ကိုရီးယားနည်းပညာ သက်မွေးသင်တန်းပို့ချရေးဝင်တာ အကောင်အထည်ဖော်မည်

**Zawgyi**

ေက်းလက္ေနျပည္သူမ်ား၏ လူမႈစီးပြားဘဝျမင့္မားလာေစေရးႏွင့္ ႏိုင္ငံစီးပြားဖြံ႔ၿဖိဳးတိုးတက္ေစေရးကို အေထာက္အကူျဖစ္ေစမည့္ ကိုရီးယားနညး္ပညာသက္ေမြး ပညာရပ္မ်ားကို ပို႔ခ်ႏိုင္ရန္ အေမရိကန္ေဒၚလာ ကိုးသိန္းအကုန္အက်ခံ၍ ရန္ကုန္ၿမိဳ႕တြင္ Korea Vocational Training Center အေကာင္အထည္ေဖာ္ေဆာင္ရြက္မည္ျဖစ္ေၾကာင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနမွ သိရပါတယ္။

စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာနသည္ Korea Vocational Training Center စီမံကိန္းကို အေသးစားစက္မႈလက္မႈလုပ္ငန္းဦးစီးဌာန၊ ေတာင္ကိုရီးယားႏိုင္ငံရွိ Korea Foundation For Life and Culture Movement (FLCM Foundation) တို႔ႏွင့္ ပူးေပါင္းေဆာင္ရြက္ႏိုင္ရန္ စီစဥ္ေနျခင္းျဖစ္ပါတယ္။

"ဒီသင္တန္းပို႔ခ်ႏိုင္ဖို႔ နားလည္မႈစာခ်ြန္လႊာ (MoU) ကို ႏိုဝင္ဘာ (၂၂) ရက္က ႏွစ္ႏိုင္ငံလက္မွတ္ေရးထိုးၿပီးပါၿပီ၊ သင္တန္းဖြင့္လွစ္ႏိုင္ဖို႔ ဆက္လက္ေဆာင္ရြက္ေနပါတယ္"ဟု အေသးစားစက္မႈလက္မႈလုပ္ငန္း ဦးစီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးခြန္ေအးႏိုင္က ေျပာပါတယ္။

Read More:>>>  တကၠသိုလ္တက္ရန္အခက္အခဲရွိသူမ်ား ပညာသင္ေထာက္ပံ့ေၾကးေလွ်ာက္ထားႏိုင္

အဆိုပါ စီမံကိန္းကို ေတာင္ကိုရီးယားႏိုင္ငံ ဂူမီၿမိဳ႕တြင္ အေျခစိုက္ဖြဲ႔စည္းထားသည့္ FLCM Foundation က အေမရိကန္ေဒၚလာ ကိုးသိန္း အကုန္အက်ခံကာ အေကာင္အထည္ေဖာ္မည္ျဖစ္ၿပီး စီမံကိန္းအရ ပညာေရးဆံုးခန္းတိုင္သင္ၾကားႏိုင္ျခင္း မရိွသည့္ လူငယ္လူရြယ္မ်ားကို အသက္ေမြးဝမ္းေက်ာင္းဆိုင္ရာ အတတ္ပညာမ်ား ေလ့လာသင္ယူေစမည္ျဖစ္ကာ က်ြမ္းက်င္လုပ္သားမ်ားအျဖစ္ အလုပ္အကိုင္ရရွိေစရန္ႏွင့္ ကိုယ္ပိုင္အလုပ္ရံု လုပ္ငန္းမ်ားတည္ေထာင္ႏိုင္ေစရန္ ရည္ရြယ္ေၾကာင္းသိရပါတယ္။

Source: ျမဝတီ

**Unicode**

ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရေးနှင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်စေရေးကို အထောက်အကူဖြစ်စေမည့် ကိုရီးယားနည်းပညာသက်မွေး ပညာရပ်များကို ပို့ချနိုင်ရန် အမေရိကန်ဒေါ်လာ ကိုးသိန်းအကုန်အကျခံ၍ ရန်ကုန်မြို့တွင် Korea Vocational Training Center အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရပါတယ်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသည် Korea Vocational Training Center စီမံကိန်းကို အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ တောင်ကိုရီးယားနိုင်ငံရှိ Korea Foundation For Life and Culture Movement (FLCM Foundation) တို့နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် စီစဉ်နေခြင်းဖြစ်ပါတယ်။

"ဒီသင်တန်းပို့ချနိုင်ဖို့ နားလည်မှုစာချွန်လွှာ (MoU) ကို နိုဝင်ဘာ (၂၂) ရက်က နှစ်နိုင်ငံလက်မှတ်ရေးထိုးပြီးပါပြီ၊ သင်တန်းဖွင့်လှစ်နိုင်ဖို့ ဆက်လက်ဆောင်ရွက်နေပါတယ်"ဟု အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခွန်အေးနိုင်က ပြောပါတယ်။

Read More:>>>  တကၠသိုလ္တက္ရန္အခက္အခဲရွိသူမ်ား ပညာသင္ေထာက္ပံ့ေၾကးေလွ်ာက္ထားႏိုင္

အဆိုပါ စီမံကိန်းကို တောင်ကိုရီးယားနိုင်ငံ ဂူမီမြို့တွင် အခြေစိုက်ဖွဲ့စည်းထားသည့် FLCM Foundation က အမေရိကန်ဒေါ်လာ ကိုးသိန်း အကုန်အကျခံကာ အကောင်အထည်ဖော်မည်ဖြစ်ပြီး စီမံကိန်းအရ ပညာရေးဆုံးခန်းတိုင်သင်ကြားနိုင်ခြင်း မရှိသည့် လူငယ်လူရွယ်များကို အသက်မွေးဝမ်းကျောင်းဆိုင်ရာ အတတ်ပညာများ လေ့လာသင်ယူစေမည်ဖြစ်ကာ ကျွမ်းကျင်လုပ်သားများအဖြစ် အလုပ်အကိုင်ရရှိစေရန်နှင့် ကိုယ်ပိုင်အလုပ်ရုံ လုပ်ငန်းများတည်ထောင်နိုင်စေရန် ရည်ရွယ်ကြောင်းသိရပါတယ်။

Source: မြဝတီ

News Tips Latest Post Read 992 times