ကိုရီးယားတက္ကသိုလ်သို့ ပညာသင်ဆု လျှောက်ထားနိုင်

ကိုရီးယားတက္ကသိုလ်သို့ ပညာသင်ဆု လျှောက်ထားနိုင်

Korean Government Scholarship Program - KGSP Graduate School Programs သင်တန်းသို့ အရည်အချင်း ပြည့်မီသူများ လျှောက်ထားနိုင်ပါကြောင်း ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး က ရည်ညွှန်းချက် ပါစာဖြင့် အကြောင်းကြားလာပါသည်။

၂။ သို့ဖြစ်ပါ၍ လျှောက်ထားလိုသူများသည် အောက်ဖော်ပြပါ အချက်အလက်များအား သိရှိဆောင်ရွက် နိုင်ပါရန်နှင့် တက္ကသိုလ်/ ဒီဂရီကောလိပ်/ ကောလိပ်များအနေဖြင့် လျှောက်ထားသည့် ပုဂ္ဂိုလ်များ၏ အမည်စာရင်းနှင့် ၎င်းတို့၏ လျှောက်လွှာ အပြည့်အစုံ (၄)စုံ စီကို ဤဦးစီးဌာန သို့ (၂၉-၁၀-၂၀၁၈)ရက်နေ့ အရောက် ပေးပို့ လျှောက်ထားကြရန် အကြောင်းကြားပါသည် -

(က) သက်ဆိုင်ရာ Website: http://graduate2.korea.ac.kr သို့ ဝင်ရောက်ပြီး အစီအစဉ်ဆိုင်ရာ အသေးစိတ် အချက်အလက်များ ကြည့်ရှု၍ လျှောက်လွှာရယူ လျှောက်ထားနိုင် ပါသည်၊

(ခ) ကိုရီးယားတက္ကသိုလ်များတွင် ဘွဲ့လွန်သင်တန်း တက်ရောက်လိုသည့် ကျောင်းသားများသည် သက်ဆိုင်ရာနိုင်ငံများရှိ ကိုရီးယားသံရုံး၏ ထောက်ခံချက်ဖြင့် လည်းကောင်း၊ ကိုရီးယားသံရုံးမှ လည်းကောင်း၊ သတ်မှတ်ထားသည့် တက္ကသိုလ်သို့လည်းကောင်း ပေးပို့လျှောက်ထားနိုင်ပါကြောင်း၊

(ဂ) ပညာသင်ဆု လျှောက်လွှာများ စိစစ်ရွေးချယ်ခြင်းနှင့် လူတွေ့စစ်ဆေးခြင်းကို ၂၀၁၉ ခုနှစ် မေလတွင် ပြုလုပ်သွားမည် ဖြစ်ပါကြောင်း၊

(ဃ) ရွေးချယ်ခံရသည့် သင်တန်းသားအတွက် အသွား/အပြန် လေယာဉ်စရိတ်၊ လစဉ် ထောက်ပံ့ကြေး ကိုရီးယားဝမ်ကိုးသိန်းတို့အား ကိုရီးယားအစိုးရမှ ထောက်ပံ့ပေးမည် ဖြစ်ပါကြောင်း၊

(င) သင်တန်းကြေး (Tuition Fees)အား National Institute for International Education (NITED)မှ ထောက်ပံ့ပေးမည် ဖြစ်ပါကြောင်း၊

(စ) ပညာသင်ရွေးချယ်ခံရသည့် အမည်စာရင်းကို http://www.studyinkorea.go.kr ၌ ၂၀၁၉ ခုနှစ် ဇွန်လတွင် ကြေညာသွားမည် ဖြစ်ပါကြောင်း၊

၃။ Korea University မှ ကိုရီးယားသမ္မတနိုင်ငံအစိုးရ၏ ပညာသင်ဆု အစီအစဉ်သို့  ၀င်ရောက်လျှောက်ထားနိုင်ကြောင်း ပေးပို့ထားသည့် အကြောင်းကြားစာနှင့် အစီအစဉ်များ သိရှိနိုင်ပါရန်နှင့် လိုအပ်သကဲ့သို့ ဆက်လက်ဆောင်ရွက်နိုင်ပါရန် ထိုစာနှင့်အတူ ပူးတွဲပေးပို့အပ်ပါသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

International Read 2681 times