(၂၀၂၀) ခုႏွစ္ တကၠသိုလ္ဝင္စာေမးပဲြက်င္းပမည့္ စာစစ္ဌာနမ်ားတြင္ၾကီးၾကပ္မည့္ ေက်ာင္းအုပ္ၾကီးမ်ားႏွင့္ဆရာ၊ ဆရာမမ်ားကို ႏိုဝင္ဘာ၊ ဒီဇင္ဘာအတြင္း သင္တန္းေပးမည္ဟု ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနမွ ညႊန္ၾကားေရးမွဴးတစ္ဦးကေျပာသည္။
ယမန္နွစ္က ရန္ကုန္၊ ေနျပည္ေတာ္ႏွင့္ မႏၱေလးၿမိဳ႕တြင္ သင္တန္း (၃) ၾကိမ္ခဲြေပးၿပီး ယခုႏွစ္တြင္ အလားတူသင္တန္းေပးႏိုင္ရန္ စီစဥ္ေနသည္ဟုဆိုသည္။
သင္တန္းေပးမည့္ေနရာတစ္ခု စုရပ္ျပဳလုပ္ကာ အနီးရွိတိုင္းေဒသၾကီးႏွင့္ ျပည္နယ္မ်ားမွတကၠသိုလ္ဝင္စာေမးပဲြ ၾကီးၾကပ္မည့္ေက်ာင္းအုပ္ၾကီးမ်ား၊ ဆရာ၊ ဆရာမမ်ားကို သင္တန္းေပးရန္ စီစဥ္ျခင္းျဖစ္သည္။
"စာစစ္ဌာနၾကီးၾကပ္ေရးမွဴးရံုးေတြနဲ႔ အလုပ္ရံုေဆြးေႏြးပဲြပံုစံသင္တန္းေပးမွာပါ။ ကုိယ္တာဝန္ယူရတဲ့ စာစစ္ဌာနမွာ အေၾကာင္းတစ္ခုခုၾကံဳလာရင္ စာေမးပဲြစည္းကမ္းနဲ႔အညီ ဘယ္လိုေျဖရွင္းရမယ္ဆိုတာမ်ိဳးေတြပါမွာပါ" ဟု အဆိုပါ ညႊန္ၾကားေရးမွဴးကေျပာသည္။
၂၀၂၀ တကၠသိုလ္ဝင္စာေမးပဲြေျဖဆိုလိုသူမ်ားကို စာေမးပဲြေျဖဆိုခြင့္ကတ္ျပားမ်ားစက္တင္ဘာ (၃၀) ရက္အထိျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနသို႔ တင္သြင္းခြင့္ျပဳၿပီး ေျဖဆိုခြင့္ကတ္ျပားကို ေဖေဖာ္ဝါရီလအတြင္း ျပန္လည္ထုတ္ေပးမည္ျဖစ္သည္။
စာေမးပဲြေျဖဆိုခြင့္ေလွ်ာက္လႊာတြင္ ေလွ်ာက္လႊာတင္သြင္းသူသည္ နဝမတန္းေအာင္ျမင္ၿပီးျဖစ္ေၾကာင္း ေက်ာင္းအုပ္ၾကီးႏွင့္ ၿမိဳ႕နယ္ပညာေရးမွဴးက ေထာက္ခံလတ္မွတ္ေရးထိုးကာ တင္သြင္းရၿပီး နဝမတန္းေအာင္ျမင္ျခင္းရွိ၊ မရွိ၊ ေလွ်ာက္လႊာပါ အခ်က္အလက္မ်ား မွန္ကန္မႈ ရွိ၊ မရွိ ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနက စိစစ္ၿပီးမွ ေျဖဆိုခြင့္ကတ္ျပန္ခ်ေပးမည္ဟု ၄င္းကဆိုသည္။
တကၠသိုလ္ဝင္စာေမးပဲြက်င္းပမည့္ရက္ မသိရေသးဘဲ ယခင္ႏွစ္မ်ားကဲ့သို႔ ဒီဇင္ဘာအတြင္း ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနက ေၾကညာေပးမည္ဟု အဆိုပါညႊန္ၾကားေရးမွဴးကေျပာသည္။
လက္ရွိတြင္ အေျခခံပညာေက်ာင္းမ်ားမွ အထက္တန္းျပဆရာ၊ ဆရာမမ်ားကို ဘာသာရပ္အလိုက္ တကၠသိုလ္ပါေမာကၡမ်ားက ေအာင္ခ်က္ျမင့္မားေရးဆိုင္ရာ ေဆြးေႏြးပဲြမ်ားပို႔ခ်ေနသည္။
၂၀၁၉ တကၠသိုလ္ဝင္စာေမးပဲြကို မတ္လ (၆) ရက္မွ (၁၅) ရက္အထိ က်င္းပခဲ့ၿပီး ေျဖဆိုသူ ရွစ္သိန္းေက်ာ္ရွိခဲ့သည္။
Source: 7Day News
**Unicode**
(၂၀၂၀) ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနများတွင်ကြီးကြပ်မည့် ကျောင်းအုပ်ကြီးများနှင့်ဆရာ၊ ဆရာမများကို နိုဝင်ဘာ၊ ဒီဇင်ဘာအတွင်း သင်တန်းပေးမည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးကပြောသည်။
ယမန်နှစ်က ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့တွင် သင်တန်း (၃) ကြိမ်ခွဲပေးပြီး ယခုနှစ်တွင် အလားတူသင်တန်းပေးနိုင်ရန် စီစဉ်နေသည်ဟုဆိုသည်။
သင်တန်းပေးမည့်နေရာတစ်ခု စုရပ်ပြုလုပ်ကာ အနီးရှိတိုင်းဒေသကြီးနှင့် ပြည်နယ်များမှတက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်မည့်ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများကို သင်တန်းပေးရန် စီစဉ်ခြင်းဖြစ်သည်။
"စာစစ်ဌာနကြီးကြပ်ရေးမှူးရုံးတွေနဲ့ အလုပ်ရုံဆွေးနွေးပွဲပုံစံသင်တန်းပေးမှာပါ။ ကိုယ်တာဝန်ယူရတဲ့ စာစစ်ဌာနမှာ အကြောင်းတစ်ခုခုကြုံလာရင် စာမေးပွဲစည်းကမ်းနဲ့အညီ ဘယ်လိုဖြေရှင်းရမယ်ဆိုတာမျိုးတွေပါမှာပါ" ဟု အဆိုပါ ညွှန်ကြားရေးမှူးကပြောသည်။
၂၀၂၀ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုလိုသူများကို စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများစက်တင်ဘာ (၃၀) ရက်အထိမြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ တင်သွင်းခွင့်ပြုပြီး ဖြေဆိုခွင့်ကတ်ပြားကို ဖေဖော်ဝါရီလအတွင်း ပြန်လည်ထုတ်ပေးမည်ဖြစ်သည်။
စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာတွင် လျှောက်လွှာတင်သွင်းသူသည် နဝမတန်းအောင်မြင်ပြီးဖြစ်ကြောင်း ကျောင်းအုပ်ကြီးနှင့် မြို့နယ်ပညာရေးမှူးက ထောက်ခံလတ်မှတ်ရေးထိုးကာ တင်သွင်းရပြီး နဝမတန်းအောင်မြင်ခြင်းရှိ၊ မရှိ၊ လျှောက်လွှာပါ အချက်အလက်များ မှန်ကန်မှု ရှိ၊ မရှိ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက စိစစ်ပြီးမှ ဖြေဆိုခွင့်ကတ်ပြန်ချပေးမည်ဟု ၎င်းကဆိုသည်။
တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့်ရက် မသိရသေးဘဲ ယခင်နှစ်များကဲ့သို့ ဒီဇင်ဘာအတွင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ကြေညာပေးမည်ဟု အဆိုပါညွှန်ကြားရေးမှူးကပြောသည်။
လက်ရှိတွင် အခြေခံပညာကျောင်းများမှ အထက်တန်းပြဆရာ၊ ဆရာမများကို ဘာသာရပ်အလိုက် တက္ကသိုလ်ပါမောက္ခများက အောင်ချက်မြင့်မားရေးဆိုင်ရာ ဆွေးနွေးပွဲများပို့ချနေသည်။
၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၆) ရက်မှ (၁၅) ရက်အထိ ကျင်းပခဲ့ပြီး ဖြေဆိုသူ ရှစ်သိန်းကျော်ရှိခဲ့သည်။
Source: 7Day News