ဥပဒေမေဂျာတက်ရောက်မည့်သူများ လျှောက်ထားနိုင်တဲ့ပညာသင်ဆု

ဥပဒေမေဂျာတက်ရောက်မည့်သူများ လျှောက်ထားနိုင်တဲ့ပညာသင်ဆု

တစ်နှစ်လျှင် အနည်းဆုံး ကျောင်းသားကျောင်းသူ (၆) ဦး ရွေးချယ်ပေးအပ်မည်ဖြစ်ပါသည်။

တက္ကသိုလ်ပညာသင်ထောက်ပံ့ကြေး လျှောက်ထားလိုသူအတွက် လိုအပ်မည့် စည်းကမ်းချက်များ

၁။ လျှောက်ထားသူနှင့် လျှောက်ထားသူ၏ မိဘနှစ်ပါးလုံးသည် ပြည်ထောင်စုမြန်မာနိုင်ငံသား တိုင်းရင်းသား ဖြစ်ရပါမည်။

၂။ စီးပွားရေးအမှန်တကယ်ချို့တဲ့သူဖြစ်ရပါမည်။

၃။ ကျောင်းတက်ချိန် (၇၅%) ပြည့်မှီရမည်။

၎။ ပညာသင်ထောက်ပံ့ကြေး လာရောက်ထုတ်ယူသည့်အချိန်တိုင်း လစဉ် Test အမှတ်များကို တင်ပြရမည်။

၅။ နောက်ဆုံးစာမေးပွဲတွင် ကျရှုံးခြင်း၊ ကျောင်းတက်နေစဉ် ကာလအတွင်း အိမ်ထောင်ပြုခြင်းများ ပြုလုပ်ပါက ပညာသသင်ထောက်ပံ့ကြေးပေးခြင်းကို ရပ်ဆိုင်းမည် ဖြစ်ပါသည်။

၆။ ပညာသင်ထောက်ပံ့ကြေးရရှိသူသည် ပညာရေးတွင် ထူးချွန်၍ မဟာတန်းဆက်လက် တက်ရောက်ခွင့်ရရှိပါက မဟာတန်းအတွက် ပညာသင်ထောက်ပံ့ကြေးကိုပါ ဆက်လက်ထောက်ပံ့မည် ဖြစ်ပါသည်။

၇။ ပညာသင်ထောက်ပံ့ကြေးရရှိသူသည် ဘွဲ့ရရှိပြီးပါက တရားသူကြီး၊ ဥပဒေ၀န်ထမ်း သို့မဟုတ် ပြင်ပရှေ့နေ အလုပ်များကို အနည်းဆုံး (၅) နှစ် လုပ်ကိုင်ရမည် ဖြစ်ပါသည်။

၈။ ပညာသင်ထောက်ပံ့ကြေးကို တစ်နှစ်လျှင် အနည်းဆုံး (၆) ဦး ထောက်ပံ့မည် ဖြစ်ပါသည်။

အမှတ်၁၉ ကျိုက်ဝိုင်း၊ ဘုရားလမ်း၊ မြိုင်ဟေဝန်အိမ်ယာ၊ ၈ မိုင်၊ မရမ်းကုန်း မြို့နယ်၊ ရန်ကုန်မြို့ သို့ဆက်သွယ်လျှောက်ထားနိုင်ပါသည်။

ဖုန်းနံပါတ် - ၀၉-၄၄၄၈၂၂၂၄၃၊ ၀၉-၄၂၁၁၅၈၄၁၉

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: ကွန်းခိုရာ ဖောင်ဒေးရှင်း

 

Local Read 2189 times