ဥပဒေပညာရပ်ကို လေ့လာလိုသူများအတွက် မဟာဥပဒေပညာဘွဲ့လွန်သင်တန်း

 

ဥပဒေပညာဘွဲ့ရရှိပြီးသူများအနေဖြင့် ဥပဒေပညာရပ်ကို ဆက်လက်လေ့လာလိုပါက ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဥပဒေပညာဌာနမှ ဦးစီး၍ လာမည့် ဩဂုတ်လတွင် စတင်ဖွင့်လှစ်မည့် မဟာဥပဒေဘွဲ့ (LLM) သင်တန်းကို Online မှတဆင့် သင်ကြားနိုင်မည်ဖြစ်ပါသည်။ 

 

သင်တန်းမှာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် မဟာဥပဒေ ပထမနှစ် သင်တန်းသားများကို လက်ခံသင်ကြားရန် ခေါ်ယူခြင်းဖြစ်ပါသည်။ သင်တန်းသည် ဘွဲ့လွန်သင်တန်းအမျိုးအစားဖြစ်သဖြင့် သင်တန်းဝင်ခွင့်လျှောက်ထားသူများသည် အောက်ပါစာရွက်စာတမ်းများကို ပူးတွဲတင်ပြ၍ ရန်ကုန်အဝေးသင်တက္ကသိုလ် သင်တန်းရေးရာဌာနတွင် သင်တန်းဝင်ခွင့် မှတ်ပုံတင်ခြင်းကို ပြုလုပ်ရမည်ဖြစ်သည်။ 

  • တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်မူရင်း၊
  • Online LLB ဘွဲ့လက်မှတ်မူရင်း (သို့) LLB ဘွဲ့လက်မှတ်မူရင်း၊
  • နောက်ဆုံးနှစ် အမှတ်စာရင်းမူရင်း 

 

ဝင်ခွင့်မှတ်ပုံတင်ပြီးချိန်တွင် သင်တန်းသားတစ်ဦးချင်းစီအတွက် Student ID နှင့် Password တို့ကို Email ဖြင့်ပေးပို့ပေးမည်ဖြစ်သည်။ သင်တန်းနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်သည် -

ဝင်ခွင့်အရည်အချင်း - ဥပဒေဘွဲ့ Online LLB (သို့) LLB အောင်မြင်ပြီး မဟာဥပဒေဘွဲ့ တက်ရောက်ရန် အဆင့်မီသူ၊ မဟာဥပဒေအရည်အချင်းစစ် သင်တန်းအောင်မြင်ပြီးသူ

သင်တန်းစတင်ဖွင့်လှစ်မည့်ရက် - ၁.၈.၂၀၂၄

သင်တန်းကာလ - (၂)နှစ် (ပထမနှစ်၊ ဒုတိယနှစ်)

လျှောက်လွှာစတင်လက်ခံမည့်ရက် - ၂၂.၇.၂၀၂၄

လျှောက်လွှာပိတ်မည့်ရက် - ၂၆.၇.၂၀၂၄ 

ကျောင်းအပ်လက်ခံမည့်ရက် - ၂၂.၇.၂၀၂၄ ရက်မှ ၂၆.၇.၂၀၂၄ ရက်အထိ (ရုံးချိန်အတွင်း)

 

သင်တန်းဝင်ခွင့်လျှောက်လွှာများကို ရန်ကုန်အဝေးသင်တက္ကသိုလ် သင်တန်းရေးရာဌာနတွင် ရယူလျှောက်ထားနိုင်ပြီး သင်တန်းသားဦးရေ ကန့်သတ်ထားပါသဖြင့် သတ်မှတ်ဦးရေပြည့်ပါက လျှောက်လွှာပိတ်မည်ဖြစ်ကြောင်း သိရှိရသည်။ သင်တန်းနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ထပ်မံသိရှိလိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်။

 

ဖုန်း - ၀၁ ၅၃၆၅၈၁၊ ၀၁ ၅၂၅၁၆၄၊ ၀၁ ၂၃၀၅၉၃၈

လိပ်စာ - ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဥပဒေပညာဌာန၊ သထုံလမ်း  

 

Related Article : ရန်ကုန်အဝေးသင်တက္ကသိုလ်မှာ ဖွင့်လှစ်မယ့် Business ဒီပလိုမာသင်တန်း

>> https://www.edge.com.mm/article/-business-diploma.html

 

Latest Post Local News Read 496 times