Master of Business Administration (MBA) Scholarship လျှောက်ထားနိုင်

Master of Business Administration (MBA) Scholarship လျှောက်ထားနိုင်

ပညာသင်ဆုအတွက် လျှောက်ထားနိုင်မယ့် ဘာသာရပ်များ  

1. Economics/Business Administration International University of Japan (IUJ),

2. Economics/Business Administration (Ritsumeikan Asia Pacific Administration)

3. Information and Communication Technology (ICT) International University of Japan (IUJ) တို့ဖြစ်ပါတယ်။

ပညာသင်ဆုများ လျှောက်ထားလိုသူတွေအနေနဲ့ ကုန်သည် စက်မှုအသင်းချုပ်ဝန်ထမ်းများ၊ ညီနောင် အသင်းများ၊ ပြည်နယ်၊ တိုင်း၊ နယ်စပ်ကုန်သည် အသင်းများမှ အမှုဆောင်များ (သို့) ဝန်ထမ်းများနှင့် ကုန်သည် စက်မှု အသင်းချုပ် အသင်းဝင်ကုမ္ပဏီတွေရဲ့ အဖွဲ့ဝင်များ (သို့) ဝန်ထမ်းတွေအနေနဲ့ ပူးတွဲပါသတ်မှတ်အရည် အချင်းများနဲ့ ကိုက်ညီသူများ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

READ - ယခုပညာသင်နှစ်အတွက် တက္ကသိုလ်ပညာသင်ထောက်ပံ့ကြေး လျှောက်ထားနိုင်

ပူးတွဲတင်ပြရမည့်အချက်များ

လျှောက်ထားလိုသူတွေအနေနဲ့ ပူးတွဲတင်ပြရမည့် အချက်များကတော့ အချက်အလက် အပြည့်အစုံနှင့် CV form, ကုန်သည်စက်မှု အသင်းချုပ်နှင့် ညီနောင်အသင်းများမှ အမှုဆောင် (သို့) ဝန်ထမ်း၊ ကုန်သည်စက်မှု အသင်းချုပ်၊ အသင်းဝင်ကုမ္ပဏီများမှ အဖွဲ့ဝင် (သို့) ဝန်ထမ်းဖြစ်ကြောင်း ထောက်ခံစာ Passport မိတ္တူ (သို့) မှတ်ပုံတင်မိတ္တူ၊ဓာတ်ပုံ (၃) ပုံ ၊ UMFCCI အသင်းဝင်ကဒ်မိတ္တူ စတာတွေ တင်ပြရမှာဖြစ်ပါတယ်။

ပညာသင်ဆုများသို့ စိတ်ပါဝင်စား၍ လျှောက်ထားလိုပါက လိုအပ်သော သတ်မှတ်အရည်အချင်း စာရွက်စာတမ်းများ မိတ္တူ (၂) စုံနှင့်တကွ သြဂုတ်လ ၂၆ ရက် (စနေနေ့) နောက်ဆုံးထား၍ ကုန်သည်စက်မှုအသင်းချုပ်၊ HRD ဌာနသို့ ကိုယ်တိုင်လျှောက်ထား ရမှာဖြစ်ပါသည်။

သတ်မှတ်ချက်မပြည့်စုံတဲ့ လျှောက်လွှာတွေကို လက်ခံမှာမဟုတ်ဘူးလို့ သိရပါတယ်။

အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ကုန်သည်စက်မှုအသင်းချုပ် HRD ဌာန ဖုန်း ၊၂၃၁၄၃၄၄~၄၉၊ Ext: ၁၃၃၊၁၃၄၊ ၀၁ – ၂၃၁၇၄၈၀ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: umfcci

Local Read 4233 times