အမျိုးသားနေ့ အကြောင်းသိကောင်းစရာ** ကျောင်းသား/သူများ စာစီစာကုံးရေးရာတွင် အထောက်အကူရရှိစရေန်

**Zawgyi**

 အဘယ္ေၾကာင့္ အမ်ိဳးသားေန႔ဟုေခၚ
**************************
ကြ်န္ေတာ္တို႕ ငယ္ငယ္ကတည္းက မူလတန္း တတိယတန္း ျမန္မာဖတ္စာမွာ သင္ခဲ႔ရသည္ကို ယခုအထိ မွတ္မိေနပါေသးသည္။ တန္ေဆာင္မုန္းလဆုတ္ (၁၀) ရက္ေန႔သည္ အမ်ိဳးသားေန႔ျဖစ္ပါသည္။ငယ္ငယ္ကလည္း စာစီကံုးၿပိဳင္ပြဲတြင္ အမ်ိဳးသားေန႔အေၾကာင္း ပါဝင္ယွဥ္ၿပိဳင္ခဲ႔ဖူးသည္ကို ယခုတိုင္ အမွတ္ရေနဆဲပါ။အမ်ိဳးသားေန႔ႏွင့္ပတ္သက္ၿပီး ေလ့လာဖတ္ရွဳမွတ္သား ထားသမွ်ေလးေတြ အနည္းငယ္ တင္ျပေပးပါရေစ။မသိေသးတဲ႔ သူေတြကိုလည္း ျပန္လည္ မွ်ေဝ ေဖာက္သည္ခ်ေပးတဲ႔ သေဘာပါ။

အမ်ိဳးသားေန႔ဟူသည္ကား ၿဗိတိသွ်မင္းႀကီး မတ္ဟန္းတား၏ University အက္ဥပေဒအရ ဖြင့္လွစ္မည့္ ရန္ကုန္တကၠသိုလ္ကို ျမန္မာေကာဇာသကၠရာဇ္ ၁၂၈၂ ခုႏွစ္ တန္ေဆာင္မုန္းလဆုတ္ (၁၀) ရက္ ခရစ္ႏွစ္ ၁၉၂၀ ဒီဇင္ဘာလ (၅) ရက္ တနဂၤေႏြေန႔တြင္ ရန္ကုန္ေကာလိပ္ႏွင့္ ဂ်ပ္ဆန္( ယုဒသန္)ေကာလိပ္ ေက်ာင္းသားမ်ားသည္ ကန္႔ကြက္ သပိတ္ေမွာက္ဆႏၵျပခဲ႔ေသာ ေန႔ႀကီးျဖစ္ပါသည္။
နယ္ခ်ဲ႕ၿဗိတိသွ် အစိုးရသည္ ၄င္းတို႔နယ္ကို ခ်ဲ႕ရာ၌ အေကာင္းဆံုး လက္နက္အျဖစ္ ပညာေရးစနစ္ တကၠသိုလ္ အက္ဥပေဒၾကမ္းႀကီးကို ၁၉၂၀ ဇူလိုင္လ (၁၂) ရက္ ဘုရင္ခံ၏ ေကာင္စီအစည္းအေဝးတြင္ တင္သြင္း၍ အဆိုျပဳခဲ႔ရာ တစ္ျပည္လံုး လႈပ္လႈပ္ရြရြ ျဖစ္ခဲ႔ၾကသည္။
ထို႔ေနာက္ ဇူလိုင္လ ၁၈ရက္ေန႕ ျမန္မာႏိုင္ငံျပဳျပင္ေရး အသင္းႀကီးသည္ အစည္းအေဝးကို ခ်က္ခ်င္းေခၚယူကာ
ရန္ကုန္တကၠသိုလ္ အက္ဥပေဒကို ကန္႔ကြက္ခဲ႔ၾကေလသည္။မႏၲေလးၿမိဳ႕တြင္လည္း လူထုအစည္းအေဝးႀကီးက နယ္ခ်ဲ႕အစိုးရ မတ္ဟန္းတား၏ ေခတ္ေနာက္ျပန္ဆြဲေသာလုပ္ေဆာင္ခ်က္မ်ားႏွင့္ ဖိႏွိပ္ခ်ဳပ္ခ်ယ္မႈမ်ားေၾကာင့္ ရာထူးမွ ဖယ္ရွားေပးရန္ ေတာင္းဆို ဆႏၵျပလာၾကသည္။

ၾသဂုတ္လ (၁) ရက္ေန႔တြင္ YMBA ေခၚ ဗုဒၶကလ်ဏယုဝအသင္းႀကီးက ႀကီးမွဴး၍ ဂ်ဴဗလီေဟာတြင္
ရန္ကုန္ၿမိဳ႕လံုးကြ်တ္ အစည္းအေဝးႀကီးကို က်င္းပကာ-
(၁) ရန္ကုန္တကၠသိုလ္ အက္ဥပေဒက္ို အမ်ားျပည္သူမ်ား မႀကိဳက္ၾကေသာေၾကာင့္ ၁၉၂၀ ၾသဂုတ္လတြင္ က်င္းပမည့္ ဥပေဒျပဳအဖြဲ႔က ဒိုင္အာခီအုပ္ခ်ဳပ္ေရးစနစ္ စတင္မည့္ ၁၉၂၃ အထိ ဆိုင္းငံ႔ထားရန္။
(၂)ေနာင္အခါ ပညာတတ္မ်ားနည္းပါးေစရန္ ရည္စူးၿပီး ထိုဥပေဒကို ထုတ္ခဲ႔ေသာ ၿဗိတိသွ်မင္းႀကီး မတ္ဟန္းတားအား ျမန္မာႏိုင္ငံမွာ ေျပာင္းေရြ႔ေပးရန္ေတာင္းဆို ခဲ႔ၾကပါသည္။

ထိုသို႔ အမ်ိဳးမ်ိဳးကန္႔ကြက္ေနသည့္ ၾကားကပင္ ၁၉၂၀ခုႏွစ္ စက္တင္ဘာလ (၂၆) ရက္ေန႔တြင္
ျမန္မာႏိုင္ငံ၏ ၿဗိတိသွ် ဒုတိယဘုရင္ခံ ဆာရယ္ဂ်ီနယ္ကရက္ေဒါက္က ရန္ကုန္အက္ဥပေဒကို ေထာက္ခံခဲ႔သည္။တဖန္ ရန္ကုန္တကၠသိုလ္ အက္ဥပေဒကို အိႏၵိယဘုရင္ခံ ခ်မ္းစဖို႔ဒ္က အတည္ျပဳရန္ ထုတ္ျပန္ေၾကညာခဲ႔ျပန္သည္။
အနည္းငယ္ စကားပလႅင္ခံတာမ်ားသြားတယ္ ရန္ကုန္တကၠသိုလ္ အက္ဥပေဒကား အဘယ္သို႔နည္းဟု သိခ်င္ၾကေပလိမ့္မည္။
** ဤသို႔တည္း...

**ရန္ကုန္တကၠသိုလ္ အက္ဥပေဒကား-

(၁)ျမန္မာနိုင္ငံ၌ ဤတကၠသိုလ္ တစ္ခုတည္းသာ ရွိရမည္။
တကၠသိုလ္ေအာက္တြင္ ေကာလိပ္ေကာင္းတစ္ေက်ာင္းသာရွိရမည္။
(၂)ေကာလိပ္ေက်ာင္း၌ ပညာသင္ၾကားလိုသူမ်ားသည္ ေက်ာင္းအိပ္ေက်ာင္းစား ေနႏိုင္သူမ်ားသာ ျဖစ္ရမည္။
(၃)တကၠသိုလ္ဝင္စာေမးပြဲ မထားရွိေတာ့ဘဲ အစိုးရကျပဳလုပ္ေသာ High School Final ေခၚ ဆယ္တန္းစာေမးပြဲကို ေအာင္ရမည္။English စာႏွင့္အျခားဘာသာရပ္တစ္ခုခုကို ထူးခြ်န္ေအာင္ျမင္မွ အဆိုပါတကၠသိုလ္ကို တက္ခြင့္ရမည္။
(၄) ဂုဏ္ထူးႏွင့္ ဝိဇၨာတန္းတြင္ တစ္ခါေျဖဆို၍ မေအာင္ျမင္ပါက ေနာက္ေနာင္ ေျဖဆိုခြင့္မျပဳ။
(၅) High School Final ေအာင္၍ တကၠသိုလ္ဝင္ခြင့္ရေသာ္လည္း တကၠသိုလ္ပညာရပ္ ျပင္ဆင္မႈအတန္းတြင္ တစ္ႏွစ္ေနႏိုင္ရမည္။
(၆) ျပင္ဆင္မႈအတန္းတြင္ တစ္ႏွစ္ေနေသာ္လည္း ႏွစ္ကုန္တြင္ တကၠသိုလ္ပညာရပ္မ်ားကို လိုက္နာရန္
အရည္အခ်င္းမရွိေသးဟု သတ္မွတ္လွ်င္ တကၠသိုလ္ပညာရပ္မ်ားကို ဆက္လက္သင္ၾကားခြင့္ရမည္မဟုတ္
စသည္တို႔ျဖစ္ၾကပါသည္။ ရင္နာစရာပါေပ။

ထို႔ေၾကာင့္ ၁၉၂၀ခုႏွစ္ ဒီဇင္ဘာလ (၃) ရက္ေန႔တြင္ ရန္ကုန္ေကာလိပ္ေက်ာင္းသားမ်ား ျဖစ္ၾကသည့္ ကိုဘခင္၊ကိုဘိုးကြန္း၊ကိုဘဦး၊ကိုေအာင္ဒင္၊ကိုထြန္းဝင္း၊ကိုေဖသိန္း၊ကိုဘရွင္(သံတြဲ)၊ေကညီပိတ္၊ကိုဘရွင္(ထားဝယ္)၊ကိုလွတင္ႏွင့္ ကိုေမာင္ေအးတို႔သည္ ေရႊတိဂံုေစတီေတာ္ အေနာက္ေတာင္ေထာင့္တြင္ စုေဝးၿပီး ရန္ကုန္တကၠသိုလ္အက္ဥပေဒကို သပိတ္ေမွာက္ရန္ သစၥာအဓိ႒ာန္ ျပဳခဲ႔ၾကသည္။

၁၉၂၀ျပည့္ႏွစ္ ဒီဇင္ဘာ (၅) ရက္တြင္ တကၠသိုလ္ေက်ာင္းသားႀကီးမ်ား ဦးေဆာင္ေသာ ပထမေက်ာင္းသားသပိတ္သည္ စတင္ခဲ႔ရာ ျမန္မာႏိုင္ငံ အနယ္နယ္ အရပ္ရပ္သို႔ တစ္ဟုန္ထိုး ပ်ံ႕ႏွံ႕သြားခဲ႔ေလေတာ့သည္။
၁၉၂၀ျပည့္ ဒီဇင္ဘာလ (၂၆) ရက္ေန႔တြင္ GCBAဝံသာႏုအသင္းခ်ဳပ္ႀကီးတစ္ရပ္ ျပဳလုပ္ကာ
ေအာက္ပါဆံုးျဖတ္ခ်က္မ်ားကို ခ်မွတ္ခဲ႔သည္။
(၁)ျမန္မာႏိုင္ငံအရပ္ရပ္ အမ်ိဳးသားေက်ာင္းမ်ား တည္ေထာင္ဖြင့္လွစ္ရန္။
(၂) ရန္ကုန္ၿမိဳ႕၌ အမ်ိဳးသားတကၠသိုလ္ေက်ာင္းႀကီးတစ္ေက်ာင္း တည္ေထာင္ဖြင့္လွစ္ရန္။
(၃)အသင္းခ်ဳပ္ႀကီးႏွင့္ ဆက္သြယ္ထားေသာ အသင္းခြဲမ်ားက တည္ေထာင္ထားခဲ႔ေသာ ေက်ာင္းမ်ားကိုလည္း အမ်ိဳးသားေက်ာင္းမ်ားအျဖစ္ ေျပာင္းလဲရန္။
(၄) အမ်ိဳးသားေက်ာင္းမ်ားကို စုေပါင္းအုပ္ခ်ဳပ္ရန္၊လိုအပ္ေသာ စီစဥ္ညႊန္ၾကားခ်က္မ်ားကို ျပဳလုပ္ႏိုင္ေရးအတြက္ အမ်ိဳးသားပညာေရးတစ္ခု ဖြဲ႔စည္းထားရွိရန္။
အထက္ပါဆံုးျဖတ္ခ်က္မ်ားကို ဦးေမာင္ႀကီး(M.A)ဥကၠ႒အျဖစ္ပါဝင္ျပီး အမႈေဆာင္အဖြဲ႔ဝင္ ၃၂ဦးတို႔ျဖင့္ ဖြဲ႔စည္းလိုက္သည္။

ဤသို႔ျဖင့္ ၁၉၂၁ခုႏွစ္ ၾသဂုတ္လ (၂၄) ရက္တြင္ ရန္ကုန္ၿမိဳ႕ ဗဟန္းရပ္ ေရႊက်င္ေက်ာင္းတိုက္ ဦးအရိယေက်ာင္း၌ အမ်ိဳးသားေကာလိပ္ကို စတင္ဖြင့္လွစ္ႏိုင္ခဲ႔ရာ မ်ားမၾကာမီ နယ္ၿမိဳ႕ႀကီးမ်ားတြင္ အမ်ိဳးသားေက်ာင္းမ်ား ဖြင့္လွစ္ႏိုင္ခဲ႔ပါသည္။

အမ်ိဳးသားေန႔ကို သတ္မွတ္ရန္ အခ်ိဳ႕က သီေပါမင္းပါေတာ္မူေသာ တန္ေဆာင္မုန္းလဆုတ္
(၈) ရက္ေန႔ကို အႀကံျပဳ၍ အခ်ိဳ႕က ဦးဥတၱမေထာင္က်ခဲ႔ေသာ
၁၂၈၃ ခု နယုန္လကြယ္ကို အစြဲျပဳ၍လည္း အႀကံျပဳၾကရာ
သပိတ္ေမွာက္ေကာင္စီဝင္ ဦးျမင့္က နန္းက်ေသာေန႔ႏွင့္ ေထာင္က်ေသာေန႔သည္ မဂၤလာမရွိ၍ နယ္ခ်ဲ႔ၿဗိတိသွ် ပထမဦးဆံုး ထိထိေရာက္ေရာက္ သပိတ္ေမွာက္ခဲ႔ေသာ တန္ေဆာင္မုနါးလဆုတ္ ၁၀ရက္ ေန႔ကိုသာ အမ်ိဳးသားေန႔အျဖစ္ သတ္မွတ္သင့္ေၾကာင္း အဆိုျပဳၾကရာ အားလံုးက သေဘာတူညီေထာက္ခံခဲ႔ၾက၍ အမ်ိဳးသားေန႔ကို စတင္သတ္မွတ္ခဲ႔ေလေတာ့သည္။

ဤသို႔ျဖင့္ ေခတ္အဆက္ဆက္မွ မ်ိဳးခ်စ္သူရဲေကာင္း၊မ်ိဳးခ်စ္ေက်ာင္းသားႀကီးမ်ားမွ အသက္ေသြးေခြ်း ေပးဆပ္၍ က်ားကုတ္က်ားခဲ ရယူခဲ႔ေသာ အမိေျမ၊အမိနန္း၊အမိၾကငွန္း၊အမိစာေပ၊အမိယဥ္ေက်းမႈ စသည္တို႔ကို မေပ်ာက္မပ်က္ေအာင္ ထိန္းသိမ္းေစာင့္ေရွာက္ၾကရမည္မွာ လက္ရွိ လူငယ္ေခါင္းေဆာင္မ်ားပင္ျဖစ္ပါေၾကာင္း အမ်ိဳးသားေန႔ျဖစ္ေပၚလာပံုအေၾကာင္းကို တင္ဆက္ရင္း မ်ိဳးခ်စ္စိတ္မ်ား ျပန္လည္ႏႈိးၾကားလာေစရန္ ေဖာ္ျပေပးလိုက္ပါသည္။

Read More:>>> (Physics)Sets(2) တကၠသိုလ္ဝင္တန္းစာေမးပြဲ ဝင္ေရာက္ေျဖဆိုမည့္ ေက်ာင္းသား/သူမ်ားအတြက္ ေလ့က်င့္ရန္
Credit: ပညာေရးသတင္းမ်ား Share မယ္
(ေက်းဇူးတင္ပါတယ္ရွင္...)


**Unicode**

 အဘယ်ကြောင့် အမျိုးသားနေ့ဟုခေါ်
**************************
ကျွန်တော်တို့ ငယ်ငယ်ကတည်းက မူလတန်း တတိယတန်း မြန်မာဖတ်စာမှာ သင်ခဲ့ရသည်ကို ယခုအထိ မှတ်မိနေပါသေးသည်။ တန်ဆောင်မုန်းလဆုတ် (၁၀) ရက်နေ့သည် အမျိုးသားနေ့ဖြစ်ပါသည်။ငယ်ငယ်ကလည်း စာစီကုံးပြိုင်ပွဲတွင် အမျိုးသားနေ့အကြောင်း ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးသည်ကို ယခုတိုင် အမှတ်ရနေဆဲပါ။အမျိုးသားနေ့နှင့်ပတ်သက်ပြီး လေ့လာဖတ်ရှုမှတ်သား ထားသမျှလေးတွေ အနည်းငယ် တင်ပြပေးပါရစေ။မသိသေးတဲ့ သူတွေကိုလည်း ပြန်လည် မျှဝေ ဖောက်သည်ချပေးတဲ့ သဘောပါ။

အမျိုးသားနေ့ဟူသည်ကား ဗြိတိသျှမင်းကြီး မတ်ဟန်းတား၏ University အက်ဥပဒေအရ ဖွင့်လှစ်မည့် ရန်ကုန်တက္ကသိုလ်ကို မြန်မာကောဇာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလဆုတ် (၁၀) ရက် ခရစ်နှစ် ၁၉၂၀ ဒီဇင်ဘာလ (၅) ရက် တနင်္ဂနွေနေ့တွင် ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆန်( ယုဒသန်)ကောလိပ် ကျောင်းသားများသည် ကန့်ကွက် သပိတ်မှောက်ဆန္ဒပြခဲ့သော နေ့ကြီးဖြစ်ပါသည်။
နယ်ချဲ့ဗြိတိသျှ အစိုးရသည် ၎င်းတို့နယ်ကို ချဲ့ရာ၌ အကောင်းဆုံး လက်နက်အဖြစ် ပညာရေးစနစ် တက္ကသိုလ် အက်ဥပဒေကြမ်းကြီးကို ၁၉၂၀ ဇူလိုင်လ (၁၂) ရက် ဘုရင်ခံ၏ ကောင်စီအစည်းအဝေးတွင် တင်သွင်း၍ အဆိုပြုခဲ့ရာ တစ်ပြည်လုံး လှုပ်လှုပ်ရွရွ ဖြစ်ခဲ့ကြသည်။
ထို့နောက် ဇူလိုင်လ ၁၈ရက်နေ့ မြန်မာနိုင်ငံပြုပြင်ရေး အသင်းကြီးသည် အစည်းအဝေးကို ချက်ချင်းခေါ်ယူကာ
ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ကန့်ကွက်ခဲ့ကြလေသည်။မန္တလေးမြို့တွင်လည်း လူထုအစည်းအဝေးကြီးက နယ်ချဲ့အစိုးရ မတ်ဟန်းတား၏ ခေတ်နောက်ပြန်ဆွဲသောလုပ်ဆောင်ချက်များနှင့် ဖိနှိပ်ချုပ်ချယ်မှုများကြောင့် ရာထူးမှ ဖယ်ရှားပေးရန် တောင်းဆို ဆန္ဒပြလာကြသည်။

သြဂုတ်လ (၁) ရက်နေ့တွင် YMBA ခေါ် ဗုဒ္ဓကလျဏယုဝအသင်းကြီးက ကြီးမှူး၍ ဂျူဗလီဟောတွင်
ရန်ကုန်မြို့လုံးကျွတ် အစည်းအဝေးကြီးကို ကျင်းပကာ-
(၁) ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို အများပြည်သူများ မကြိုက်ကြသောကြောင့် ၁၉၂၀ သြဂုတ်လတွင် ကျင်းပမည့် ဥပဒေပြုအဖွဲ့က ဒိုင်အာခီအုပ်ချုပ်ရေးစနစ် စတင်မည့် ၁၉၂၃ အထိ ဆိုင်းငံ့ထားရန်။
(၂)နောင်အခါ ပညာတတ်များနည်းပါးစေရန် ရည်စူးပြီး ထိုဥပဒေကို ထုတ်ခဲ့သော ဗြိတိသျှမင်းကြီး မတ်ဟန်းတားအား မြန်မာနိုင်ငံမှာ ပြောင်းရွေ့ပေးရန်တောင်းဆို ခဲ့ကြပါသည်။

ထိုသို့ အမျိုးမျိုးကန့်ကွက်နေသည့် ကြားကပင် ၁၉၂၀ခုနှစ် စက်တင်ဘာလ (၂၆) ရက်နေ့တွင်
မြန်မာနိုင်ငံ၏ ဗြိတိသျှ ဒုတိယဘုရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက်က ရန်ကုန်အက်ဥပဒေကို ထောက်ခံခဲ့သည်။တဖန် ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို အိန္ဒိယဘုရင်ခံ ချမ်းစဖို့ဒ်က အတည်ပြုရန် ထုတ်ပြန်ကြေညာခဲ့ပြန်သည်။
အနည်းငယ် စကားပလ္လင်ခံတာများသွားတယ် ရန်ကုန်တက္ကသိုလ် အက်ဥပဒေကား အဘယ်သို့နည်းဟု သိချင်ကြပေလိမ့်မည်။
** ဤသို့တည်း...

**ရန်ကုန်တက္ကသိုလ် အက်ဥပဒေကား-

(၁)မြန်မာနိုင်ငံ၌ ဤတက္ကသိုလ် တစ်ခုတည်းသာ ရှိရမည်။
တက္ကသိုလ်အောက်တွင် ကောလိပ်ကောင်းတစ်ကျောင်းသာရှိရမည်။
(၂)ကောလိပ်ကျောင်း၌ ပညာသင်ကြားလိုသူများသည် ကျောင်းအိပ်ကျောင်းစား နေနိုင်သူများသာ ဖြစ်ရမည်။
(၃)တက္ကသိုလ်ဝင်စာမေးပွဲ မထားရှိတော့ဘဲ အစိုးရကပြုလုပ်သော High School Final ခေါ် ဆယ်တန်းစာမေးပွဲကို အောင်ရမည်။English စာနှင့်အခြားဘာသာရပ်တစ်ခုခုကို ထူးချွန်အောင်မြင်မှ အဆိုပါတက္ကသိုလ်ကို တက်ခွင့်ရမည်။
(၄) ဂုဏ်ထူးနှင့် ဝိဇ္ဇာတန်းတွင် တစ်ခါဖြေဆို၍ မအောင်မြင်ပါက နောက်နောင် ဖြေဆိုခွင့်မပြု။
(၅) High School Final အောင်၍ တက္ကသိုလ်ဝင်ခွင့်ရသော်လည်း တက္ကသိုလ်ပညာရပ် ပြင်ဆင်မှုအတန်းတွင် တစ်နှစ်နေနိုင်ရမည်။
(၆) ပြင်ဆင်မှုအတန်းတွင် တစ်နှစ်နေသော်လည်း နှစ်ကုန်တွင် တက္ကသိုလ်ပညာရပ်များကို လိုက်နာရန်
အရည်အချင်းမရှိသေးဟု သတ်မှတ်လျှင် တက္ကသိုလ်ပညာရပ်များကို ဆက်လက်သင်ကြားခွင့်ရမည်မဟုတ်
စသည်တို့ဖြစ်ကြပါသည်။ ရင်နာစရာပါပေ။

ထို့ကြောင့် ၁၉၂၀ခုနှစ် ဒီဇင်ဘာလ (၃) ရက်နေ့တွင် ရန်ကုန်ကောလိပ်ကျောင်းသားများ ဖြစ်ကြသည့် ကိုဘခင်၊ကိုဘိုးကွန်း၊ကိုဘဦး၊ကိုအောင်ဒင်၊ကိုထွန်းဝင်း၊ကိုဖေသိန်း၊ကိုဘရှင်(သံတွဲ)၊ကေညီပိတ်၊ကိုဘရှင်(ထားဝယ်)၊ကိုလှတင်နှင့် ကိုမောင်အေးတို့သည် ရွှေတိဂုံစေတီတော် အနောက်တောင်ထောင့်တွင် စုဝေးပြီး ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာအဓိဋ္ဌာန် ပြုခဲ့ကြသည်။

၁၉၂၀ပြည့်နှစ် ဒီဇင်ဘာ (၅) ရက်တွင် တက္ကသိုလ်ကျောင်းသားကြီးများ ဦးဆောင်သော ပထမကျောင်းသားသပိတ်သည် စတင်ခဲ့ရာ မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်သို့ တစ်ဟုန်ထိုး ပျံ့နှံ့သွားခဲ့လေတော့သည်။
၁၉၂၀ပြည့် ဒီဇင်ဘာလ (၂၆) ရက်နေ့တွင် GCBAဝံသာနုအသင်းချုပ်ကြီးတစ်ရပ် ပြုလုပ်ကာ
အောက်ပါဆုံးဖြတ်ချက်များကို ချမှတ်ခဲ့သည်။
(၁)မြန်မာနိုင်ငံအရပ်ရပ် အမျိုးသားကျောင်းများ တည်ထောင်ဖွင့်လှစ်ရန်။
(၂) ရန်ကုန်မြို့၌ အမျိုးသားတက္ကသိုလ်ကျောင်းကြီးတစ်ကျောင်း တည်ထောင်ဖွင့်လှစ်ရန်။
(၃)အသင်းချုပ်ကြီးနှင့် ဆက်သွယ်ထားသော အသင်းခွဲများက တည်ထောင်ထားခဲ့သော ကျောင်းများကိုလည်း အမျိုးသားကျောင်းများအဖြစ် ပြောင်းလဲရန်။
(၄) အမျိုးသားကျောင်းများကို စုပေါင်းအုပ်ချုပ်ရန်၊လိုအပ်သော စီစဉ်ညွှန်ကြားချက်များကို ပြုလုပ်နိုင်ရေးအတွက် အမျိုးသားပညာရေးတစ်ခု ဖွဲ့စည်းထားရှိရန်။
အထက်ပါဆုံးဖြတ်ချက်များကို ဦးမောင်ကြီး(M.A)ဥက္ကဋ္ဌအဖြစ်ပါဝင်ပြီး အမှုဆောင်အဖွဲ့ဝင် ၃၂ဦးတို့ဖြင့် ဖွဲ့စည်းလိုက်သည်။

ဤသို့ဖြင့် ၁၉၂၁ခုနှစ် သြဂုတ်လ (၂၄) ရက်တွင် ရန်ကုန်မြို့ ဗဟန်းရပ် ရွှေကျင်ကျောင်းတိုက် ဦးအရိယကျောင်း၌ အမျိုးသားကောလိပ်ကို စတင်ဖွင့်လှစ်နိုင်ခဲ့ရာ များမကြာမီ နယ်မြို့ကြီးများတွင် အမျိုးသားကျောင်းများ ဖွင့်လှစ်နိုင်ခဲ့ပါသည်။

အမျိုးသားနေ့ကို သတ်မှတ်ရန် အချို့က သီပေါမင်းပါတော်မူသော တန်ဆောင်မုန်းလဆုတ်
(၈) ရက်နေ့ကို အကြံပြု၍ အချို့က ဦးဥတ္တမထောင်ကျခဲ့သော
၁၂၈၃ ခု နယုန်လကွယ်ကို အစွဲပြု၍လည်း အကြံပြုကြရာ
သပိတ်မှောက်ကောင်စီဝင် ဦးမြင့်က နန်းကျသောနေ့နှင့် ထောင်ကျသောနေ့သည် မင်္ဂလာမရှိ၍ နယ်ချဲ့ဗြိတိသျှ ပထမဦးဆုံး ထိထိရောက်ရောက် သပိတ်မှောက်ခဲ့သော တန်ဆောင်မုနါးလဆုတ် ၁၀ရက် နေ့ကိုသာ အမျိုးသားနေ့အဖြစ် သတ်မှတ်သင့်ကြောင်း အဆိုပြုကြရာ အားလုံးက သဘောတူညီထောက်ခံခဲ့ကြ၍ အမျိုးသားနေ့ကို စတင်သတ်မှတ်ခဲ့လေတော့သည်။

ဤသို့ဖြင့် ခေတ်အဆက်ဆက်မှ မျိုးချစ်သူရဲကောင်း၊မျိုးချစ်ကျောင်းသားကြီးများမှ အသက်သွေးချွေး ပေးဆပ်၍ ကျားကုတ်ကျားခဲ ရယူခဲ့သော အမိမြေ၊အမိနန်း၊အမိကြငှန်း၊အမိစာပေ၊အမိယဉ်ကျေးမှု စသည်တို့ကို မပျောက်မပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ကြရမည်မှာ လက်ရှိ လူငယ်ခေါင်းဆောင်များပင်ဖြစ်ပါကြောင်း အမျိုးသားနေ့ဖြစ်ပေါ်လာပုံအကြောင်းကို တင်ဆက်ရင်း မျိုးချစ်စိတ်များ ပြန်လည်နှိုးကြားလာစေရန် ဖော်ပြပေးလိုက်ပါသည်။

Read More:>>> (Physics)Sets(2) တကၠသိုလ္ဝင္တန္းစာေမးပြဲ ဝင္ေရာက္ေျဖဆိုမည့္ ေက်ာင္းသား/သူမ်ားအတြက္ ေလ့က်င့္ရန္
Credit: ပညာရေးသတင်းများ Share မယ်
(ကျေးဇူးတင်ပါတယ်ရှင်...)

News Tips Latest Post Read 52615 times