တစ်နိုင်ငံလုံးရှိ GTI ကျောင်းအားလုံးတွင် ကျောင်းသားတစ်သောင်းခန့်တက်ရောက်နိုင်ရန်မျှော်မှန္း

**Zawgyi**

တစ္ႏိုင္ငံလံုးရွိ GTI ေက်ာင္းမ်ားတြင္ ယခုႏွစ္တြင္ ေက်ာင္းသားတစ္ေသာင္းခန္႔တက္ေရာက္ရန္ခန္႔မွန္းထားေၾကာင္း နည္းပညာ၊ သက္ေမြးပညာႏွင့္ ေလ့က်င့္ေရးဦးစီးဌာနမွ ညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာေအးျမင့္ကေျပာၾကားသည္။

ယခုႏွစ္တြင္ ေနျပည္ေတာ္ႏွင့္ လိြဳင္ေကာ္ၿမိဳ႕တြင္ ေက်ာင္း (၂) ေက်ာင္းတုိးခ်ဲ႕ဖြင့္လွစ္လ်က္ရွိေၾကာင္းသိရသည္။ "နည္းပညာနဲ႔သက္ေမြးပညာ မဟာဗ်ဴဟာေတြအေနနဲ႔ကေတာ့ နည္းပညာနဲ႔သက္ေမြးပညာေတြကိုတက္ေရာက္လိုသူေတြရဲ႕ သင္ၾကားႏိုင္တဲ့အခြင့္အလမ္းေတြကို တိုးခ်ဲ႕ေဆာင္ရြက္ျခင္းပဲျဖစ္ပါတယ္။ အဲဒါေၾကာင့္ႏွစ္စဥ္ GTI (အစိုးရစက္မႈလက္မႈသိပၸံေက်ာင္း) နဲ႔ THS (အစိုးရနည္းပညာအထက္တန္းေက်ာင္း) ေက်ာင္းေတြကိုတုိးခ်ဲ႕ဖြင့္လွစ္ေနပါတယ္" ဟု ညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာေအးျမင့္ကေျပာၾကားသည္။

GTI ညေနပိုင္းသင္တန္းမ်ားကို ယမန္ႏွစ္ကအင္းစိန္တြင္ စတင္ဖြင့္လွစ္ခဲ့ၿပီး ယခုႏွစ္တြင္ မႏၱေလးတြင္ စတင္ဖြင့္လွစ္သင္ၾကားမည္ျဖစ္ေၾကာင္းႏွင့္ လာမည့္ႏွစ္တြင္ သန္လ်င္၊ ေတာင္ဒဂံု၊ ခ်င္းျပည္နယ္ႏွင့္ ေတာင္ၾကီးၿမိဳ႕တို႔တြင္ အစိုးရနည္းပညာအထက္တန္းေက်ာင္းႏွင့္ အစိုးရစက္မႈလက္မႈသိပၸံေက်ာင္းမ်ားတိုးခ်ဲ႕ဖြင့္လွစ္သြားမည္ျဖစ္သည္။

"ေက်ာင္းေဆာက္တာကေတာ့အမ်ားၾကီးေဆာက္ေနပါတယ္။ ဆရာ၊ ဆရာမရရွိမႈအင္အားနဲ႔ ဝန္ထမ္းအင္အားအေပၚမူတည္ၿပီးေတာ့ ဘယ္ေက်ာင္းေတြဖြင့္မလဲဆိုတာဆံုးျဖတ္သြားပါမယ္။ ေက်ာင္းေတြကေတာ့ တစ္ျပည္လံုးမွာေတာ့ေဆာက္ေနတာပါ" ဟု ၄င္းကဆက္လက္ေျပာၾကားသည္။

အစိုးရနည္းပညာေကာလိပ္၊ အစိုးရစက္မႈ၊ လက္မႈသိပၸံေက်ာင္းမ်ားတြင္ အဓိကအားျဖင့္ ၿမိဳ႕ျပအင္ဂ်င္နီယာ၊ အီလက္ထရြန္နစ္အင္ဂ်င္နီယာ၊ လွ်ပ္စစ္စြမ္းအားအင္ဂ်င္နီယာ၊ စက္မႈအင္ဂ်င္နီယာ၊ သုတနည္းပညာ၊ စက္မႈလုပ္ငန္းအင္ဂ်င္နီယာ၊ စက္မႈလယ္ယာနည္းပညာႏွင့္ ေမာ္ေတာ္ယာဥ္ျပဳျပင္ထိန္းသိမ္းမႈနည္းပညာတို႔သင္ၾကားေပးလ်က္ရွိသည္။

ဘာသာရပ္တစ္ခုလွ်င္ ေက်ာင္းသား၊ ေက်ာင္းသူ (၄၀) ဦးသာ သင္ၾကားပို႔ခ်ေၾကာင္း၊ GTI ေက်ာင္းမ်ား၏ သင္တန္းကာလမွာ (၃) ႏွစ္ျဖစ္ၿပီး သင္တန္းၿပီးဆံုးပါက ဒီပလိုမာေအာင္လတ္မွတ္ရရွိမည္ျဖစ္ေၾကာင္းႏွင့္ AGTI သင္တန္းမ်ားတြင္ သတ္မွတ္အရည္အခ်င္းျပည့္မီပါက နည္းပညာတကၠသိုလ္မ်ားတြင္ တတိယႏွစ္သင္တန္းသို႔ေပါင္းကူးတက္ေရာက္ႏိုင္သည္။

တစ္ႏိုင္ငံလံုးတြင္ အစိုးရနည္းပညာအထက္တန္းေက်ာင္း (၃၅) ေက်ာင္း၊ အစိုးရနည္းပညာေကာလိပ္ (၃) ေက်ာင္းႏွင့္ အစိုးရစက္မႈလက္မႈသိပၸံေက်ာင္း (၂၇) ေက်ာင္းရွိသည္။

TVET ဆရာ၊ ဆရာမမ်ားအတြက္ နည္းပညာျမွင့္တင္ေရးသင္တန္းဌာနတြင္ သင္တန္းမ်ားတိုးခ်ဲ႕ဖြင့္လွစ္ၿပီး ဆရာ၊ ဆရာမမ်ားအရည္အေသြးတိုးတက္ရန္ ႏွစ္စဥ္စီမံခ်က္မ်ားခ်မွတ္လုပ္ေဆာင္လ်က္ရွိသည္။

Read More >> ေအဂ်ီတီအိုင္ ပထမႏွစ္သင္တန္းသားမ်ားကို အစိုးရကပညာသင္ေထာက္ပံ့ေၾကးေပးမည္

Source: Daily Eleven

 

**Unicode**

တစ်နိုင်ငံလုံးရှိ GTI ကျောင်းများတွင် ယခုနှစ်တွင် ကျောင်းသားတစ်သောင်းခန့်တက်ရောက်ရန်ခန့်မှန်းထားကြောင်း နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်ကပြောကြားသည်။

ယခုနှစ်တွင် နေပြည်တော်နှင့် လွိုင်ကော်မြို့တွင် ကျောင်း (၂) ကျောင်းတိုးချဲ့ဖွင့်လှစ်လျက်ရှိကြောင်းသိရသည်။ "နည်းပညာနဲ့သက်မွေးပညာ မဟာဗျူဟာတွေအနေနဲ့ကတော့ နည်းပညာနဲ့သက်မွေးပညာတွေကိုတက်ရောက်လိုသူတွေရဲ့ သင်ကြားနိုင်တဲ့အခွင့်အလမ်းတွေကို တိုးချဲ့ဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်။ အဲဒါကြောင့်နှစ်စဉ် GTI (အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း) နဲ့ THS (အစိုးရနည်းပညာအထက်တန်းကျောင်း) ကျောင်းတွေကိုတိုးချဲ့ဖွင့်လှစ်နေပါတယ်" ဟု ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်ကပြောကြားသည်။

GTI ညနေပိုင်းသင်တန်းများကို ယမန်နှစ်ကအင်းစိန်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခုနှစ်တွင် မန္တလေးတွင် စတင်ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်းနှင့် လာမည့်နှစ်တွင် သန်လျင်၊ တောင်ဒဂုံ၊ ချင်းပြည်နယ်နှင့် တောင်ကြီးမြို့တို့တွင် အစိုးရနည်းပညာအထက်တန်းကျောင်းနှင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းများတိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်သည်။

"ကျောင်းဆောက်တာကတော့အများကြီးဆောက်နေပါတယ်။ ဆရာ၊ ဆရာမရရှိမှုအင်အားနဲ့ ဝန်ထမ်းအင်အားအပေါ်မူတည်ပြီးတော့ ဘယ်ကျောင်းတွေဖွင့်မလဲဆိုတာဆုံးဖြတ်သွားပါမယ်။ ကျောင်းတွေကတော့ တစ်ပြည်လုံးမှာတော့ဆောက်နေတာပါ" ဟု ၎င်းကဆက်လက်ပြောကြားသည်။

အစိုးရနည်းပညာကောလိပ်၊ အစိုးရစက်မှု၊ လက်မှုသိပ္ပံကျောင်းများတွင် အဓိကအားဖြင့် မြို့ပြအင်ဂျင်နီယာ၊ အီလက်ထရွန်နစ်အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာ၊ သုတနည်းပညာ၊ စက်မှုလုပ်ငန်းအင်ဂျင်နီယာ၊ စက်မှုလယ်ယာနည်းပညာနှင့် မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းမှုနည်းပညာတို့သင်ကြားပေးလျက်ရှိသည်။

ဘာသာရပ်တစ်ခုလျှင် ကျောင်းသား၊ ကျောင်းသူ (၄၀) ဦးသာ သင်ကြားပို့ချကြောင်း၊ GTI ကျောင်းများ၏ သင်တန်းကာလမှာ (၃) နှစ်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက ဒီပလိုမာအောင်လတ်မှတ်ရရှိမည်ဖြစ်ကြောင်းနှင့် AGTI သင်တန်းများတွင် သတ်မှတ်အရည်အချင်းပြည့်မီပါက နည်းပညာတက္ကသိုလ်များတွင် တတိယနှစ်သင်တန်းသို့ပေါင်းကူးတက်ရောက်နိုင်သည်။

တစ်နိုင်ငံလုံးတွင် အစိုးရနည်းပညာအထက်တန်းကျောင်း (၃၅) ကျောင်း၊ အစိုးရနည်းပညာကောလိပ် (၃) ကျောင်းနှင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (၂၇) ကျောင်းရှိသည်။

TVET ဆရာ၊ ဆရာမများအတွက် နည်းပညာမြှင့်တင်ရေးသင်တန်းဌာနတွင် သင်တန်းများတိုးချဲ့ဖွင့်လှစ်ပြီး ဆရာ၊ ဆရာမများအရည်အသွေးတိုးတက်ရန် နှစ်စဉ်စီမံချက်များချမှတ်လုပ်ဆောင်လျက်ရှိသည်။

Read More >> အေဂျီတီအိုင် ပထမနှစ်သင်တန်းသားများကို အစိုးရကပညာသင်ထောက်ပံ့ကြေးပေးမည်

Source: Daily Eleven

Latest Post News News Read 2008 times