မြိတ်တက္ကသိုလ် (၃) ခုက ကျောင်းသားများကို ထိုင်းနိုင်ငံမှ ပညာသင်ဆုများပေးမည်

မြိတ်တက္ကသိုလ် (၃) ခုက ကျောင်းသားများကို ထိုင်းနိုင်ငံမှ ပညာသင်ဆုများပေးမည်

ထိုင်းနိုင်ငံက ဘုရင့်တက္ကသိုလ် King Mongkut’s Institute of Technology Ladkrabangနနဲ့ မြိတ်မြို့မှာရှိတဲ့ တက္ကသိုလ်တွေ ကျောင်းသူ/သားတွေကို ပညာသင်ဆုပေးဖို့ မြိတ်မြို့၊ ဂရင်းဂျိတ်ဟိုတယ်မှာ လာရောက်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

မြိတ်မြို့ရဲ့ စီးပွားရေး၊ ပညာရေး တိုးတက်စေဖို့ ရည်ရွယ်ပြီး အခုလို ပညာသင်ဆုတွေ လာရောက်ချီးမြှင့်တာလို့ AKM Tourism မှ ဦးအောင်ကြည်မြင့်က ပြောပါတယ်။

အဲဒီတက္ကသိုလ်က အစိုးရတက္ကသိုလ်ဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ အဓိက တက္ကသိုလ်ဖြစ်တဲ့ အပြင် ကမ္ဘာ့အဆင့်ကို တက်လှမ်းနေပြီ ဖြစ်ပါတယ်။

တက္ကသိုလ်ကျောင်း () ကျောင်းက ကျောင်းသား ၂ ဦးစီ Bachelor အတန်းအတွက် တက်ခွင့်ရမှာဖြစ်ပြိး Master တန်းအတွက် ၁ ဦး၊ Ph.D တန်းအတွက် ၁ ဦးလည်း တက်ခွင့်ရမည် ဖြစ်သည်။

Bachelor တန်းအတွက် ၄ နှစ်စာ ကျောင်းလခလွတ်ငြိမ်းခွင့် ၁ လ ထောက်ပံ့ကြေး ဘတ် ၁ သောင်းခွဲ ရရှိမှာ ဖြစ်ပြီး Master တန်း ၄ နှစ်အတွက် ဘတ် ၃၂၀၀၀၀၊ ထောက်ပံ့ကြေး လစဉ် ဘတ် ၁ သောင်းခွဲ နဲ့ နေစရာ စီစဉ်ပေးမည်။

Ph.D တန်း စာသင်နှစ် ၃ နှစ်အတွက် ဘတ် ၇ သိန်း ၂ သောင်း၊ လစဉ်ထောက်ပံ့ကြေး ဘတ် ၁ သောင်းခွဲနဲ့ နေရာထိုင်ခင်းစီစဉ်ပေးမှာဖြစ်သည်။

ပညာသင်ဆု ရရှိသူတိုင်း သင်တန်း ၁ နှစ်အတွက် အသွားအပြန် လောယာဉ်လက်မှတ် အခမဲ့ရမည် ဖြစ်ပါတယ်။

စာချုပ်ထဲမှာတော့ပညာသင်ဆုရပြီး ဘွဲ့ရလာတဲ့ သူက မြိတ်ခရိုင်မှာ ၂ နှစ် အလုပ်အကျွေးပြုရမယ်။ မြိတ်တက္ကသိုလ် ၃ ခုမှာ ပညာသင်နေတဲ့ကျောင်းသူ/ သားများဆိုပေမယ့် တခြားမြို့ကနေလာရောက်ကျောင်းတက်တဲ့ သူတွေလည်း ၀င်ရောက်ရွေးချယ်ခွင့်ရှိပါတယ်။ တခြားချုပ်ခြယ်မှုတွေ မရှိပါဘူး။ Masterတန်းအတွက် အသက် ၃၅ နှစ် အောက်နဲ့ Ph.D တန်းအတွက် အသက် ၄၀ ထက်မကြီးတဲ့ သူတွေဖြစ်ရပါမယ်။”

ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှ တက္ကသိုလ် ကျောင်းသားတွေကို ပညာသင်ဆုပေးဖို့ အစီအစဉ်တွေ ရှိပေမယ့် MOU ထိုးဖို့ နှောင့်နှေးတာတွေ ရှိနေကြောင်း သိရပါတယ်။

Semester တိုင်း သတ်မှတ် point 3.5 ကျော် ရပါ့မယ်။
မရရင် ကိုယ့်စရိတ် သို့မဟုတ်ပြန်လာရမည်ဖြစ်ပါတယ်။

ဒီတော့ ကျောင်းသားများဘက်က စာကြိုးစားဖို့ဘဲ ဖြစ်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။


source: TU - Myeik

 

International Read 2261 times