MBA ဘွဲ့အတွက် ပြည်တွင်းရှိနာမည်အကြီးဆုံးကျောင်းများ
**Unicode**
စီမံခန့်ခွဲမှုရာထူးများ၊ ခေါင်းဆောင်မှုရာထူးများအတွက် လုပ်ငန်းခွင်တွင် MBA ဘွဲ့ရများကို ပို၍တောင်းဆိုလာခြင်းနှင့် MBA ဘွဲ့ရတစ်ယောက်သည် ရိုးရိုးဘွဲ့ရသူထက် အလုပ်အကိုင်အခွင့်အလမ်းများ၊ လစာများ ပိုကောင်းလေ့ရှိသောကြောင့် ပြည်ပတွင်သာမက မြန်မာနိုင်ငံတွင်လည်း MBA ဘွဲ့ကိုစိတ်ဝင်စားမှုရှိလာကြသည်။ ပုဂ္ဂလိကကျောင်း (၄၀) မှ ပြည်ပတက္ကသိုလ် (၃၈) ခုကိုချိတ်ဆက်၍ MBA ဘွဲ့များကိုပေးအပ်နေပါသည်။
မြန်မာပြည်တွင် ကမ္ဘာ့အဆင့် (၁၀၀၀) အထက်ရှိသော ပြည်ပတက္ကသိုလ်များနှင့် ချိတ်ဆက်ထားသော ပြည်တွင်း ပုဂ္ဂလိကကျောင်း (၃) ကျောင်းရှိသည်။ ၎င်းတို့မှာ Strategy First University၊ CKSM Global Education Centre နှင့် Kaplan Myanmar University College တို့ဖြစ်သည်။ ယခုအခါ ပြည်တွင်းတွင် MBA ဘွဲ့အတွက် နာမည်အကြီးဆုံးကျောင်းများမှာ Yangon University of Economic၊ Myanmar Imperial University နှင့် Strategy First University တို့ဖြစ်ကြသည်။ ယခုလက်ရှိတွင် MBA program ကို အစိုးရတက္ကသိုလ်၊ ပုဂ္ဂလိကတက္ကသိုလ်များတွင် သင်ကြားနိုင်ရုံသာမက အွန်လိုင်းမှလည်းသင်ကြားနိုင်ပါသည်။ 
MBA တက်ရောက်နိုင်ရန် ဝင်ခွင့်လိုအပ်ချက်များကို ယေဘုယျအားဖြင့် အဆင့် (၄) ဆင့်ပိုင်းခြားထားသည်။ ဝင်ခွင့်အတွက် ဘွဲ့တစ်ခုခုရရှိထားရန်လိုအပ်ပါသည်။ လုပ်သက်နှင့် အင်္ဂလိပ်စာတတ်မြောက်မှုရှိရမည်ဖြစ်ပြီးနောက်ဆုံးတွင် အင်တာဗျူးဖြေဆိုရမည်ဖြစ်သည်။ ပြည်တွင်းပုဂ္ဂလိကကျောင်းများသည် ချိတ်ဆက်ထားသည့် ပြည်ပတက္ကသိုလ်များအပေါ်မူတည်၍ ဝင်ခွင့်လိုအပ်ချက်များကွဲပြားသွားသည်။ 
သင်တန်းကာလမှာ ကျောင်းအများစုတွင် MBA Program တစ်ခုလုံးအတွက် (၁၆) လမှ (၁၈) လအတွင်းကြာမြင့်တက်သည်။ Thesis ပါဝင်သည်၊ မပါဝင်သည်နှင့် ၎င်းအတွက် ကြာမြင့်ချိန်ကို မူတည်၍သင်တန်းကာလလည်းကွဲပြားသွားသည်။ MBA ကျောင်းများ၏ အကဲဖြတ်စနစ်များသည် တွဲဖက်ထားသော နိုင်ငံခြားရှိ တက္ကသိုလ်များ၏ Assessment system များဖြင့်သာသက်ဆိုင်သည်။ ၎င်းတို့မှာ Assignment၊ Exam၊ Case Study၊ Group Project၊ Presentation နှင့် Discussion တို့ဖြစ်သည်။ ကျောင်းအများစုသည် အကဲဖြတ်ရာတွင် ဖော်ပြပါ နည်းလမ်း (၂) မျိုး၊ (၃) မျိုးကို ပေါင်းစပ်၍ အကဲဖြတ်လေ့ရှိကြောင်းတွေ့ရသည်။
**Zawgyi**
Latest Post News News Read 673 times