ကွဲပြားခြားနားသည့် ဘာသာစကားပြောသော တိုင်းရင်းသား ကလေးများအတွက် တိုင်းရင်းသား ဘာသာဖြင့် သင်ကြားပေးခြင်း အပါအဝင် တိုင်းရင်းသား ဘာသာစကားနှင့် ယဉ်ကျေးမှုကို ပံ့ပိုး မြှင့်တင်ခြင်း သည်လည်း ပညာရေးဝန်ကြီးဌာန၏ ဉီးစားပေး လုပ်ငန်းစဉ်များတွင် ပါဝင်သည်။
၂၀၁၉-၂၀ ပညာသင်နှစ်တွင် တိုင်းရင်းသားဘာသာ ၆၃ မျိုးကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၅ ခုရှိ အခြေခံပညာကျောင်း ၁၃,၁၀၀ ကျောင်းများတွင် သင်ကြား လျက်ရှိသည်ဟုသိရသည်။
ထိုသို့ သင်ကြားခြင်းကြောင့် တိုင်းရင်းသားကလေးများအနေဖြင့် မိမိတို့ သက်ဆိုင်ရာ တိုင်းရင်းသား ဘာသာစကား သာမက မြန်မာဘာသာစကားကိုပါ ကျွမ်းကျင်တတ်မြောက်လာမည်ဖြစ်ပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခြင်း၊ တန်းတူပညာသင်ကြားခွင့်ရခြင်း၊ မတူကွဲပြားသော ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းကို နားလည်ပြီး အပြန်အလှန် နားလည်မှုတိုးပွားကာ အချင်းချင်း ယုံကြည်မှု တိုးပွားလာစေမည် ဖြစ်ပါသည်။
Myanmar Digital Education Platform
By Myanmar Education Guide - EDGE