မကာအိုအစိုးရပညာသင်ဆုပေးအပ်မည့် မြန်မာနိုင်ငံနှင့် အခြားရှစ်နိုင်ငံ

မကာအိုအစိုးရပညာသင်ဆုပေးအပ်မည့် မြန်မာနိုင်ငံနှင့် အခြားရှစ်နိုင်ငံ

မကာအိုအစိုးရ အသိအမှတ်ပြုတက္ကသိုလ် IFT (Institute for Tourism Studies) သို့မြန်မာနိုင်ငံအပါအဝင် ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ မွန်ဂိုလီးယား၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ နီပေါနိုင်ငံမှ ကျောင်းသား/သူများကို ကျောင်းစရိတ်၊ တည်းခိုစရိတ်နှင့် လစဉ်ကြေးများ ကင်းလွတ်ခွင့်ရရှိမည့် ပညာသင်ဆုပေးအပ်မည်ဖြစ်ကြောင်း စက်တင်ဘာ (၁၅) ရက်ကထုတ်ပြန်ပါတယ်။

 

အဆိုပါ IFT တက္ကသိုလ်သည် ၁၉၉၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး နိုင်ငံအနှံအပြားမှ ကျောင်းသား/သူ (၂၀၀၀၀) ကျော်ခန့်အား အသက်မွေးဝမ်းကျောင်းလုပ်ငန်းပိုင်းဆိုင်ရာ ဘာသာရပ်များကို ကမ္ဘာ့အဆင့်မီသင်ကြားပို့ချလျက်ရှိကာ လက်ရှိတွင် ဘာသာရပ်ရှစ်ခုကို သင်ကြားပို့ချနေပြီး ဘွဲ့ဒီဂရီပေးအပ်လျက်ရှိနေကြောင်း သိရပါတယ်။

 

Drama (Actor) (15) ဒရမ်မာသရုပ်ဆောင် သင်တန်းများနှင့်ပတ်သက်ပြီး သင်တန်းရှာရန်နှိပ်ပါ။

 

မကာအိုအစိုးရမှ ပေးအပ်မည့် ပညာသင်ဆုအပြင် ၄င်းတက္ကသိုလ်သို့ ဝင်ခွင့်စာမေးပွဲဖြေဆိုသူများကလည်းသတ်မှတ်အရည်အချင်းဖြင့် ပြည့်စုံစွာဖြေဆိုနိုင်သူ မည်သူမဆိုပညာသင်ဆုလျှောက်ထားနိုင်မည်ဖြစ်ပြီး ပညာသင်ဆုရှိသူများမှာ တရားဝင်ကျောင်းစရိတ် ကင်းလွတ်ခွင့်ရရှိမည့်အပြင်ထူးချွန်သော ကျောင်သားများအနေဖြင့်လည်း နိုင်ငံတကာပညာသင်ဆုများလည်း လျှောက်ထားနိုင်မည်ဖြစ်ကာ ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းမှုဆိုင်ရာ စီမံခန့်ခွဲမှု (Heritage Mangement) ကျောင်းသားသစ်များကိုလည်း အာရှပစိဖိတ်ဒေသသို့ ကွင်းဆင်းလေ့လာခွင့်အရေးတစ်ကြိမ်ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရပါတယ်။

 

Read More:>>> သွားကျန်းမာရေးသူနာပြုဒီပလိုမာ (Diploma in Dental Nursing) သင်တန်းဝင်ခွင့်ခေါ်ယူခြင်း

 

IFT တွင်တက်ရောက်အောင်မြင်ခဲ့သောကျောင်းသား/သူများကို လက်တွေ့လုပ်ငန်းဝင်နိုင်ရန်အတွက် ကမ္ဘာ့ထိပ်တန်း Tourism and Hospitality ကော်ပိုရေးရှင်း(၅၈၈) ခုတို့ဖြင့် ချိတ်ဆက်လုပ်ဆောင်လျက်ရှိကြောင်းသိရပါတယ်။

 

Source: စံတော်ချိန်

 

International Read 1773 times