၁။ ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ (၃)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အားဂုဏ်ပြု ကြိုဆိုသောအားဖြင့် သတ်မှတ်ထားသည့် “ပိုမိုကောင်းမွန်သည့် Cov0-19 အလွန်ကမ္ဘာတည်ဆောက်ဖို့ မသန်စွမ်းသူများ လက်လှမ်းမီပါဝင်ပြီး၊ ရေရှည်တည်တံ့စေရန် ကြိုးစားစို့" (Building Back Better, toward a disanbility - inclusive, accessible and sustainable Post COVID-19 world) ဆောင်ပုဒ်နှင့်အညီ အလွတ်တန်းဆောင်းပါးပြိုင်ပွဲကို တိုင်းဒေသကြီး/ပြည်နယ် များမှ စာပေဝါသနာရှင်များ ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း၊ ဆုရရှိသူများကို Video Conferencing ဖြင့် ကျင်းပပြုလုပ်မည့် အပြည်ကြည်ဆိုင်ရာ မသန်စွမ်းသူနေ့အထိမ်းအမှတ်အခမ်းအနားတွင် ဆုချီးမြှင့်ပေးအပ်သွားမည် ၊ ဖြစ်ကြောင်းကို ရည်ညွှန်းပါ စာဖြင့်ပေးပို့လာပါသည်။
၂။ ဆောင်းပါးတွင် အောက်ပါအချက်များ ပါဝင်အောင် ထည့်သွင်းရေးသားရန်လိုပါသည်-
(က) မသန်စွမ်းသူများအတွက် လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာလှုပ်ရှားဆောင်ရွက်မှုများ
(ခ) အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ပေါ်ပေါက်လာပုံ
(ဂ) အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ ကျင်းပရသည့် ရည်ရွယ်ချက်
(ဃ) မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းတွင် ဖော်ပြပါရှိသော တန်းတူအခွင့်အရေးများ
(င) နိုင်ငံတော်အစိုးရ၏ကြိုးပမ်းဆောင်ရွက်ခြင်းများ
(စ) မသန်စွမ်းသူများကြုံတွေ့နေရသည့် အတားအဆီးတို့နှင့်စပ်လျဉ်း၍ ထင်မြင်ယူဆချက်၊ (ဥပမာ-မသန်စွမ်းသူများ လူမှုအဖွဲ့အစည်းအတွင်းအများနည်းတူနေထိုင်ရှင်သန်နိုင်ရေးအတွက် ကြတွေ့နေရသည့် အခြေခံအဆောက်အဦဆိုင်ရာ၊ လူ့အဖွဲ့အစည်းဆိုင်ရာအတွက် ကြုံတွေ့နေရသည့် အခြေခံအဆောက်အဦဆိုင်ရာ၊ လူ့အဖွဲ့အစည်းဆိုင်ရာ အတားအဆီးများ၊ မသန်စွမ်းသူများအပေါ်
၎င်းအတားအဆီးတို့၏ အကျိုးသက်ရောက်မှုနှင့် အတားအဆီးကင်းသော ပတ်ဝန်းကျင်၏အဓိပ္ပာယ်)
(ဆ) covID-19 ကာလအတွင်း မသန်စွမ်းသူများကြုံတွေ့နေရသည့် အတားအဆီးတို့ကို ဖယ်ရှားပြီး မသန်စွမ်းသူများအကျုံးဝင်မှုကို သေချာစေခြင်းဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်နိုင်မည့် အခွင့်အလမ်းများ
(ဇ) အကြံပြုချက်များ
၃။ သို့ဖြစ်ပါ၍ အခြေခံပညာကျောင်းများရှိ ဆရာ၊ ဆရာမများ ပါဝင်ယှဉ်ပြိုင်နိုင်ပြီး မိမိတို့ရေးသားယှဉ်ပြိုင်မည့် ဆောင်းပါးတို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ထိခိုက်လွယ် အုပ်စုများဌာနခွဲမှ ဦးစွမ်းရည်ရ၊ ညွှန်ကြားရေးမှူး၊ ဖုန်း-၀၆၇-၃၄၀၄၆၀၂ နှင့် ဦးရဲမျိုးဝင်း၊ ဒုတိယညွှန်ကြား ရေးမှူး၊ ဖုန်း-၀၆၇-၃၄၀၄၆၀၃ သို့ (၂၇-၁၁-၂၀၂၀) ရက် (သောကြာနေ့) (၁၇:၀၀)နာရီ အရောက်တိုက်ရိုက်ပေးပို့သွားရန် အကြောင်းကြားပါသည်။
By Myanmar Education Guide - EDGE