မြန်မာကျောင်းသား၊ ကျောင်းသူများအတွက် MBA ပညာသင်ဆု ချီးမြှင့်မည်

မြန်မာကျောင်းသား၊ ကျောင်းသူများအတွက် MBA ပညာသင်ဆု ချီးမြှင့်မည်

ငွေကြေးလိုအပ်ချက်များမှ ထူးချွန်သူကိုသာ ရွေးချယ်မည့် Need Based Scholarship အမျိုးအစား ဖြစ်သည်။

လျှောက်ထားလိုသူများသည်

၁. Why I believe an MBA is more valuable than a car for me?

၂. Why do you think you deserve the MBA scholarship offered by Strategy First? (Financial Reasons- အထောက်အထားဖြင့် တင်ပြရန်) စသည့် ခေါင်းစဉ် ၂ခုကို စာလုံးရေ (၇၀၀) စီ ရေးသား လျှောက်ထားရမည်။

ခေါင်းစဉ် (၁) သည် ဆန်ခါတင်ရွေးချယ်ခံရဖို့အတွက် (၆၀) ရာခိုင်နှုန်း နဲ့ ခေါင်းစဉ် (၂) သည် (၄၀) ရာခိုင်နှုန်း သက်ရောက်မှုရှိမှာ ဖြစ်ပါသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

သတ်မှတ်ချက်များ

၁. ဘွဲ့တစ်ခုခုရရှိထားပြီး လုပ်သက် အနည်းဆုံး (၃) နှစ် ရှိပါမည်။

၂. MBA ဘွဲ့ရထားပြီးသူများ မဖြစ်စေရ။

၃. အင်္ဂလိပ်စာကျွမ်းကျင်မှုရှိပြီး IELTS 6.0 အနည်းဆုံး ရရှိထားသူဖြစ်ရမည်။ IELTS မဖြေဆိုရသေးလျှင်လည်း ဆန်ခါတင် အရွေးခံရပါက ကျောင်းမှာ စစ်ဆေးပေးမည်ဖြစ်သည်။

ပေးပို့ရမည့် စာရွက်စာတမ်းများ

၁. Why I believe an MBA is more valuable than a car for me? နှင့် Why do you think you deserve the MBA scholarship offered by Strategy First? (စာလုံးရေ ၇၀၀)

၂. CV Form

၃. ဘွဲ့လက်မှတ်မိတ္တူနှင့် အခြား အထောက်အကူ ပြုနိုင်မည့် စာရွက်စာတမ်းများ

၎. ငွေကြေးလိုအပ်ချက်ရှိသည်မှာ မှန်ကန်ကြောင်း ထောက်ခံစာ (Salary Slip သို့မဟုတ် အထက်လူကြီးမှ ထောက်ခံစာ)

၅. ပေးပို့ရမည့် စာရွက်စာတမ်းများကို [email protected] သို့မဟုတ် လူကိုယ်တိုင်သော်လည်း ပေးပို့ရမည်။

ဆန်ခါတင် (၅) ဦးစာရင်းကို ၂၀၁၇ ခုနှစ်၊ ဇွန်လတွင် ကြေညာမည်ဖြစ်ပြီး ဇွန်လ ၄ ရက်နေ့တွင် ရွေးချယ်အဖွဲ့မှ ဆန်ခါတင် (၅) ဦးကို လူတွေ့စစ်ဆေးမည်ဖြစ်ပြီး ပညာသင်ဆုရရှိသူကို ဇွန် လ ၅ ရက်နေ့တွင် ကြေညာပေးမည် ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

လျှောက်ထားလိုသူများ၏ လိုအပ်ချက်များ

၁. မြန်မာနိုင်ငံသားဖြစ်ရမည်။

၂. ပညာသင်ဆုကို လုံးဝလွှဲပြောင်းခွင့်မရှိပါ။

၃. ငွေသားဖြင့် တစ်စိတ်တစ်ပိုင်းသော်လည်းကောင်း၊ အလုံးစုံသော်လည်းကောင်း လဲလှယ်ခွင့်မရှိပါ။ ငွေပြန်အမ်းခြင်းရှိမည် မဟုတ်ပါ။

၎. ပညာသင်ဆုကို Strategy First မှ MBA သင်တန်းအတွက်သာ အသုံးပြုနိုင်မည်ဖြစ်ပြီး အခြားသင်တန်းများတွင် အသုံးပြုခွင့်မရှိပါ။

၅. Stamford Signature MBA အတွက် သင်တန်းကြေးထပ်မံပေးသွင်းစရာမလိုတော့ဘဲ Edinburgh Business School MBA ကို ရွေးချယ်တက်ရောက်လိုပါက ကျန်ရှိသော သင်တန်းကြေးကို ထပ်မံပေးသွင်းရမည်။

၆. ပညာသင်ဆုရသူသည် ကျောင်းမှ သတ်မှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာပြီး စံပြ ကျောင်းသား၊ ကျောင်းသူအဖြစ် သတ်မှတ်ချိန်အတွင်း MBA ပြီးဆုံးအောင် တက်ရမည်ဖြစ်သည်။

၇. ဆန်ခါတင် (၅) ဦးကို နှစ်သက်ရာသင်တန်းများ တက်နိုင်ရန် ၅ သိန်းကျပ် တန်ဖိုးရှိ ပညာသင်ဆု တစ်ဆုစီ ချီးမြှင့်မည်ဖြစ်သည်။

ပညာသင်ဆု လျှောက်ထားလိုသူများသည် ၂၀၁၇ ခုနှစ်၊ မေလ (၂၄) ရက်နေ့ နောက်ဆုံးထား လျှောက်ထားရမည် ဖြစ်သည်။

Contact detail

09-450177770

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: internet journal

Local Read 2239 times