Leader in Me သင်ရိုးညွှန်းတမ်းကိုကျင့်သုံးရန် ထိုင်းကျောင်းများအား တိုက်တွန်းခဲ့

ထိုင်းကျောင်းများအား ကလေးတွေမှာ ရှိနေသည့် ခေါင်းဆောင်မှုစွမ်းရည်နှင့် စိတ်ပိုင်းဆိုင်ရာ အရည်အချင်းများတိုးတက်လာစေရန်အတွက် ပညာရေးကျွမ်းကျင်သူများက “Leader in Me” သင်ရိုးညွှန်းတမ်းကို ကျင့်သုံးရန်တိုက်တွန်းခဲ့ကြောင်းသိရသည်။

အမြင့်ဆုံး အဆင့် (၇) ထိရောက်သော The Leader in Me ကို Stephen R Covey  ရေးသားခဲ့သည့် အရောင်းရဆုံးစာအုပ်စာရင်းဝင် စာအုပ်လည်း ဖြစ်သော 7 Habits of Happy Kids မှ တီထွင်ခဲ့သော အတွေးအခေါ်ဖြစ်သည်။ ထိုစာအုပ်သည် ကျောင်းသားများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိခြင်း၊ ပြဿနာဖြေရှင်းခြင်း၊ အလိုက်အထိုက်နေတတ်ခြင်းနှင့် လူမှုရေးစိတ်ပိုင်းဆိုင်ရာ စွမ်းရည်များကို သင်္ချာဖတ်စာကဲ့သို့ပင် အရေးကြီးကြောင်း ထောက်ခံသူများနှင့်အတူ ပညာရှင်များက ဘဝတစ်သက်တာအတွက် သင်ကြားပေးရန်ရည်ရွယ်သည်။

ထိုပညာရေးပုံစံအောက်တွင် စတီဖင်ကော်ဗေး၏ ပျော်ရွှင်သောကလေးများ အလေ့အကျင့် (၇) ရပ်သည် မြင့်မားသော ထိရောက်မှုရှိသူများအတွက်  အလေ့အထ (၇) ခုမှ ထွက်ပေါ်လာသည့် အကျိုးဆက်များဖြစ်သည်ဟုသိရသည်။

PacRim ပညာရေး၏ သင်တန်းနည်းပြ အကြံပေးသူ Yuwared Bhumiwat က Zoom မှတစ်ဆင့် web conferencing event တွင်အလေ့အထ (၇) ခုကိုတင်ပြခဲ့သည်။

သူမ၏တင်ပြချက်များအရဥပမာ သုံးခုကို ဖော်ပြရလျှင်
“Habit 1” ကျောင်းသားများသည် သူတို့၏ ဘဝကိုတာဝန်ယူရန်တက်ကြွစွာ လုပ်ဆောင်သင့်သည်။ 

"Habit 2" သူတို့သည် စိတ်ထဲတွင် အဆုံးနှင့် စတင်ပြီး လူတစ်ဦးချင်းစီကို စိတ်အားထက်သန်မှုနှင့် ရည်ရွယ်ချက်ဖြင့်ပြန်လည်ဆက်သွယ်သင့်သည်။

"Habit 3" အတွက် အချိန်နှင့် စီမံခန့်ခွဲမှုကိုဦးစားပေးသင့်သည်၊ ထို့ကြောင့် အရေးကြီးမှုအပေါ် အခြေခံ၍ လုပ်ငန်းများကိုဦးစားပေး သတ်မှတ်နိုင်သည်။

ကျောင်းသားများကို ကိုယ့်ဘာသာ ဦးဆောင်ပြီး သင်ယူခွင့်ကို ပညာပေးသူတွေက ပေးအပ်သင့်တယ်။ ကလေးတွေကို ထိန်းချုပ်ထားပြီး ညွှန်ကြားချက်တွေ ပေးတဲ့နည်းကို မသုံးစွဲသင့်ပေ။ ကျောင်းသားများ သင်ယူတာကို ထိန်းချုပ်တာမဟုတ်ပါ။ ထို့အပြင်လူတိုင်းက ခေါင်းဆောင်ဖြစ်နိုင်တယ်၊ ကိုယ်ပိုင်ထူးခြားတဲ့ ပါရမီရှိမယ်ဆိုတာကို ယုံကြည်ရမယ်" ဟု သူကပြောကြားခဲ့ပါသည်။

ဆရာများအနေဖြင့်လည်း ကျောင်းသားများ၏ ရည်မှန်းချက်ပန်းတိုင်များကို ရောက်ရှိရန်နှင့် အောင်မြင်သော ဘဝတွင်နေထိုင်ရန် အထောက်အကူပြုမည့် အခြေခံမူများနှင့် ကျင့်ဝတ်များကိုသင်ယူရန် ကျောင်းသားများကို ကူညီပေးရန်တာဝန်ရှိသည်ဟု Yuwared Bhumiwat က ဖြည့်စွက်ပြောကြားခဲ့သည်။

ချင်းမိုင်ရှိ Sahavith Piman ကျောင်းဒါရိုက်တာ Phornpimon Pisuthipanpong က ကျောင်းသည် Leader in Me နည်းစနစ်ကို ကျင့်သုံးပြီးမှ ကျောင်းသားများအတွက် အပြုသဘောဆောင်သော ပြောင်းလဲမှုများကိုတွေ့ခဲ့ရကြောင်းသိရသည်။

ကျောင်းသားများဘဝနှင့် ဆက်နွယ်သော အလေ့အကျင့်များကို ကျွန်ုပ်တို့သင်ကြားပေးခဲ့ပြီး၊ ကျွန်ုပ်တို့၏ ဆရာများနှင့် ဝန်ထမ်းများကိုလည်း ထိုသင်ခန်းစာများကိုသင်ကြားပေးခဲ့သည်။ ထိုအလေ့အကျင့်များသည် ကျွန်ုပ်တို့၏ ကျောင်းအပေါ်သြဇာလွှမ်းမိုးမှုမှာ အံ့သြဖွယ်ဖြစ်သည်ဟု သူမကပြောကြားခဲ့ပါသည်။

မူရင်းစာအုပ်မှ အမူအကျင့် ၇ ရပ်မှာ 
Habit 1: Be Proactive (You’re in Charge)
Habit 2: Begin With the End in Mind (Have a Plan)
Habit 3: Put First Things First (Work First, Then Play)
Habit 4: Think Win-Win (Everyone Can Win)
Habit 5: Seek First to Understand, Then to Be Understood(Listen Before You Talk)
Habit 6: Synergize (Together Is Better)
Habit 7: Sharpen the Saw (Balance Feels Best)

Ref: bangkokpost.com

By Yu Khine

Latest Post Read 348 times