နိုဝင်ဘာလကုန်တွင် ကြေညာတော့မည့် အဝေးသင်တက္ကသိုလ်ဝင်ခွင့်များအကြောင်း

**Zawgyi**

ယခုႏွစ္အေဝးသင္တကၠသုိလ္ ပထမႏွစ္ တက္ေရာက္ခြင့္ရသူမ်ားစာရင္းကို ႏိုဝင္ဘာလကုန္တြင္ ေၾကညာမည္ျဖစ္ပါတယ္။


"ဝိဇၨာ၊ သိပၸံတကၠသုိလ္၊ အသက္ေမြးဝမ္းေက်ာင္း တကၠသုိလ္ေတြက အခုေက်ာင္းအပ္လက္ခံေနၿပီ။ ၿပီးရင္အေဝးသင္တကၠသုိလ္ေတြ ေၾကညာမွာပါ" ဟုအဆင့္ျမင့္ပညာဦးစီးဌာန ညႊန္ၾကားေရးမွဴးတစ္ဦးက ေျပာပါတယ္။


ဝင္ခြင့္တိုက္ရိုက္ေခၚသည့္ တကၠသုိလ္ (၁၄)ခု၊ ေဆးတကၠသုိလ္ႏွင့္ ေဆးႏွီးႏႊယ္တကၠသုိလ္မ်ား၊ နည္းပညာႏွင့္ ကြန္ပ်ဴတာတကၠသုိလ္မ်ား၊ ဝိဇၨာ၊ သိပၸံတကၠသုိလ္မ်ားက ႏိုဝင္ဘာ (၁၈) ရက္တြင္စတင္ကာ ေက်ာင္းအပ္လက္ခံေနၿပီး အေဝးသင္တကၠသုိလ္ေလ်ွာက္ထားသူမ်ား၏ ဝင္ခြင့္ရစာရင္းကို ႏိုဝင္ဘာလကုန္တြင္ ေၾကညာမည္ျဖစ္ပါတယ္။


၂၀၂၀ အေဝးသင္တကၠသုိလ္ ပထမႏွစ္သင္တန္းေက်ာင္းအပ္လက္ခံျခင္းကို ဒီဇင္ဘာလကုန္ စတင္ေဆာင္ရြက္ေပးမည္ျဖစ္ရာ ယင္းမတိုင္မီတက္ေရာက္ခြင့္ရသူမ်ားစာရင္းကို သက္ဆိုင္ရာ တကၠသုိလ္မ်ား၏ ဝက္ဘ္ဆိုက္မ်ားမွတစ္ဆင့္ ေၾကညာမည္ျဖစ္ပါတယ္။


၂၀၁၉ တကၠသုိလ္ဝင္စာေမးပြဲ ေအာင္ျမင္သူမ်ားအတြက္ အဆင့္ျမင့္ပညာဦးစီးဌာနသို႔ ေလ်ွာက္ထားရမည့္ တကၠသုိလ္မ်ားစာရင္းတြင္ အေဝးသင္တကၠသုိလ္မ်ား ထည့္သြင္းထားပါတယ္။
အေဝးသင္တကၠသုိလ္ဝင္ခြင့္ကို အဆင့္ျမင့္ပညာဦးစီးဌာန တကၠသုိလ္ဝင္ခြင့္ေရြးခ်ယ္ေရးအဖြဲ႕က ေရြးခ်ယ္မည္ျဖစ္ပါတယ္။


အေဝးသင္တကၠသုိလ္တက္ေရာက္ခြင့္ရသူမ်ားစာရင္း ေၾကညာၿပီးပါက ၄င္းတို႔ တက္ေရာက္ခြင့္ရေသာ အထူးျပဳဘာသာရပ္အလိုက္ ပထမအသုတ္၊ ဒုတိယအသုတ္၊ တတိယအသုတ္ခြဲထားမည္ျဖစ္ၿပီး တစ္သုတ္ခ်င္းစီေက်ာင္းအပ္လက္ခံမည္ျဖစ္ပါတယ္။


အေဝးသင္တကၠသုိလ္တက္ခြင့္ရသည့္ေက်ာင္းသား/သူ မ်ားသည္ သတ္မွတ္ရက္အတြင္းေက်ာင္းအပ္ရမည္ျဖစ္ပါတယ္။


စာစဥ္မ်ား တင္သြင္းထားၿပီး စာေမးပြဲဝင္ခြင့္ေလ်ွာက္လႊာတင္သြင္းၿပီးမွသာ စာေမးပြဲေျဖဆိုခြင့္ျပဳမည္ျဖစ္သည့္အျပင္စာေမးပြဲ မေျဖဆိုမီ အနီးကပ္ပို႔ခ်င္တန္းမ်ားတက္ေရာက္ရန္လည္း တကၠသုိလ္မ်ားက ၂၀၁၉ တကၠသုိလ္ဝင္ခြင့္လမ္းညႊန္တြင္ ထည့္သြင္းေၾကညာထားပါတယ္။


အေဝးသင္တကၠသုိလ္မ်ား၏ အတန္းတင္စာေမးပြဲကို ပညာသင္ႏွစ္တစ္ႏွစ္လ်ွင္ တစ္ႀကိမ္သာ ျပဳလုပ္ၿပီး ေနာက္ဆက္တြဲစာေမးပြဲ ျပန္လည္ေျဖဆိုခြင့္ေပးမည္မဟုတ္ေၾကာင္း တကၠသုိလ္ဝင္ခြင့္လမ္းညႊန္တြင္ ေၾကညာထားပါတယ္။


ထို႔အျပင္စာေမးပြဲတြင္ မသမာမႈမ်ားျပဳလုပ္ပါက တစ္ႏွစ္မွ သံုးႏွစ္အထိ ေက်ာင္းမွထုတ္ပယ္မည္ဟု အေဝးသင္တကၠသိုလ္စာေမးပြဲဆိုင္ရာ စည္းမ်ဥ္းစည္းကမ္းမ်ားတြင္ ေဖာ္ျပထားပါတယ္။

Read More:>>>  ေန႔သင္တန္းမွ အေဝးသင္သို႔ အေဝးသင္ သင္တန္းမွ ေန႔သင္တန္းသို႔ ေျပာင္းျခင္း

ယခုပညာသင္ႏွစ္တြင္ အေဝးသင္တကၠသိုလ္ ေက်ာင္းသား/သူ (၅ သိန္း)ခန္႔ရွိၿပီး ျမန္မာႏိုင္ငံရွိ တကၠသိုလ္ေက်ာင္းသား/သူ (၆၀%) ခန္႔အေဝးသင္တက္ေရာက္ေၾကာင္း ပညာေရးဝန္ႀကီးဌာန အခ်က္အလက္မ်ားတြင္ ေဖာ္ျပထားပါတယ္။

Credit: 7Day News


**Unicode**

ယခုနှစ်အဝေးသင်တက္ကသိုလ် ပထမနှစ် တက်ရောက်ခွင့်ရသူများစာရင်းကို နိုဝင်ဘာလကုန်တွင် ကြေညာမည်ဖြစ်ပါတယ်။


"ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်၊ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တွေက အခုကျောင်းအပ်လက်ခံနေပြီ။ ပြီးရင်အဝေးသင်တက္ကသိုလ်တွေ ကြေညာမှာပါ" ဟုအဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးတစ်ဦးက ပြောပါတယ်။


ဝင်ခွင့်တိုက်ရိုက်ခေါ်သည့် တက္ကသိုလ် (၁၄)ခု၊ ဆေးတက္ကသိုလ်နှင့် ဆေးနှီးနွှယ်တက္ကသိုလ်များ၊ နည်းပညာနှင့် ကွန်ပျူတာတက္ကသိုလ်များ၊ ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များက နိုဝင်ဘာ (၁၈) ရက်တွင်စတင်ကာ ကျောင်းအပ်လက်ခံနေပြီး အဝေးသင်တက္ကသိုလ်လျှောက်ထားသူများ၏ ဝင်ခွင့်ရစာရင်းကို နိုဝင်ဘာလကုန်တွင် ကြေညာမည်ဖြစ်ပါတယ်။


၂၀၂၀ အဝေးသင်တက္ကသိုလ် ပထမနှစ်သင်တန်းကျောင်းအပ်လက်ခံခြင်းကို ဒီဇင်ဘာလကုန် စတင်ဆောင်ရွက်ပေးမည်ဖြစ်ရာ ယင်းမတိုင်မီတက်ရောက်ခွင့်ရသူများစာရင်းကို သက်ဆိုင်ရာ တက္ကသိုလ်များ၏ ဝက်ဘ်ဆိုက်များမှတစ်ဆင့် ကြေညာမည်ဖြစ်ပါတယ်။


၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအတွက် အဆင့်မြင့်ပညာဦးစီးဌာနသို့ လျှောက်ထားရမည့် တက္ကသိုလ်များစာရင်းတွင် အဝေးသင်တက္ကသိုလ်များ ထည့်သွင်းထားပါတယ်။
အဝေးသင်တက္ကသိုလ်ဝင်ခွင့်ကို အဆင့်မြင့်ပညာဦးစီးဌာန တက္ကသိုလ်ဝင်ခွင့်ရွေးချယ်ရေးအဖွဲ့က ရွေးချယ်မည်ဖြစ်ပါတယ်။


အဝေးသင်တက္ကသိုလ်တက်ရောက်ခွင့်ရသူများစာရင်း ကြေညာပြီးပါက ၎င်းတို့ တက်ရောက်ခွင့်ရသော အထူးပြုဘာသာရပ်အလိုက် ပထမအသုတ်၊ ဒုတိယအသုတ်၊ တတိယအသုတ်ခွဲထားမည်ဖြစ်ပြီး တစ်သုတ်ချင်းစီကျောင်းအပ်လက်ခံမည်ဖြစ်ပါတယ်။


အဝေးသင်တက္ကသိုလ်တက်ခွင့်ရသည့်ကျောင်းသား/သူ များသည် သတ်မှတ်ရက်အတွင်းကျောင်းအပ်ရမည်ဖြစ်ပါတယ်။


စာစဉ်များ တင်သွင်းထားပြီး စာမေးပွဲဝင်ခွင့်လျှောက်လွှာတင်သွင်းပြီးမှသာ စာမေးပွဲဖြေဆိုခွင့်ပြုမည်ဖြစ်သည့်အပြင်စာမေးပွဲ မဖြေဆိုမီ အနီးကပ်ပို့ချင်တန်းများတက်ရောက်ရန်လည်း တက္ကသိုလ်များက ၂၀၁၉ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်တွင် ထည့်သွင်းကြေညာထားပါတယ်။


အဝေးသင်တက္ကသိုလ်များ၏ အတန်းတင်စာမေးပွဲကို ပညာသင်နှစ်တစ်နှစ်လျှင် တစ်ကြိမ်သာ ပြုလုပ်ပြီး နောက်ဆက်တွဲစာမေးပွဲ ပြန်လည်ဖြေဆိုခွင့်ပေးမည်မဟုတ်ကြောင်း တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်တွင် ကြေညာထားပါတယ်။


ထို့အပြင်စာမေးပွဲတွင် မသမာမှုများပြုလုပ်ပါက တစ်နှစ်မှ သုံးနှစ်အထိ ကျောင်းမှထုတ်ပယ်မည်ဟု အဝေးသင်တက္ကသိုလ်စာမေးပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းများတွင် ဖော်ပြထားပါတယ်။

Read More:>>>  ေန႔သင္တန္းမွ အေဝးသင္သို႔ အေဝးသင္ သင္တန္းမွ ေန႔သင္တန္းသို႔ ေျပာင္းျခင္း

ယခုပညာသင်နှစ်တွင် အဝေးသင်တက္ကသိုလ် ကျောင်းသား/သူ (၅ သိန်း)ခန့်ရှိပြီး မြန်မာနိုင်ငံရှိ တက္ကသိုလ်ကျောင်းသား/သူ (၆၀%) ခန့်အဝေးသင်တက်ရောက်ကြောင်း ပညာရေးဝန်ကြီးဌာန အချက်အလက်များတွင် ဖော်ပြထားပါတယ်။

Credit: 7Day News
 

News Tips Latest Post Read 4481 times