ပညာသင်ဆုမှာ ဂျပန်နိုင်ငံရှိ Business Plus Support Company ၏အမှုဆောင် အရာရှိချုပ် Ms.MihoyoFujii က ဂျပန်ဘာသာကို ကြိုးစား သင်ကြားလျက်ရှိသော မြန်မာလူငယ်များအား ကူညီထောက်ပံ့ပေးအပ်တဲ့ ပညာသင်ဆု ဖြစ်ပါတယ်။
လျှောက်ထား သူတွေအနေနဲ့ ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲ JLPT, TopJ, NAT Test စတာတွေမှာ N5 (or) N4 နဲ့ ထူးချွန်စွာအောင် မြင်ထားသူ၊ ဂျပန်ဘာသာ သင်ကြားရန် ငွေကြေးလိုအပ်ချက်ရှိသူတို့ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။
ကျောင်းသား ဦးရေအနေနဲ့ ၁၀ အထိသာ ချီးမြှင့်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
လျှောက်ထားလိုသူတွေအနေနဲ့ MAJA Center, Kyoshin JETC Japanese Language Academy, JETC Japanese Training Centre တွေမှာ လျှောက်ထားနိုင်မယ်လို့ သိရပါတယ်။
အသေးစိတ်အချက်အလက်နဲ့ လျှောက်လွှာပုံစံတွေကို အထက်ဖော်ပြပါ ကျောင်းတွေမှာ စုံစမ်းနိုင်သလို ဖုန်း ၀၉- ၈၆၁၃၈၄၈၊ ၀၉- ၂၅၄၉၂၂၁၁၀ နဲ့ ၀၉- ၂၅၃၅၃၂၈၂၈ မှာလည်း ဆက်သွယ်စုံစမ်းနိုင်မှာ ဖြစ်ပါတယ်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: internet journal