ဂျပန်အစိုးရမှ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း သို့ ပညာသင်ဆု ၅ ဆုအတွက် ကမ်းလှမ်း

ဂျပန်အစိုးရမှ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း သို့ ပညာသင်ဆု ၅ ဆုအတွက် ကမ်းလှမ်း

ထိုပညာသင်ဆုမှာ အသွားအပြန် လေယာဉ်စရိတ်၊ ပညာသင်စရိတ်၊ နေထိုင်စရိတ်နဲ့ စားသောက်စရိတ်တွေကို ဂျပန်အစိုးရကနေ တာဝန်ယူမှာ ဖြစ်ပါတယ်။

ပညာသင်ဆု ကမ်းလှမ်းထားတဲ့ ဘာသာရပ်တွေကတော့ Waseda Universtiy မှ Information & Communication Technology, Yokohama Na. University မှ Transportation & Taffi, Kumamoto University မှ Electric Power & Energy, Hiroshima University မှ Urban Development Planning, Unviersity of Miyazaki မှ Electric Power & Energy ၂ နှစ် သင်တန်းတွေ ဖြစ်ပါတယ်။

M.E ဘွဲ့ဒီဂရီအတွက် ခေါ်ယူတာဖြစ်ပြီး ဘာသာရပ်တစ်ခုစီအတွက် ပညာသင်ဆု တစ်ခုစီပေးအပ်မှာ ဖြစ်ပါတယ်။

REDA - ရန်ကုန်စီးပွားရေးတက္ကသိုလ်ဝင်ခွင့်

ပညာသင်ဆုကို သက်ဆိုင်ရာ ဘာသာရပ်အလိုက် B.E ဘွဲ့ရရှိပြီးသူ (သို့) M.E (ပြည်တွင်း) ဘွဲ့လွန်တက်ရောက်နေသူ (သို့) M.E ဘွဲ့ (ပြည်တွင်း) ရရှိပြီးသူတွေ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

လျှောက်ထားသူများသည် အင်္ဂလိပ်စာ ကောင်းရမှာဖြစ်ပြီး ၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်တွင် အသက် ၂၂ နှစ်ပြည့်ပြီး အသက် ၄၀ အောက် ရှိသူဖြစ်ရမှာပါ။

မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းဝင် ဖြစ်ရမည်ဖြစ်ပြီး ပုဂ္ဂလိက ကုမ္ပဏီ (သို့) အဖွဲ့အစည်းတစ်ခုခုမှာ လုပ်ကိုင်နေပြီး လုပ်သက်အနည်းဆုံး ၂ နှစ်ရှိရမှာဖြစ်ပါတယ်။

ပညာသင်ကာလပြီးဆုံးပါက မူလ ကုမ္ပဏီ/အဖွဲ့အစည်းမှာ ပြန်လည်လုပ်ကိုင်နိုင်သူ ဖြစ်ရမှာဖြစ်ပါတယ်။

လျှောက်ထားလိုသူတွေ အနေနဲ့ နိုင်ငံသားစိစစ်ရေး ကတ်မိတ္တူ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၊ အသင်းဝင်ကတ်မိတ္တူ၊ ဆယ်တန်းအောင်လက်မှတ် မိတ္တူ တွေကို တင်ပြရမှာဖြစ်ပါတယ်။

Contact Detail

ဖုန်း ၀၁-၅၁၉၆၇၃

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

source: internet journal

International Read 7388 times