MBA ပညာသင်ဆု လျှောက်ထားနိုင်

MBA ပညာသင်ဆု လျှောက်ထားနိုင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် University of the Thai Chamber of Commerce (UTCC) တို့ ပူးပေါင်းဖွင့်လှစ်သော Master of Business Administration (Global MBA) သင်တန်း Batch-12 ကို (၁၅.၁၂.၂၀၁၈) ရက်နေ့တွင် Pre-study ဖြင့် စတင် ဖွင့်လှစ်မည်ဖြစ်ပါသည်။

အဆိုပါသင်တန်းတွင် ပညာသင်ဆုပေးအပ်မည့်အစီအစဉ်ရှိပါသဖြင့် အောက်ပါ သတ်မှတ်ချက်များ၊ လိုအပ်သည့်အရည်အချင်းများနှင့် ပြည့်စုံသူများ လျှောက်ထားနိုင်ပါသည်။

လျှောက်ထားနိုင်သည့်ပုဂ္ဂိုလ်များ

• ကုန်သည်စက်မှုအသင်းချုပ်၏ ဝန်ထမ်းများ

• ညီနောင်အသင်းများနှင့် ပြည်နယ်၊ တိုင်းဒေသကြီး၊ နယ်စပ်ကုန်သည်များမှ အမှုဆောင်များ(သို့) ဝန်ထမ်းများ

• ကုန်သည်စက်မှုအသင်းချုပ် အသင်းဝင်ကုမ္ပဏီများ၏ အဖွဲ့ဝင်များ(သို့) ဝန်ထမ်းများ

လိုအပ်သည့်အရည်အချင်းများ

မြန်မာနိုင်ငံသား၊ဘွဲ့တစ်ခုခုရရှိပြီး လုပ်သက်အနည်းဆုံး(၁)နှစ်ရှိသူ၊ TOFEL Scores 550 (သို့)အင်္ဂလိပ်စာကျွမ်းကျင်သူများ

လိုအပ်သည့်အထောက်အထားများ

ကိုယ်ရေးအချက်အလက်၊ပညာအရည်အချင်း အထောက်အထားများနှင့် လက်ရှိတာဝန်ထမ်းဆောင် နေသောအသင်း/ကုမ္ပဏီဝန်ထမ်း (သို့) အမှုဆောင် ဖြစ်ကြောင်း ထောက်ခံစာ အပြည့်အစုံဖြင့် ၅.၁၂.၂၀၁၈ (ဗုဒ္ဓဟူးနေ့) ရုံးချိန်အတွင်း နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်ပါသည်။

လျှောက်လွှာကို အသင်းချုပ် Website (သို့) HRD ဌာနမှ ထုတ်ယူဖြည့်စွက်နိုင်ပါသည်။

အဆိုပါ အရည်အချင်းနှင့်ပြည့်စုံသူများသည် UMFCCI နှင့် UTCC တို့မှ ကျင်းပသော ရေးဖြေစာမေးပွဲများနှင့် လူတွေ့ စစ်ဆေးမှုများကို ဝင်ရောက်ဖြေဆိုရမည်ဖြစ်သည်။

ဆက်သွယ်ရန်

ကုန်သည်စက်မှုအသင်းချုပ် HRD ဌာန၊

ဖုန်း ၀၁-၂၃၁၄၃၄၄-၄၉

(လိုင်းခွဲ- ၁၃၃၊၁၃၄)

တိုက်ရိုက်ဖုန်း ၀၁- ၂၃၀၂၄၈၅

Application form , Recommendation ပုံစံများကို အောက်ပါ link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

http://bit.ly/2DhZHfg

https://drive.google.com/drive/folders/12rJRBGXHSY-XkGERGdbV40N-vVmai-uh

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: umfcci

Local Read 1958 times