ပြည်ပနိုင်ငံတွေမှာ ခေါ်ယူတဲ့ပညာသင်ဆုများ

ပြည်ပနိုင်ငံတွေမှာ ခေါ်ယူတဲ့ပညာသင်ဆုများ

ပြည်ပမှာ ခေါ်ယူနေတဲ့ ပညာသင်ဆုများကို စုစည်းဖော်ပြပေးလိုက်ပါတယ်နော်...။

(၁) New Zealand ASEAN Scholarships

နယူးဇီလန်အစိုးရ ပညာသင်ဆုတစ်ခုဖြစ်တဲ့ New Zealand ASEAN Scholarships ကို မကြာခင်မှာ လျှောက်ထားနိုင်တော့မှာ ဖြစ်ပါတယ်။

New Zealand ASEAN ပညာသင်ဆုက မြန်မာနိုင်ငံ အပါဝင်အာဆီယံ နိုင်ငံအတွက် သီးသန့်ပေးတဲ့ ပညာသင်ဆုတစ်ခု ဖြစ်ပါတယ်။ မြန်မာကျောင်းသားတွေအတွက် အခွင့်အရေး ပိုရှိပါတယ်

နှစ်စဉ်နှစ်တိုင်း Annually ပေးတဲ့ Full ပညာသင်ဆုဖြစ်ပြီး ဖေဖော်ဝါရီ ၁ ရက်ကနေ မတ်လ ၁၄ ရက်ထိ လျှောက်ထားနိုင်ပါတယ်။

Postgraduate (Post-graduate Certificate, Postgraduate Diploma, MastersDegree, PhD) တွေအတွက် လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

New Zealand ASEAN scholarships လျှောက်ဖို့တွက် IELTS/TOEFL အမှတ်မရှိထားလည်း လျှောက်လို့ရပါတယ်။ လျှောက်ပြီးမှ IELTS သို့ TOEFL ဖြေဖို့လို့ရင် ပညာသင်ဆုတာဝန်ရှိသူက ဘယ်အချိန်ဖြေရမလဲ အကြောင်းကြားမှာ ဖြစ်ပါတယ်။

လျှောက်ထားသူတွေအနေနဲ့ အွန်လိုင်းကနေ တိုက်ရိုက်လျှောက်ထားနိုင်သလို မြန်မာမှာရှိတဲ့ နယူးဇီလန်သံရုံးကနေတစ်ဆင့် Paper applications ပို့ပြီးလည်း လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ New Zealand ASEAN scholarships လျှောက်ဖို့တွက် IELTS/TOEFL အမှတ်မရှိထားလည်း လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ လျှောက်ပြီးမှ IELTS သို့ TOEFLဖြေဖို့လို့ရင် ပညာသင်ဆုတာဝန်ရှိသူက ဘယ်ချိန်ဖြေရမလဲ အကြောင်း ကြားမှာဖြစ်ပါတယ်။

ပြင်ဆင်ထားရမယ့်အချက်လက်တွေ၊ လိုအပ်တဲ့ အချက်လက်တွေကို ဒီနေရာမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

(၂) သြစတြေးလျအစိုးရမှ ပေးအပ်တဲ့ Austalia Awards Scholarships

သြစတြေးလျအစိုးရမှပေးအပ်တဲ့ Australia Awards Scholarships ခေါ်ယူတော့မှာ ဖြစ်ပါတယ်။ နိုင်ငံတကာက အနာဂတ်ခေါင်းဆောင်တွေ ပေါ်ထွက်လာဖို့အတွက် ကျောင်းသားတွေရဲ့အရည် အသွေးကို မြှင့်တင်ပေးဖို့ ရည်ရွယ်ပြီး ပေးအပ်တာ ဖြစ်ပါတယ်။

AAS က နှစ်စဉ်နှစ်တိုင်း Annually ပေးတဲ့ Full ပညာသင်ဆုဖြစ်ပြီး ဖေဖော်ဝါရီ ၁ ရက်ကနေ ဧပရယ် ၃၀ ရက်အထိ လျှောက်ထားနိုင်ပါတယ်။ မာစတာတန်းနဲ့ PhD အတွက်ပေးပေမယ့် မြန်မာ ကျောင်းသားတွေအတွက် Master တန်းပဲ လျှောက်ထားနိုင်ပါတယ်။

Australia Awards Scholarsips လျှောက်ဖို့တွက် IELTS/TOEFL အမှတ်ရှိထားဖို့မလိုပါဘူး။ သြစတြေးလျတက္ကသိုလ် တွေရဲ့ဝင်ခွင့်အတွက် (IELTS 6.0 ကနေ 6.5) ရှိဖို့လိုပါတယ်။ အင်တာဗျူး ပါဝင်တဲ့သူတွေအနေနဲ့ IELTS မရှိထားပါက အဲ့ကာလအတွင်း ဖြေဆိုနိုင်မှာဖြစ်ပါတယ်။ (DEFT က စာမေးပွဲကြေးထောက်ပံ့ပေးပါမယ်)။

ပညာသင်ဆုရသွားတဲ့ခါ အင်္ဂလိပ်စာ အားနည်းနေသေးတဲ့သူတွေအတွက် အင်္ဂလိပ်ဘာသာ စကားတွက် ၁၂ လ ထိသင်တန်းပေးသွားမှာဖြစ်ပါတယ်။

အသေးစိတ်အချက်အလက်တွေကို တရားဝင် ဝက်ဘ်ဆိုက်ဖြစ်တဲ့ ဒီနေရာမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ အွန်လိုင်းကနေ လျှောက်ထားပါက ဒီနေရာမှာ ဝင်ရောက်လျှောက်ထား နိုင်ပါတယ်။

(၃) ဗြိတိန်အစိုးရမှ နိုင်ငံတကာကျောင်းသားများအတွက် ပေးအပ်မည့် Chevening Scholarships

Chevening Scholarships သည် ဗြိတိန်အစိုးရ၏ နိုင်ငံတကာ မှကျောင်းသားများအတွက် နှစ်စဉ် ခေါ်ယူတဲ့ ပညာသင်ဆုဖြစ်ပါတယ်။

ရှီးဗနင်းသည် နိုင်ငံခြားမှ ကျောင်းသားများအတွက် ဗြိတိန်နိုင်ငံ၏ ဂုဏ်သိက္ခာအကြီးမားဆုံးပညာသင်ဆုအစီအစဉ်ဖြစ်ပြီး ဗြိတိန်နိုင်ငံမှာ ဘွဲ့လွန်ပညာတွေဆက်လက်သင်ကြားဖို့ မြန်မာနိုင်ငံရှိ မြန်မာလူမျိုး ကျွမ်းကျင်ပညာရှင်တွေအတွက် အခွင့်အလမ်းတစ်ရပ်ကိုပေးအပ်နေတဲ့အစီအစဉ်တစ်ခု ဖြစ်ပါတယ်။

ဗြိတိန် တက္ကသိုလ်တွေ၊ အခြား ကျွမ်းကျင် ပညာသင်ကြားရေးအဖွဲ့အစည်းဌာနတွေမှာ တစ်နှစ်တာမဟာဘွဲ့တွေ တက်ရောက်သင်ကြားရယူနိုင်ဖို့အတွက် ရှီးဗနင်းပညာသင်ဆုတွေကိုချီးမြှင့်လျက်ရှိပါတယ်။

နိုင်ငံရေး၊ နိုင်ငံရေးသိပ္ပံ၊ နိုင်ငံတကာဆက်ဆံရေး၊ ဖွံ့ဖြိုးရေး ပညာ၊ လူ့အခွင့်အရေး ဥပဒေအပါအ၀င် ဥပဒေ၊ ပဋိပက္ခ ဖြေရှင်းခြင်း၊ ကာကွယ်ခြင်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးအစရှိတဲ့ ဘာသာရပ်တွေမှာ မဟာဘွဲ့ရယူဖို့အတွက် လျှောက်လွှာတွေကို သံရုံးမှ လက်ခံမှာဖြစ်ပါတယ်။

ပညာသင်ဆုမှာ ဗြိတိန် ပြည်ဝင်ခွင့်၊ ဗြိတိန်နိုင်ငံသို့ အသွားအပြန် လေယာဉ် လက်မှတ်၊ (တစ်နှစ်တွင် ပေါင် ၁၃,၀၀၀ ထက် မပိုသော) ကျောင်းလခအားလုံး၊ လစဉ်ထောက်ပံ့ကြေးငွေနဲ့ အသုံးစရိတ်တွေ ပါဝင်မှာဖြစ်ပါတယ်။

ကျောင်းလခတစ်နှစ်လျှင် ပေါင် ၁၃,၀၀၀ ထက်ပိုသော သင်တန်းကို တက်ရောက်လိုပါကပညာသင်စရိတ် တစ်စိတ်တစ်ပိုင်းကို လျှောက်ထား သူတွေကိုယ်တိုင် ကုန်ကျခံရမှာဖြစ်ပြီး ပညာတော်သင်ဆုတွေမှာ မှီခို သူတွေအတွက် စရိတ်ပါဝင်ခြင်း မရှိပါဘူး။

ပညာသင်ဆု လျှောက်ထားသူတွေဟာ လျှောက်ထားချိန်မှာ အင်္ဂလိပ်ဘာသာစကားစွမ်းရည် အနိမ့်ဆုံးသတ်မှတ်ချက် အဆင့်ရရှိရမှာဖြစ်ပြီး ရှီးဗနင်းပညာတော်သင်ဆုလျှောက်ထားဖို့ အင်္ဂလိပ်စာ အနိမ့်ဆုံးလိုအပ်ချက်မှာ IELTS 6.5, IBT TOEFL 79 (သို့မဟုတ်) ၎င်းတို့နဲ့ ညီမျှတဲ့ အင်္ဂလိပ်စာကျွမ်းကျင်မှု ရှိရမှာဖြစ်ပါတယ်။ အသေးစိတ်ကို ဒီနေရာမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

(၄) အမေရိကန်နိုင်ငံကနေပေးအပ်တဲ့ Fulbright ပညာသင်ဆု

Fulbright Foreign Student Scholarship Program, Fulbright Foreign Language Teaching Assistant နဲ့ Humphrey Fellowship အတွက် ပညာသင်ဆုတွေ လျှောက်ထားနိုင်တော့မှာ ဖြစ်ပါတယ်။

ပညာသင်ဆုတွေကို နှစ်စဉ်ဧပြီလမှာ ခေါ်ယူတာဖြစ်ပါတယ်။ Fulbright Foreign Student Scholarship Program ဟာ အမေရိ ကန်ပြည်ထောင်စုမှာရှိတဲ့ တက္ကသိုလ်တစ်ခုမှာ မဟာဘွဲ့တက်ရောက် နိုင်မယ့်ပညာသင်ဆုဖြစ်ပါတယ်။ ဘာသာရပ် နယ်ပယ်အားလုံးကို စဉ်းစားပေးမှာဖြစ်သလို မြန်မာပြည်မှာမဟာဘွဲ့ရရှိပြီးသူများလည်း လျှောက် ထားနိုင်ပါတယ်။

မိမိတက်ရောက်လိုတဲ့ ဘာသာရပ်အနေနဲ့ သက်ဆိုင်တဲ့အခြေခံဘွဲ့ (သို့မဟုတ်) လုပ်ငန်းအတွေ့အကြုံရှိရန် လိုအပ်မှာဖြစ်ပါတယ်။

Fulbright Foreign Language Teaching Assistant (FLTA) Program မှာ အင်္ဂလိပ်ဘာသာရပ်ဆရာ၊ ဆရာမတွေအတွက် သင်ကြားမှုစွမ်းရည်၊ အင်္ဂလိပ်စာအရည်အသွေးကို မြှင့်တင်နိုင်ဖို့၊ အမေရိကန်ပြည်ထောင်စုရဲ့ လူနေမှု၊ ယဉ်ကျေးမှု ဆိုင်ရာ များကို ဗဟုသုတရစေဖို့အတွက် အမေရိကန်ပြည်ထောင်စုမှာ ၉ လ လေ့လာခွင့်ရမှာဖြစ်ပါတယ်။ အသက် ၃၀ နှစ်အောက် ဖြစ်ရမယ်လို့ သိရပါတယ်။

Hubert H.Humphrey Fellowship ဟာ အမေရိကန်ပြည်ထောင် စုမှာ တစ်နှစ်တာပညာသင်ကြားခွင့်ရမယ့် အခွင့်အရေးဖြစ်ပါတယ်။ ဘာသာရပ်အားလုံးအတွက် သက်ဆိုင်ရာ နယ်ပယ်အလိုက် လုပ်သက်အနည်းဆုံး ၅ နှစ် ရှိတဲ့သူတွေသာ လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ သက်ဆိုင်ရာ ဌာနဆိုင်ရာ၊ လုပ်ငန်းဆိုင်ရာအကြီးအကဲခွင့်ပြုချက်ရှိရမှာ ဖြစ်ပါတယ်။

ဖူးလ်ဘရိုက်ပညာတော်သင် အစီအစဉ်တွေထဲကတစ်ခုကို လျှောက် ထားနိုင်မှာ ဖြစ်ပါတယ်။ ပညာသင်ဆုအကြောင်းအရာတွေကို Rangoon [email protected] ကို အီးမေးလ်ပို့ပြီးတော့လည်း တောင်းယူ လျှောက်ထားနိုင်ပြီး အမေရိကန်သံရုံးကနေလည်း သိရှိနိုင်မှာဖြစ်ပါတယ်။

source: internet

International Read 2290 times