Sweden နိုင်ငံက ချီးမြင့်တဲ့ Full Scholarship ပညာတော်သင်ဆုပါ။
1 or 2 years Master Degree အတွက်ပေးတဲ့ Full Scholarship program ဖြစ်ပါတယ်နော်...။
နှစ်စဉ် နိုင်ငံ ၁၄၀ လောက်က လျှောက်ထားသူ ထောင်ဂဏန်း ရှိပါတယ်။ ဒီအထဲကမှ ပညာတော်သင် ၃၁၀ ဦးခန့်ကို စိစစ်ရွေးချယ်ပြီးချီးမြင့်ပါတယ်။
မြန်မာပြည်ကို စ ပြီးချီးမြင့်တာ ဆယ်စုနှစ် ၁ ခုမပြည့်သေးပေမယ့်လည်း မြန်မာပြည်ကို သူတို့ရဲ့ Priority အဆင့် ၃ ခုထဲမှာ အဆင့် ၁ ပေးထားပါတယ်။ ဒါကြောင့် မြန်မာ ကျောင်းသားတွေအတွက် လက်မလွတ်သင့်တဲ့ အခွင့်အရေးတခုပါ။
နောက်ပြီး အခွင့်ရေးတခုက Interview ဖြေစရာမလိုပါဘူး။
ဘယ်လိုလျှောက်မလဲ?
ပထမအဆင့် အနေနဲ့ University application process အတွက် University Admission ဆိုတဲ့ link မှာ ကိုယ်တိုင်လျှောက်ရပါမယ်။
(https://www.universityadmissions.se/intl/start )
ဒုတိယအဆင့်မှာမှ Scholarship Application ပါ။ Scholarship program က သီးခြား body အဖြစ်ရပ်တည်ပါတယ်။ သီးခြားလျှောက်ရပါမယ်။
ဆိုလိုချင်တာ ကျောင်းသက်သက်လျှောက်၊ scholarship သက်သက်လျှောက် ရပါမယ်။ ဒါပေမယ့် သူတို့အချင်းချင်း အချိတ်အဆက်ရှိပါတယ်။
Scholarship program ဘက်က သူတို့ချီးမြှင့်ပေးလိုတဲ့ Master ဘွဲ့တွေကို သူတို့ web မှာ တင်ထားပေးပါတယ်။ ကျောင်းလျှောက်တဲ့အခါ ဒီဘွဲ့တွေကိုပဲရွေးချယ်လျှောက်နိုင်ဖို့ အရေးကြီးပါတယ်။
ကျောင်းက တက်ခွင့် ရပြီဆိုမှ scholarship က စဉ်းစားတာပါ။
ကျောင်းလျှောက်တဲ့အဆင့်မှာပဲ မပါခဲ့ရင် ပြီးပါပြီ။
ဒီ Scholarship link လေးကို ဝင်လေ့လာလိုက်ရင် အသေးစိတ် ရှင်းလင်းသွားပါလိမ့်မယ်နော်...။
(https://si.se/…/schol…/swedish-institute-study-scholarships/)
ကျောင်းလျှောက်နိုင်ချိန်ဟာ Oct လလယ်ကနေ Jan လလယ်အထိ ၃ လ ပေးထားပါတယ်။
ကျောင်းက IELTS လိုပါတယ်၊ သင်ရမယ့် Master ပေါ်မူတည်လို့ Band score ကို 5.5 မှ 7.5 အထိ တောင်းပါတယ်။ Application fees ပေးရပါတယ်၊ USD 100 ပတ်ဝန်းကျင်ပါ။
ခုချိန်ကစလို့ ပြင်ဆင်သင့်ပါပြီ။
ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးအခြေအနေများ၊ အခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။
Crd> Aung Khun Cheik