JLPT စာမေးပွဲကို အွန်လိုင်းမှလျှောက်ထားသူများ ဇွန် (၁) မှစပြီး ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူနိုင်

 

2024 JULY JLPT စာမေးပွဲအတွက် အွန်လိုင်းမှ လျှောက်လွှာတင်ထားသူများအနေဖြင့် ဇွန် ၁ ရက်မှစ၍ စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Test Voucher) အား ထုတ်ယူနိုင်ပြီဖြစ်ကြောင်းနှင့် Test Voucher ထုတ်ယူပုံ အဆင့်ဆင့်တို့ကို JLPT စာမေးပွဲကျင်းပရေးကော်မတီ Myanmar Association of Japan Alumni (MAJA) မှ အသိပေးထုတ်ပြန်ထားပါသည်။ 

 

စာမေးပွဲဖြေဆိုသည့်နေ့တွင် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Test Voucher) အား Color Print ထုတ်၍ ယူဆောင်သွားရမည်ဖြစ်ဖြစ်ပြီး ဖုန်းဖြင့်ပြသ၍မရကြောင်းလည်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ 

 

စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Test Voucher) ဝင်ရောက်ထုတ်ယူရမည့် Website Link

>> https://jlpt-maja.org.mm/

 

Test Voucher ထုတ်ယူပုံ အဆင့်ဆင့်

၁။ ပထမဦးစွာ အထက်ပါ link အား copy ယူ၍ browser တွင် ဖွင့်ပါ။

၂။ လော့ဂ်အင် ခလုတ်အားနှိပ်ပါ။

၃။ လော့ဂ်အင် ID နှင့် စကားဝှက်အား ဖြည့်သွင်းပါ။

၄။ လျှောက်လွှာဖောင်အချက်အလက် ခလုတ်အား နှိပ်ပါ။

၅။ လျှောက်ထားသူသည် "PDF အားလုံးယူမည်" ခလုတ်အားနှိပ်၍ (Download) လုပ်ရပါမည်။

 

Test Voucher တွင် စာမျက်နှာ ၃ မျက်နှာ ပါဝင်ပါသည်။

စာမျက်နှာ ၁ - Test Voucher (ခုံနံပါတ်၊ ဖြေဆိုရမည့်ရက်၊ အချိန်နှင့် နေရာ ပါဝင်ပါသည်။)

စာမျက်နှာ ၂ - စာမေးပွဲစည်းကမ်းများ

စာမျက်နှာ ၃ - စာမေးပွဲဖြေဆိုရမည့်နေရာပြမြေပုံ

စာမေးပွဲလာရောက်ဖြေဆိုသည့်နေ့တွင် အဆိုပါ စာမျက်နှာလုံး (၃) ခုလုံး Color Print ထုတ်၍ ယူဆောင်လာရန် လိုအပ်ပါသည်။

 

Application Form (Form C) စာရွက်ကိုလည်း သိမ်းဆည်းထားရန်လိုအပ်ပါသည်။ Online Result ကြည့်ရှုရာတွင် Form C တွင် ဖြည့်သွင်းထားခဲ့သော Passcode (၈) လုံးအား ထည့်သွင်းကြည့်ရှုရပါမည်။

 

Test Voucher ထုတ်ရန် မိမိတို့၏ Login ID အား မှတ်သားထားခြင်း မရှိပါက Online Application Website တွင်၊ "Login" > "Forget Password & Login ID" သို့ ဝင်ရောက်ပြီး၊ မိမိ၏ Email Address အားထည့်သွင်းကာ "Show Login ID" ကို နှိပ်ပြီး Login ID ကို ရယူနိုင်ပါသည်။


စာမေးပွဲဖြေဆိုရမည့်နေ့တွင် ယခု Test Voucher (စာမေးပွဲဖြေဆိုခွင့်ကတ်) Print စာရွက်နှင့်အတူ အောက်ပါ သက်သေခံကတ် (မူရင်း) တစ်ခုခု မပါရှိလျှင် “စာမေးပွဲဖြေဆိုခွင့် မပြုပါ။”

(၁) မှတ်ပုံတင် (၁၀ နှစ်ပြည့်ဖြစ်စေ၊ ၁၈ နှစ်ပြည့်ဖြစ်စေ အကျုံးဝင်ပါသည်။)

(၂) သက်တမ်းရှိ နိုင်ငံကူးလက်မှတ်

(၃) သက်တမ်းရှိ ယာဉ်မောင်းလိုင်စင် (က/A ဆိုင်ကယ်လိုင်စင်မှာ မွေးသက္ကရာဇ်မပါသဖြင့် အကျုံးမဝင်ပါ။)

(၄) မွေးစာရင်း (၁၀ နှစ်အောက် လျှောက်လွှာတင်သူများအတွက်သာ အကျုံးဝင်ပါသည်။)

(၅) သာသနာဝင်စိစစ်ရေးကတ်ပြား၊ သာသနာနွယ်ဝင်စိစစ်ရေးကတ်ပြား (ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင်များအတွက်သာ အကျုံးဝင်ပါသည်။)

 

Source - JLPT စာမေးပွဲကျင်းပရေးကော်မတီ (မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း)

 

Latest Post Local News Read 512 times