အင်ဂျင်နီယာနှင့် စီမံခန့်ခွဲမှုမဟာသိပ္ပံဘွဲ့များအတွက် ရာနှုန်းပြည့် ပညာသင်ဆုခေါ်ယူ

အင်ဂျင်နီယာနှင့် စီမံခန့်ခွဲမှုမဟာသိပ္ပံဘွဲ့များအတွက် ရာနှုန်းပြည့် ပညာသင်ဆုခေါ်ယူ

ရွေးချယ်ခံရသော လူငယ်များသည် ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်မှု အင်ဂျင်နီယာနှင့် စီမံခန့်ခွဲမှု မဟာသိပ္ပံ (MSc in Global Production Engineering and Management) ကို ဗီယက်နမ်နိုင်ငံရှိ ဗီယက်နမ်-ဂျာမန်တက္ကသိုလ် (Vietnamese German University (VGU)) တွင်တက်ရောက် နိုင်မည်ဖြစ်ပြီး ပညာသင်ပြီးမြောက်မှုပေါ် မူတည်ကာ ပညာသင်ဆု ပူးတွဲ ထောက်ပံ့သည့် ကုမ္ပဏီနှင့် ၃နှစ်တာ လက်တွဲ လုပ်ကိုင်ရန် အလုပ်အကိုင်အခွင့်အလမ်း ရရှိမှာပါ။

ပညာသင်ဆုအတွက် ရွေးချယ်ခံရသူသည် ပညာသင်ဆု ပေးအပ်ချီးမြှင့်မှု မတိုင်မီ Myanmar Pou Chen တွင် သုံးလတာ အလုပ်သင်အဖြစ် ၀င်ရောက်လုပ်ကိုင်ရမှာဖြစ်ပါတယ်။

ပညာသင်ပြီးဆုံးပါက ပညာသင်ဆုထောက်ပံ့ပေးတဲ့ ပူးတွဲ ကုမ္ပဏီမှာ ပြန်လည်ဦးဆောင် အလုပ်လုပ်ကိုင်ရန် သဘောတူရမှာ ဖြစ်ပါတယ်။

ပညာသင်ဆုလျှောက်ထားလိုသူတွေ အနေနဲ့ မဟာဘွဲ့အားရယူလိုမှု၊ လေ့လာလိုမှုနှင့် ဖိနပ်ထုတ်လုပ်မှုနယ်ပယ်တွင် ခေါင်းဆောင်အဖြစ် ရပ်တည် လိုသော စိတ်အားထက်သန်မှုရှိသူတွေ၊ အင်ဂျင်နီယာပညာရပ် သို့မဟုတ် ယင်းနဲ့ဆက်နွယ်တဲ့ နယ်ပယ် (Mechanical, electronic, footwear, chemistry, textiles စသည်ဖြင့်) တွင် ဘွဲ့ရရှိသူ IELTS အမှတ် 6.5 သို့မဟုတ်ညီမျှသော အင်္ဂလိပ်စာ အရည်အချင်း ရှိသူ ၊ ယခင်ဘွဲ့ရရှိအပြီး လုပ်ငန်းခွင်အတွေ့အကြုံအနည်းဆုံး တစ်နှစ်နဲ့အထက်ရှိသူတွေ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

လျှောက်လွှာတင်ရန် မိမိကိုယ်ရေးအချက်အလက်များနှင့် သက်ဆိုင်ရာ စာရွက်စာတမ်းများကို အောက်ပါလင့်သို့ ပေးပို့ရမည်။

https://hinrichfoundation.site-ym.com/page/Pouchen_MYR_job

အသေးစိတ် အချက်အလက်ဖတ်ရှုနိုင်ရန်

http://www.hinrichfoundation.com/trade-career-development/scholarship/master-science-global-production-engineering-management/

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: internet

International Read 1718 times