ဂျပန်နိုင်ငံရှိသတင်းစာတိုက်ကြီးမှပညာသင်စားရိတ်ထောက်ပံ့ပေးမည်

ဂျပန်နိုင်ငံရှိသတင်းစာတိုက်ကြီးမှပညာသင်စားရိတ်ထောက်ပံ့ပေးမည်

ဂျပန်နိုင်ငံရှိသတင်းစာတိုက်ကြီးမှပညာသင်စားရိတ်ထောက်ပံ့ပေးမည့်၂ဝ၂ဝခုနှစ်၊ဧပြီလမှ ၂ဝ၂၂ခုနှစ်၊ မတ်လပညာသင်နှစ်အတွက် သတင်းစာပညာတော်သင် ကျောင်းသား/ကျောင်းသူ လျှောက်လွှာခေါ်ယူခြင်းဖြစ်ပါသည်။


**ခေါ်ယူမည့်ကျောင်းသား**
၁။ ၂ဝ၂ဝခုနှစ်၊ ဧပြီလမှ ၂ဝ၂၂ခုနှစ်၊ မတ်လအထိ(၂) နှစ်ကြာ၊ဂျပန်စာသင်ကျောင်းတွင်ပညာသင်ယူ နိုင်မည့်သူ။
၂။ တက္ကသိုလ်ဘွဲ့ရရှိပြီးသူ အသက် (၁၈~၃၀) ကြား ဖြစ်ရပါမည်။ (ကျန်းမာရေးကောင်းသူ)
၃။ ဆိုင်ကယ်လိုင်စင်ရှိသူ (သို့)ကားလိုင်စင်ရှိသူ(သို့) ၂ဝ၁၉ခုနှစ် (၁ဝ) လပိုင်းအတွင်းလိုင်စင်ရမည့်သူ။
၎။ ဂျပန်နိုင်ငံအသိအမှတ်ပြု (N5) နှင့်အထက်အောင်လက်မှတ်ရရှိပြီးသူဖြစ်ရပါမည်။ဂျပန်စာသင်ယူရန် စိတ်ဝင်စားသူ ဖြစ်ရပါမည်။
၅။ ဂျပန်နိုင်ငံ၏ စည်းကမ်း၊ကျောင်းစည်းကမ်းတို့ကို လိုက်နာမည့်သူ။
၆။ နောင်တစ်ချိန်တွင် မိမိကိုယ်ကိုနှင့် မိမိနိုင်ငံအတွက် အကျိုးပြုသူတစ်ယောက်ဖြစ်ရမည်ဟုယုံကြည်ထားသူ။

 

**ခေါ်ယူမည့်ပုံစံ**
၁။ ကျား/မ မရွေး ကိုယ်ရေးရာဇ၀င် (အင်္ဂလိပ်လို)ကိုအီးမေးလ်ဖြင့် ပို့ပေးရန်။
၂။ (၂၅.၈.၂၀၁၉ နှင့်၁.၉.၂၀၁၉) နံနက်(၁၀) နာရီမှမွန်းလွဲ၁နာရီအထိ Yangon International Hotel,8floors, Ballroom ခန်းမတွင်ဆွေးနွေးပွဲကျင်းပပါမည်။ အသေးစိတ်ပြင်ဆင်ထားရမည့်အရာများကိုအီးမေးလ်ဖြင့်အကြောင်းကြားပေးမည် ဖြစ်ပါသောကြောင့်(CV form) ပေးပို့ထားနိုင်ပါသည်။

 

** ရှင်းလင်းပွဲသည်အခမဲ့ဖြစ်ပါသည်။
** နှစ်ရက်ကျင်းပမှာဖြစ်တဲ့အတွက် အဆင်ပြေသောတစ်ရက်ကိုသေချာပေါက်တက်ရောက်ပေးပါ။နှစ်ရက်လုံးတူညီသောအကြောင်းအရာကိုရှင်းလင်းမှာဖြစ်ပါသည်။
**နောက်ကျသောဧည့်သည်များခန်းမအတွင်းဝင်ခွင့်မရှိပါ။
**ထိုင်ခုံအရေအတွက်သတ်မှတ်ထားသောကြောင့်(CV) ပို့ပေးသောသူများသာရှင်းလင်းပွဲခန်းမ အတွင်းဝင်ရောက်ခွင့်ရပါမည်။

 

၃။ အသေးစိတ် သိရှိလိုပါက Facebookတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။


၎။ CV နှင့် အကြံတောင်းစာကို ပေးထားသောလင့်တွင် Download ရယူပြီး အောက်ပါ(E-Mail) ကို ပို့ပေးပါ။

 

Read More>>>> လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ကြီးကြပ်ရေးမှူးသင်တန်း


၅။ အင်တာဗျူးကို (၁၃.၉.၂၀၁၉ ~ ၁၅.၉.၂၀၁၉) ရက်နေ့တွင်ပြုလုပ်သွားမည်ဖြစ်ပါသည်။အင်တာဗျူးမလာနိုင်သောသူများကိုကျရှုံးဟုသတ်မှတ်ပါမည်။


**CV Download Here**
https://bit.ly/31gBKOh

 

**Questionnaire Download Here**
https://bit.ly/2Myy4Dd

 

ပေးပို့ရန် E-mail - [email protected]
ဆက်သွယ်ရန် - AKAMONKAI JAPANESE LANGUAGE SCHOOL
ဖုန်း - ၀၉-၄၅၄၀၁၁၈၁၉၊ ၀၉-၇၈၆၄၃၃၄၅၀၊၀၉-၇၈၆၄၃၃၄၅၁၊
Facebook - AKAMONKAI JAPANESE LANGUAGE SCHOOL YANGON


Source: Akamonkai Japanese Language School Yangon

 

International Read 1348 times