James Cook University ၏ Singapore ပညာသင်ခရီးစဉ်

James Cook University ၏ Singapore ပညာသင်ခရီးစဉ်

ကမ္ဘာ့ထိပ်တန်း ၂ % စာရင်းဝင် James Cook University ၏ ဘွဲ့ဒီဂရီတွေကို စင်ကာပူကျောင်းခွဲမှာ တက်ရောက်ရယူလိုသူတွေအတွက် Admissions & Information Day ကို ဇွန် (၂၈) ရက်မှာ နံနက် (၁၀း၃၀) နာရီမှ ညနေ (၃း၃၀) အထိ AT&S (Overseas Education Services) အဆောင် ၅၊ အခန်း-၄၊ MICT Park၊ လှိုင်မြို့နယ်မှာ ကျင်းမမည်ဖြစ်ပါတယ်။

 

ကျောင်းလျှောက်လိုသူတွေအနေဖြင့် မိမိတို့၏ ပညာရေးဆိုင်ရာ စာရွက်စာတမ်းများကို တစ်ပါတည်းယူ ဆောင်လာပြီး ကျောင်းလျှောက်ထားပါက ကျောင်းလျှောက်လွှာကြေး စင်ကာပူဒေါ်လာ (၂၅၀) ကင်းလွတ်ခွင့်နှင့် စင်ကာပူအသွား လေယာဉ်လက်မှတ်တွေကို အထူးအခွင့်အရေးအနေဖြင့် ရရှိနိုင်မှာ ဖြစ်တဲ့အပြင် ၂၀၁၉ ခုနှစ် ပညာသင်နှစ် နိုဝင်ဘာကျောင်းဖွင့်ချိန်အတွက် ၁၀၀% အထိလျှောက်ထားနိုင်မည့် ပညာသင်ဆုများအကြောင်းကိုလည်း အသေးစိတ်တိုင်ပင်ဆွေးနွေးနိုင်မယ်ဟု သိရှိရပါတယ်။

 

James Cook University ၏ စင်ကာပူကျောင်းခွဲမှာ တက်ရောက်ပြီး စင်ကာပူ၏ ပညာသင်စရိတ်အတိုင်းပေးသွင်းကာ သြစတြေးလျ တက္ကသိုလ်မှာလည်း Inter-Campus Mobility Program အဖြစ် ပညာသင်ကြားခွင့်ရှမယ့် အခွင့်အရးကိုလည်း ရရှိနိုင်မည်ဟု သိရှိရပါတယ်။

 

Read More: ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်မှ ဝင်ခွင့်ဆိုင်ရာ အနိမ့်ဆုံးသတ်မှတ်ရမှတ်များ စုစည်းမှု

 

James Cook University Singapore တွင် MBA ကို (၁၂) လဖြင့်တက်ရောက်ရယူနိုင်ပြီး၊ Master of Information Technology Master of International Tourism and Hospitality Management ဘာသာရပ်များကို Joint Master အဖြစ် MBA နဲ့တွဲဖက်တက်ရောက်နိုင်သည့်အပြင် Bachelor of Business, Bachelor of Information Technology, Bachelor of Psychological Science စတဲ့ဘွဲ့ဒီဂရီများကိုလည်း တက်ရောက်နိုင်ပြီး HND Level 5 Diploma, NCC Diploma ABE Diploma များရရှိထားပါက ဘာသာရပ်ကင်းလွတ်ခွင့်များဖြင့်လည်း တက်ရောက်နိုင်မယ်လို့ သိရှိရပါတယ်။

 

အသေးစိတ်အချက်အလက်များကို James Cook University Singapore ၏ တရားဝင်ကိုယ်စားလှယ်ဖြစ်သည့် AT&S (နိုင်ငံတကာတက္ကသိုလ်ဝန်ဆောင်မှု)၊ အဆောင် ()၊ အခန်း ()MICT Park ၊ လှိုင်မြို့နယ်၊ ဖုန်းနံပါတ် ၀၁-၆၅၂၃၂၀၊ ၀၉-၅၀၆၂၁၆၁ ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

 

Source: Internet Journal

 

 

International Read 880 times