Boustany MBA Harvard Scholarship သည် Harvard Business School တွင် ၂ နှစ် တက်ရောက်ရမည် ဖြစ်ပါသည်။
Harvard Business School တွင် တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအတွက် အင်္ဂလိပ်စာ အရည်အချင်း အနေဖြင့် the Test of English as a Foreign Language (TOFEL iBT); the International English Language Testing System (IELTS); or the Pearson Test of English (PTE) အစရှိသည့် စာမေးပွဲရလဒ်များကို လက်ခံပေးသည်။
ပညာသင်ဆုသည် Harvard Business School ရှိ MBA Program ကို လေ့လာနိုင်မည်ဖြစ်ပြီး Business Administration နယ်ပယ်အတွက် ပေးအပ်ခြင်းဖြစ်သည်။
ပညာသင်ဆုအတွက် ၂ နှစ်စာ အတွက် ကန်ဒေါ်လာ ကိုးသောင်း (တစ်နှစ်- ကန်ဒေါ်လာ ၄၅,၀၀၀) ကို ရရှိမည် ဖြစ်သည်။
READ - ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများ မည်သူမဆို လျှောက်ထားနိုင်သည့် ပညာသင်ဆု
ပညာသင်ဆုရရှိသူများသည် အမေရိကန်နိုင်ငံတွင် တက်ရောက်ရမည်ဖြစ်ပြီး Harvard MBA Programme ကို ၀င်ခွင့်ရရှိထားသူများသာ ပညာသင်ဆုကို လျှောက်ထားခွင့် ရရှိမည်ဖြစ်သည်။
ထိုပညာသင်ဆု လျှောက်ထားလိုတဲ့သူတွေအနေနဲ့ ၂၀၁၉ ခုနှစ်၊ မေလ ၃၁ရက်နောက်ဆုံးထားပြီး လျှောက်ထားရမှာ ဖြစ်တဲ့အတွက် သေချာပြင်ဆင်ခွင့် ရရှိမှာဖြစ်ပါတယ်။
လျှောက်ထားလိုသူများ
- ကောလိပ် သို့မဟုတ် တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ဒီဂရီရရှိထားရန် လိုအပ်ပါသည်။
- GMAT (Graduate Management Admission Test) ဖြေဆိုထားရန် လိုအပ်သည်။
- အင်္ဂလိပ်ဘာသာစကားလိုအပ်ချက်အနေဖြင့် IELTS 7.5 ထက်မနည်း၊ PTE ဘာသာစကားလိုအပ်ချက် 75 ထက်မနည်း၊ TOEFL 109 ထက် မနည်း ရှိရန် လိုအပ်သည်။
လျှောက်လွှာတင်ခြင်း
- လျှောက်ထားလိုသူများသည် မိမိဓာတ်ပုံကပ်ထားသော curriculum vitae (CV) ကော်ပီ၊ GMAT ဖြေဆိုထားသော ရမှတ်နှင့် ဟားဗတ်တက္ကသိုလ်မှ ၄င်းသင်တန်းအတွက် လက်ခံထားသော စာတို့ကို [email protected] ထံသို့ အီးမေးလ် ပေးပို့နိုင်မည်ဖြစ်သည်။
- Shortlisted ကြေညာသည့် အထဲတွင် ပါလာပါက ဖောင်ဒေးရှင်းနှင့် အင်တာဗျူးရန် ဖိတ်ကြားခံရမည်ဖြစ်သည်။
လျှောက်ထားသူတွေထဲကမှ academic background ထူးချွန်သူတွေကို ပဏာမအဆင့်အဖြစ် ရွေးချယ်ပြီး ထိုပဏာမ ကျောင်းသား၊ကျောင်းသူများထဲမှ တစ်ဆင့် ၂၀၁၉ခုနှစ်၊ ဇွန်လမှာ MBA Program အတွက် အပြီးသတ် ရွေးချယ် ပေးအပ်သွားမှာ ဖြစ်ပါတယ်။
ပညာသင်ဆုအတွက် အသေးစိတ်သိရှိလိုပါက http://www.boustany-foundation.org/scolarship-programs ၀င်ရောက်ဖတ်ရှုနိုင်ပါသည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။
Source: boustany-foundation.org