အသွားအပြန် လေယာဉ်စရိတ်၊ နေထိုင်စရိတ်နှင့် စားသောက်စရိတ်တို့ကိုဂျပန်အစိုးရမှ တာဝန်ယူမည့် ပညာတော်သင်ဆု (၅) ဆုကို ကမ်းလှမ်းလာပါသည်။
သို့ဖြစ်ပါ၍စိတ်ပါဝင်စားလိုသူများ အမြန်လျှောက်ထားကြပါရန် ဖိတ်ခေါ်အပ်ပါသည်။
ပညာသင်ဆုအတွက် ကမ်းလှမ်းလာသော ဘာသာရပ်များ
Field |
Degree |
University |
Period |
No.Scholarship |
1. Information & Communication Technology |
M.E |
Waseda University |
2yrs |
1 |
2. Transportation&Traffi |
M.E |
Yokohama |
2yrs |
1 |
3. Electric Power&Energy |
M.E |
Kumamoto |
2yrs |
1 |
4. Urban Development Planning |
M.E |
Hiroshima |
2yrs |
1 |
5.Electric Power & Energy |
M.E |
University of Miyazaki |
2yrs |
1 |
လျှောက်ထားသူသည် -
၁။ မြန်မာနိုင်ငံသားဖြစ်ရမည်။
၂။ သက်ဆိုင်ရာ ဘာသာရပ်အလိုက် B.E ဘွဲ့ရရှိပြီးသူ (သို့) M.E ပြည်တွင်းဘွဲ့လွန်တက်ရောက်နေသူ (သို့) M.E ဘွဲ့ (ပြည်တွင်း) ရရှိပြီးသူများ လျှောက်ထားနိုင်သည်။
၃။ အင်္ဂလိပ်စာ ကောင်းရမည်။
၎။ ၂၀၁၉ ခုနှစ် ဧပြီလ (၁) ရက်နေ့ တွင် အသက် (၂၂) နှစ်ပြည့်၍ အသက် (၄၀) နှစ် ထက်မကြီးသူ ဖြစ်ရမည်။
၅။ ပုဂ္ဂလိက ကုမ္ပဏီ (သို့မဟုတ်) အဖွဲ့အစည်းတစ်ခုတွင် လုပ်ကိုင်နေပြီး လုပ်သက်အနည်းဆုံး (၂) နှစ်ရှိရမည်။
၆။ တာဝန်ထမ်းဆောင်နေသော လက်ရှိ ကုမ္ပဏီ/အဖွဲ့အစည်းတွင် လုပ်သက် (၂) နှစ်နှင့်အထက် ရှိသူကို ဦးစားပေးမည်။
၇။ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းဝင်ဖြစ်ရမည်။
၈။ ပညာသင်ကာလပြီးဆုံးအောင်မြင်လျှင် မြန်မာနိုင်ငံသို့ ပြန်လာ၍ မူလ ကုမ္ပဏီ/အဖွဲ့အစည်းတွင် ပြန်လည်လုပ်ကိုင်နိုင်သူဖြစ်ရမည်။
၉။ ဆေးစစ်ချက်အောင်ရမည်။
၁၀။ တင်ပြရမည့်အချက်များ
(က) နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ
(ခ) မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း အသင်းဝင်မိတ္တူ
(ဂ) ဆယ်တန်းအောင်လက်မှတ်မိတ္တူ
(ဃ) ဘွဲ့လက်မှတ်မိတ္တူ (B.E ဘွဲ့အတွက် Mini Thesis ခေါင်းစဉ် (သို့မဟုတ်) Project ခေါင်းစဉ်) (တက္ကသိုလ်/ဌာနထောက်ခံစာ)
(င) ကိုယ်ရေးအကျဉ်း CV (in English)
(စ) လိုင်စင်ဓာတ်ပုံ (၂) ပုံ (ရောင်စုံ)
(ဆ) သက်ဆိုင်ရာ ကုမ္ပဏီ/အဖွဲ့အစည်း၏ လုပ်ငန်းအတွေ့အကြုံထောက်ခံစာ
၁၀။ အခြားနိုင်ငံခြားတိုင်းပြည်တစ်ခုခု၏ ပညာသင်ဆုရရှိပြီးသူနှင့် ရရန်ရှိသူများ၊ လျှောက်ထားရန်အကြုံးမ၀င်ပါ။
တခြားနိုင်ငံတိုင်းပြည်တစ်ခုခု၏ ပညာသင်ဆုဖြင့် ဘွဲ့လွန်ရရှိပြီးသူများလည်း လျှောက်ထားရန် အကြုံးမ၀င်ပါ။
၁၁။ လျှောက်လွှာများကို စာရွက်စာတမ်းစုံလင်စွာဖြင့် ၂၂.၈.၂၀၁၈ (ဗုဒ္ဓဟူးနေ့) ညနေ ၅း၀၀ နာရီ နောက်ဆုံးထား၍ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းရုံးသို့ ပေးပို့လျှောက်ထားကြရန် ဖြစ်ပါသည်။
၁၂။ လျှောက်ထားလွှာတင်သွင်းရန်နှင့် ဆက်သွယ်ရန်လိပ်စာ
ဦးမြင့်စိုး
CEO, မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းရုံး၊
လှိုင်တက္ကသိုလ်နယ်မြေ၊ လှိုင်နယ်မြေ၊ ရန်ကုန်မြို့၊
ဖုန်းနံပါတ် 01-519673, 4,5,6 (Ext- 212)
မှတ်ချက် - ၂၅.၈.၂၀၁၈ (စနေနေ့) English Written Exam (General English) ကို မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းတွင် ပြုလုပ်ပါမည်။
၂၆.၈.၂၀၁၈ (တနင်္ဂနွေနေ့) Interview (Gen, English + Major Subject) မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းရုံးတွင် ပြုလုပ်မည်ဖြစ်သည်။
၂၇.၈.၂၀၁၈ (တနင်္လာနေ့)တွင် အောင်စာရင်းထုတ်ပြန်ပါမည်။
လျှောက်လွှာဖြည့်ရမည့်ပုံစံ - >> http://www.mes.org.mm/sites/default/files/JDS%20Form.pdf
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။
source: မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းရုံး