ခ်ိတ္ဆက္ပူးေပါင္းေဆာင္ရြက္လ်က္ရွိေၾကာင္းသိရသည္။

ေဆးတကၠသိုလ္မ်ားတြင္လာမည့္ (၂၀၂၀) ျပည့္ႏွစ္ပညာသင္ႏွစ္မွစကာ ႏိုင္ငံတကာအဆင့္မီေမွ်ာ္မွန္းရလဒ္အေျခခံေသာစုစည္းခ်ိတ္ဆက္သင္ၾကားျခင္း၊ သင္ရိုးညႊန္းတမ္းအသံုးျပဳသင္ၾကားရန္စီစဥ္ေနၿပီး ၂၀၁၇-၂၀၁၈ ပညာသင္ႏွစ္ႏွင့္ (၂၀၁၈) ခုႏွစ္ဒီဇင္ဘာတြင္ စတင္တက္ေရာက္ခဲ့သည့္ ေဆးတကၠသိုလ္ပထမႏွစ္သင္တန္းမ်ာ၊ လက္ရွိေဆးတကၠသိုလ္ ဒုတိယႏွစ္သင္တန္းမ်ားတြင္ သင္ရိုးညႊန္းတမ္းကို ကနဦး Pilot Study ပံုစံျဖင့္ေဆာင္ရြက္ေနေၾကာင္း၊ သင္ရိုးညႊန္းတမ္းေပၚေပါက္ေရးဗဟိုေကာ္မတီမွသိရသည္။

"ေဆးတကၠသိုလ္မ်ားတြင္ ေမွ်ာ္မွန္းရလဒ္အေျခခံေသာစုစည္းခ်ိတ္ဆက္သင္ၾကားျခင္း၊ သင္ရိုးညႊန္းတမ္းနဲ႔ သင္ၾကားေလ့က်င့္ႏိုင္ဖို႔အတြက္ (၂၀၁၆) ခုႏွစ္ကတည္းက ေကာ္မတီကိုဘာသာရပ္အသီးသီးက ပါေမာကၡေတြ၊ အၿငိမ္းစားပညာရွင္ေတြပါဝင္ဖဲြ႔စည္းခဲ့ပါတယ္။ ႏိုင္ငံတကာေဆးတကၠသိုလ္ (၆) ခုမွာ သင္ၾကားသင္ယူေနတဲ့ပံုစံေတြကို ေလ့လာၿပီး Johns Hopkins University ကပညာရွင္ေတြနဲ႔ပူးေပါင္းၿပီး ျမန္မာႏိုင္ငံရဲ႕အေျခအေနအရပ္ရပ္နဲ႔ ကိုက္ညီေစမယ့္သင္ရိုးညႊန္းတမ္းကို ျပင္ဆင္ေရးဆဲြထားပါတယ္" ဟု ေမွ်ာ္မွန္းရလဒ္အေျခခံေသာ စုစည္းခ်ိတ္ဆက္သင္ၾကားျခင္း၊ သင္ရိုးညႊန္းတမ္းေပၚေပါက္ေရး ဗဟိုေကာ္မတီဥကၠဌ ပါေမာကၡေဒါက္တာေအးေမာင္ဟန္ကေျပာသည္။

လက္ရွိေဆးတကၠသိုလ္မ်ား၏သင္ရိုးညႊန္းတမ္းကို Integrated Curriculum ျဖင့္ သင္ၾကားႏိုင္ေရး ျပင္ဆင္ေရးဆဲြေနၿပီး လာမည့္ (၂၀၁၉-၂၀၂၀) ပညာသင္ႏွစ္တြင္ ဖြင့္လွစ္မည့္ သင္တန္းမ်ားမွစ၍သင္ၾကားပို႔ခ်မည္ျဖစ္ေၾကာင္းသိရသည္။

ဝန္ၾကီးဌာနရွိေဆးတကၠသိုလ္အသီးသီးမွ (၂၀၁၆) ခုႏွစ္မွ လက္ရွိအထိ ေဆးလက္ေတြ႔ပညာဘာသာရပ္ (၃၂) မ်ိဳးမွ ေဆးပညာမဟာသိပၸံဘဲြ႔ရ (၉၆၃) ဦးေမြးထုတ္ေပးႏိုင္ခဲ့ၿပီး ယခုလက္ရွိတြင္ ေဆးလက္ေတြ႔ပညာဘာသာရပ္ (၃၂) မ်ိဳးမွ ေဆးပညာမဟာသိပၸံပထမႏွစ္၊ ဒုတိယႏွစ္ႏွင့္ တတိယႏွစ္သင္တန္းမ်ားတြင္ (၂၅၁၇) ဦး၊ ေဆးလက္ေတြ႔အေျခခံပညာရပ္ရွစ္မ်ိဳးပါရဂူဘဲြ႔သင္တန္းမ်ားတြင္ (၁၀၂) ဦးႏွင့္ ေဆးလက္ေတြ႔ပညာရပ္ (၃၅) မ်ိဳး၏ ပါရဂူဘဲြ႔သင္တန္းမ်ားတြင္ (၅၃၄) ဦးအား ေလ့က်င့္သင္ၾကားေပးလ်က္ရွိေၾကာင္းလည္း သိရသည္။

Source: Daily Eleven

 

**Unicode**

နိုင်ငံအတွင်းရှိဆေးတက္ကသိုလ်များ၏ ဘက်စုံအဆင့်မြင့်မားတိုးတက်ရေး၊ ဆရာ၊ ဆရာမများ၏ အရည်အသွေးပိုမိုမြင့်မားရေးနှင့် သုတေသနလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ရန် ပြည်ပတက္ကသိုလ် (၁၅) ခုနှင့် ချိတ်ဆက်လုပ်ဆောင်လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှသိရသည်။

"မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ဆေးတက္ကသိုလ်တေရဲ့အဆင့်မြင့်မားရေးနဲ့ သုတေသနလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ပြည်ပတက္ကသိုလ် (၁၅) ခုနဲ့ချိတ်ဆက်ဆောင်ရွက်နေပါတယ်။ UK မှာရှိတဲ့ တော်ဝင်ကောလိပ်တွေနဲ့ချိတ်ဆက်ပြီး MRCP, MRCPCH, MRCOG, MRCS စာမေးပွဲတွေကို မြန်မာနိုင်ငံမှာပူးပေါင်းစစ်ဆေးတဲ့အခါတွင်လည်း မြန်မာနိုင်ငံကဆရာဝန်တွေရဲ့အောင်ချက်က အလွန်ကောင်းမွန်နေတာကိုတွေ့ရပါတယ်။ ဒါတွေအပြင်ဝန်ကြီးဌာနက ဆရာဝန်ကြီးတွေ၊ နိုင်ငံတကာတက္ကသိုလ်ကြီးတွေက ဆရာဝန်ကြီးတွေနဲ့ပူးပေါင်းပြီး နှလုံး၊ အစာအိမ်အူလမ်းကြောင်း၊ ဦးခေါင်းလည်ပင်း၊ အသည်းကျောက်ကပ်အစားထိုးကုသခြင်းစတဲ့ ခွဲစိတ်ကုသမှုတွေ၊ အထူးကြပ်မတ်ကုသမှုတွေ၊ မေ့ဆေးနဲ့ကင်ဆာကုသမှုဆိုင်ရာစတဲ့ ဆေးပညာဘာသာရပ်ဆိုင်ရာ (၁၇) ခုမှာလည်းအကြိမ်ရေ (၂၀၀) အထက်ပူးပေါင်းလုပ်ဆောင်ခဲ့ပြီးပါပြီ။ ဆက်လက်ပြီးလည်းပိုမိုပူးပေါင်းဆောင်ရွက်သွားဖို့ ဆောင်ရွက်နေပါတယ်" ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးကပြောကြားသည်။

လက်ရှိနားလည်မှုစာချွန်လွှာများဖြင့် ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ဆေးတက္ကသိုလ် (၁) တွင် (၁၀) ခု၊ ဆေးတက္ကသိုလ် (၂) တွင် (၁၃) ခု၊ ဆေးတက္ကသိုလ် မကွေးတွင် (၄) ခု၊ ဆေးတက္ကသိုလ် မန္တလေးတွင် (၁၁) ခုနှင့်ဆေးတက္ကသိုလ် တောင်ကြီးတွင် တစ်ခုရှိပြီး ပြည်ပတက္ကသိုလ် (၁၅) ခုနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဆေးတက္ကသိုလ်များတွင်လာမည့် (၂၀၂၀) ပြည့်နှစ်ပညာသင်နှစ်မှစကာ နိုင်ငံတကာအဆင့်မီမျှော်မှန်းရလဒ်အခြေခံသောစုစည်းချိတ်ဆက်သင်ကြားခြင်း၊ သင်ရိုးညွှန်းတမ်းအသုံးပြုသင်ကြားရန်စီစဉ်နေပြီး ၂၀၁၇-၂၀၁၈ ပညာသင်နှစ်နှင့် (၂၀၁၈) ခုနှစ်ဒီဇင်ဘာတွင် စတင်တက်ရောက်ခဲ့သည့် ဆေးတက္ကသိုလ်ပထမနှစ်သင်တန်းမျာ၊ လက်ရှိဆေးတက္ကသိုလ် ဒုတိယနှစ်သင်တန်းများတွင် သင်ရိုးညွှန်းတမ်းကို ကနဦး Pilot Study ပုံစံဖြင့်ဆောင်ရွက်နေကြောင်း၊ သင်ရိုးညွှန်းတမ်းပေါ်ပေါက်ရေးဗဟိုကော်မတီမှသိရသည်။

"ဆေးတက္ကသိုလ်များတွင် မျှော်မှန်းရလဒ်အခြေခံသောစုစည်းချိတ်ဆက်သင်ကြားခြင်း၊ သင်ရိုးညွှန်းတမ်းနဲ့ သင်ကြားလေ့ကျင့်နိုင်ဖို့အတွက် (၂၀၁၆) ခုနှစ်ကတည်းက ကော်မတီကိုဘာသာရပ်အသီးသီးက ပါမောက္ခတွေ၊ အငြိမ်းစားပညာရှင်တွေပါဝင်ဖွဲ့စည်းခဲ့ပါတယ်။ နိုင်ငံတကာဆေးတက္ကသိုလ် (၆) ခုမှာ သင်ကြားသင်ယူနေတဲ့ပုံစံတွေကို လေ့လာပြီး Johns Hopkins University ကပညာရှင်တွေနဲ့ပူးပေါင်းပြီး မြန်မာနိုင်ငံရဲ့အခြေအနေအရပ်ရပ်နဲ့ ကိုက်ညီစေမယ့်သင်ရိုးညွှန်းတမ်းကို ပြင်ဆင်ရေးဆွဲထားပါတယ်" ဟု မျှော်မှန်းရလဒ်အခြေခံသော စုစည်းချိတ်ဆက်သင်ကြားခြင်း၊ သင်ရိုးညွှန်းတမ်းပေါ်ပေါက်ရေး ဗဟိုကော်မတီဥက္ကဌ ပါမောက္ခဒေါက်တာအေးမောင်ဟန်ကပြောသည်။

လက်ရှိဆေးတက္ကသိုလ်များ၏သင်ရိုးညွှန်းတမ်းကို Integrated Curriculum ဖြင့် သင်ကြားနိုင်ရေး ပြင်ဆင်ရေးဆွဲနေပြီး လာမည့် (၂၀၁၉-၂၀၂၀) ပညာသင်နှစ်တွင် ဖွင့်လှစ်မည့် သင်တန်းများမှစ၍သင်ကြားပို့ချမည်ဖြစ်ကြောင်းသိရသည်။

ဝန်ကြီးဌာနရှိဆေးတက္ကသိုလ်အသီးသီးမှ (၂၀၁၆) ခုနှစ်မှ လက်ရှိအထိ ဆေးလက်တွေ့ပညာဘာသာရပ် (၃၂) မျိုးမှ ဆေးပညာမဟာသိပ္ပံဘွဲ့ရ (၉၆၃) ဦးမွေးထုတ်ပေးနိုင်ခဲ့ပြီး ယခုလက်ရှိတွင် ဆေးလက်တွေ့ပညာဘာသာရပ် (၃၂) မျိုးမှ ဆေးပညာမဟာသိပ္ပံပထမနှစ်၊ ဒုတိယနှစ်နှင့် တတိယနှစ်သင်တန်းများတွင် (၂၅၁၇) ဦး၊ ဆေးလက်တွေ့အခြေခံပညာရပ်ရှစ်မျိုးပါရဂူဘွဲ့သင်တန်းများတွင် (၁၀၂) ဦးနှင့် ဆေးလက်တွေ့ပညာရပ် (၃၅) မျိုး၏ ပါရဂူဘွဲ့သင်တန်းများတွင် (၅၃၄) ဦးအား လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်းလည်း သိရသည်။

Source: Daily Eleven

News Latest Post Read 585 times