ဘွဲ့ကြိုနှင့် ဘွဲ့လွန်အတွက် နိုင်ငံတကာပညာသင်ဆုလျှောက်မယ်ဆိုရင်...

**Zawgyi**

ႏိုင္ငံတကာတြင္ ဘဲြ႔ၾကိဳ၊ ဘဲြ႔လြန္ပညာေတာ္သင္သြားေရာက္လိုသူ လူငယ္မ်ားအတြက္ ႏိုင္ငံတကာအစိုးရအဖဲြ႔အစည္းမ်ားကေပးအပ္ေနေသာ ပညာသင္ဆုအစီအစဥ္မ်ား၊ အေမရိကန္ႏိုင္ငံသို႔ကာလတိုသြားေရာက္ေလ့လာႏိုင္ရန္ဖိတ္ေခၚထားသည့္ အစီအစဥ္မ်ားႏွင့္ပတ္သက္ၿပီး ေလွ်ာက္ထားႏိုင္ရန္စုစည္းေဖာ္ျပလိုက္ပါတယ္။

ဖူးလ္ဘရိုက္ အေမရိကန္-အာဆီယံ ဧည့္ပညာရွင္ပညာသင္ဆု

ဘာသာရပ္တစ္ခုခု၏ပညာရွင္ (သို႔) သက္ေမြးပညာရပ္တစ္ခုခုကြ်မ္းက်င္သူျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ အေမရိကန္ျပည္ေထာင္စုတြင္ သုေတသနျပဳလုပ္ႏိုင္မည့္ အခြင့္အေရးတစ္ရပ္အျဖစ္ အေမရိကန္သံရံုးကေပးအပ္ေသာ ဖူးလ္ဘရိုက္ အေမရိကန္-အာဆီယံ ဧည့္ပညာရွင္ပညာသင္ဆု အစီအစဥ္ (Fullbright U.S-ASEAN Visiting Scholar Program) ျဖစ္သည္။

ယခုအစီအစဥ္သည္နယ္ပယက႑ေပါင္းစံုမွ ဘာသာရပ္ဆိုင္ရာပညာရွင္မ်ား (သို႔) အသက္ေမြးဝမ္းေက်ာင္းဆိုင္ရာကြ်မ္းက်င္သူမ်ား၊ အေမရိကန္ျပည္ေထာင္စုတြင္ သုေတသနျပဳလုပ္ႏိုင္ေစမည့္အခြင့္အလမ္းတစ္ခုျဖစ္သည္။ အေမရိကန္-အာဆီယံ ဆက္ဆံေရးအေပၚသက္ေရာက္မႈရွိေစေသာ အေရးၾကီးသည့္အေၾကာင္းအရာမ်ား၊ အာဆီယံအျမင္ရႈေထာင့္တစ္ခုကို မိမိတုိ႔ႏွင့္ပညာရပ္နယ္ပယ္တူေသာ အေမရိကန္ပညာရွင္မ်ား၊ ကြ်မ္းက်င္သူမ်ား၏ပို႔ခ်ခ်က္မ်ား၊ ႏွီးေႏွာဖလွယ္ပဲြမ်ားႏွင့္ ေဆြးေႏြးပဲြမ်ားမွတစ္ဆင့္ရရွိႏိုင္မည္ျဖစ္သည္။

တကၠသိုလ္ဆရာ၊ ဆရာမမ်ား၊ အစိုးရဌာနဆိုင္ရာတာဝန္ရွိပုဂၢိဳလ္မ်ား၊ ပုဂၢလိကက႑ (သို႔) အရပ္ဘက္လူမႈအဖဲြ႔အစည္းမ်ားမွ ကြ်မ္းက်င္သူပညာရွင္အားလံုး ေလွ်ာက္ထားရန္အေမရိကန္သံရံုးကတိုက္တြန္းထားသည္။

(၂၀၂၁) ႏွစ္ကုန္ပိုင္းတြင္ (၃) လ (သို႔) (၄) လခန္႔ၾကာ အေမရိကန္ျပည္ေထာင္စုသို႔သြားေရာက္ရမည္ျဖစ္ၿပီး ကုန္က်စရိတ္အလံုးစံုကိုပညာသင္ဆုအစီအစဥ္ကက်ခံမည္ျဖစ္သည္။

ပညာေရး၊ သဘာဝပတ္ဝန္းက်င္၊ ဘ႑ာေရး၊ အစားအေသာက္နည္းပညာ၊ သတင္းအတတ္ပညာ၊ ဥပေဒ၊ ႏိုင္ငံေရးသိပၸံ၊ ျပည္သူ႔ေရးရာစီမံခန္႔ခဲြမႈ၊ ျပည္သူ႔က်န္းမာေရး၊ စာရင္းအင္း၊ ကုန္သြယ္ေရး၊ ဘာသာေဗဒဆိုင္ရာနယ္ပယ္မ်ားတြင္ ကြ်မ္းက်င္သူမ်ားပညာသင္ဆုေလွ်ာက္ထားႏိုင္သည္။ 

ထုိသုိ႔ေလွ်ာက္ထားသူသည္ က်န္းမာေရးေကာင္းမြန္သည့္ အသက္ (၅၅) ႏွစ္ေအာက္ ျမန္မာႏိုင္ငံသားျဖစ္ရမည္ျဖစ္ၿပီး အနည္းဆံုးဘဲြ႔ (၁) ခုရရွိထားရမည္ျဖစ္သည္။ အဂၤလိပ္စာအရည္အခ်င္းအတြက္ TOEFL ရမွတ္ (၅၅၀) ရရွိရမည္ျဖစ္ၿပီး TOEFL စာေမးပဲြမေျဖရေသးပါက ပညာသင္ဆုေလွ်ာက္လႊာတင္ထားခ်ိန္တြင္ ေျဖဆုိႏိုင္သည္။ အေမရိကန္ႏိုင္ငံတြင္ပညာသင္ယူဖူးသူ၊ အလုပ္လုပ္ဖူးသူမျဖစ္ရေပ။ ပညာသင္ဆုေလွ်ာက္လႊာကို (https://mm.usembassy.gov/) မွ ရယူေလွ်ာက္ထားရမည္ျဖစ္သည္။

ေလွ်ာက္လႊာနွင့္အတူ ပညာသင္ဆုေလွ်ာက္ထားရာတြင္...

**Project Statement (၁) ေစာင္**
**ကိုယ္ေရးအခ်က္အလက္**
**ပညာေရးအေထာက္အထားမ်ား**
**ပညာသင္ဆုေပးအပ္သင့္ေၾကာင္း မိမိႏွင့္နီးစပ္သူ (၃) ဦး၏ေထာက္ခံခ်က္မ်ားပူးတဲြတင္ျပရမည္ျဖစ္သည္။**

Oxford တကၠသိုလ္၏ဘဲြ႔ၾကိဳပညာသင္ဆု

အဂၤလန္ႏိုင္ငံ Oxford တကၠသိုလ္က ႏိုင္ငံေရးႏွင့္ ဘ႑ာေငြေၾကးဆိုင္ရာအခက္အခဲရွိသည့္ ျမန္မာႏိုင္ငံအပါအဝင္ ႏိုင္ငံအခ်ိဳ႕မွ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ Reach Oxford Scholarship ဘဲြ႔ၾကိဳပညာသင္ဆုမ်ားေပးရန္ဖိတ္ေခၚထားသည္။ 

ပညာသင္ဆုအက်ံဳးဝင္ေသာၿဗိတိန္ႏိုင္ငံတစ္ဝန္းရွိ ေကာလိပ္မ်ားတြင္ ေရွးေဟာင္းသုေတသနဘာသာရပ္မ်ား၊ ဇီဝနည္းပညာဘာသာရပ္မ်ား၊ အင္ဂ်င္နီယာဘာသာရပ္မ်ား၊ ကြန္ပ်ဴတာႏွင့္ ကြန္ပ်ဴတာသိပၸံဘာသာရပ္မ်ား၊ ဘာသာစကားဆိုင္ရာ ဘာသာရပ္မ်ား၊ ဥပေဒ၊ သမိုင္းႏွင့္ ရူပေဗဒဆိုင္ရာဘာသာရပ္မ်ား၊ စီးပြားေရးဆိုင္ရာဘာသာရပ္မ်ားနွင့္ ဂီတအပါအဝင္ ဘာသာရပ္ (၄၇) ခုကို ေရြးခ်ယ္သင္ယူခြင့္ရမည္ျဖစ္သည္။ 

ေက်ာင္းလခ၊ က်ဴရွင္ေၾကး၊ ေနထိုင္စားေသာက္စရိတ္ႏွင့္ တစ္ႏွစ္ (၁) ၾကိမ္ မိခင္ႏိုင္ငံသို႔အလည္အပတ္ျပန္ႏိုင္ရန္ ေလယာဥ္စရိတ္တို႔ကို ပညာသင္ဆုအျဖစ္ရရွိမည္ျဖစ္သည္။ မိမိတက္ေရာက္ေသာဘာသာရပ္၏ ဘဲြ႔ၾကိဳသင္တန္းကာလအလိုက္ (၃) ႏွစ္မွ (၄) ႏွစ္အထိပညာသင္ဆု ေပးအပ္မည္ျဖစ္သည္။ 

ပညာသင္ဆုရရွိသူသည္ တကၠသိုလ္တက္ေရာက္စဥ္အတြင္းၾကံဳေတြ႔ရေသာ ပညာသင္ၾကားေရးဆိုင္ရာအေတြ႔အၾကံဳမ်ားႏွင့္ လူမႈေရးလႈပ္ရွားမႈမ်ားအေၾကာင္း ႏွစ္စဥ္အစီရင္ခံစာတင္သြင္းရမည္ျဖစ္သည္။ ယခင္ကဘဲြ႔ၾကိဳသင္တန္းမတက္ေရာက္ဖူးသူမ်ားကို ဦးစားေပးမည္ျဖစ္သည္။ အထက္တန္းအဆင့္ပညာအရည္အခ်င္း အဆင့္ျမင့္သူမ်ားကိုသာပညာသင္ဆုေပးမည္ျဖစ္ၿပီး ပညာဆက္လက္သင္ယူရန္ေငြေၾကးအခက္အခဲရွိသူမ်ားကို ပညာသင္ဆုစာရင္းတြင္အဓိကထည့္သြင္းစဥ္းစားမည္ျဖစ္သည္။ လူမႈေရးဆိုင္ရာအာမခံခ်က္ေပးႏိုင္ရမည္ျဖစ္ၿပီး ေက်ာင္းၿပီးပါက မိခင္ႏိုင္ငံသို႔ျပန္လာကာ အလုပ္လုပ္မည္ျဖစ္ေၾကာင္းကတိျပဳရမည္ျဖစ္သည္။ 

ပညာသင္ဆုေလွ်ာက္လႊာကို (https://www.ox.ac.uk/) website link သို႔ဝင္ကာ Applying to Oxford ေနရာတြင္ (၂၀၁၉) ေအာက္တုိဘာ (၁၅) ရက္မွ (၂၀၂၀) ေဖေဖာ္ဝါရီ (၁၂) ရက္ေန႔အထိေလွ်ာက္ထားႏိုင္သည္။

ပညာသင္ဆုေရြးခ်ယ္ျခင္းကို (၂၀၂၀) မတ္လတြင္ျပဳလုပ္ျခင္း ေရြးခ်ယ္ခ်ီးျမွင့္ခံရသူစာရင္းကို (၂၀၂၀) ဧၿပီတြင္ ေၾကညာမည္ျဖစ္သည္။ 


ထုိင္းတကၠသိုလ္မ်ားတြင္ တက္ခြင့္ရမည့္ဘဲြ႔ၾကိဳပညာသင္ဆု

ျမန္မာတကၠသိုလ္ေက်ာင္းသား၊ ေက်ာင္းသူမ်ား ထိုင္းႏိုင္ငံတကၠသိုလ္မ်ားတြင္ တက္ေရာက္လိုပါက ေလွ်ာက္ထားႏိုင္မည့္ပညာသင္ဆုအစီအစဥ္ျဖစ္သည္။ ျမန္မာ၊ လာအို၊ ကေမာၻဒီးယား၊ ထိုင္းႏိုင္ငံတို႔မွ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ Mekong Sub-Regional Leadership Development Programme အေနျဖင့္ ထိုင္းႏိုင္ငံအေျခစိုက္ Child's Dream Association ကေပးအပ္ျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံမွ ေက်ာင္းသား၊ ေက်ာင္းသူ (၂၀) ဦးခန္႔ကို ဘဲြ႔ၾကိဳ၊ ဘဲြ႔လြန္ပညာသင္ဆု (၂) မ်ိဳး ႏွစ္စဥ္ေပးလ်က္ရွိသည္။ 

Child's Dream Association ႏွင့္ခ်ိတ္ဆက္ထားသည့္ ထိုင္းတကၠသိုလ္မ်ားတြင္ ဝါသနာပါရာဘာသာရပ္ကို ေရြးခ်ယ္တက္ေရာက္ႏိုင္ၿပီး ေက်ာင္းသား၊ ေက်ာင္းသူ၏ ပညာသင္ယူရန္ ေငြေၾကးခက္ခဲေနသည့္ အေျခအေန၊ ပညာေရးမွတ္တမ္း၊ ဘဝေမွ်ာ္မွန္းခ်က္တို႔အေပၚအျေခခံ၍ ပညာသင္ဆုေရြးခ်ယ္ေပးအပ္ျခင္းျဖစ္သည္။

အဆိုပါပညာသင္ဆုအတြက္ ေလွ်ာက္ထားသူသည္ျမန္မာႏိုင္ငံသား မွတ္ပံုတင္ကိုင္ေဆာင္ထားသူ အသက္ (၃၀) ႏွင့္ေအာက္ျဖစ္ရမည္။ ပညာဆက္လက္သင္ယူရန္ ေငြေၾကးခက္ခဲေနသည့္အေျခအေနကို တင္ျပရမည္။ ဥပမာ မိသားစုကေငြေၾကးဆင္းရဲေၾကာင္း၊ တကၠသိုလ္ပို႔ရန္မိဘကမတတ္ႏိုင္ေၾကာင္း၊ မိဘမဲ့ျဖစ္ေၾကာင္း ပညာသင္ဆုေရြးခ်ယ္ေရးအဖဲြ႔သို႔ေျပာရမည္။

အျခားပညာသင္ဆုအစီအစဥ္တစ္ခုခုမွ ပညာသင္ဆုရရွိထားသူမျဖစ္ရေပ။ ထို႔အျပင္ ဘဲြ႔ၾကိဳပညာသင္ဆုေလွ်ာက္ထားမည္ဆိုပါက ေလွ်ာက္ထားသူသည္အနည္းဆံုး (၁၂) တန္းအထိ တက္ေရာက္ထားၿပီးသူျဖစ္ရမည္။ (ျမန္မာႏိုင္ငံ၏ပညာေရးစနစ္အရ သူငယ္တန္းမပါပါက တကၠသိုလ္ဝင္တန္းၿပီးဆံုးခ်ိန္အထိ (၁၀) ႏွစ္သာတက္ေရာက္ရသည္။ ထို႔ေၾကာင့္ တကၠသိုလ္ဒုတိယႏွစ္အထိတက္ၿပီးမွသာ ပညာသင္ဆုသတ္မွတ္ခ်က္ (၁၂) တန္းျပည့္မည္ျဖစ္သည္။ အျခားႏိုင္ငံမ်ားအတြက္မူ အေျခခံပညာေရးကို (၁၂) တန္းတက္ရသျဖင့္ အေျခခံပညာေရးၿပီးပါက ပညာသင္ဆုေလွ်ာက္ခြင့္ရွိသည္။)

အဂၤလိပ္ဘာသာစကား (သို႔) ထိုင္းဘာသာစကားကြ်မ္းက်င္ရမည္ျဖစ္သည္။

Child's Dream Association ၏ပညာသင္ဆုရရွိပါက ဘဲြ႔ရသည္အထိရာႏႈန္းျပည့္ပံ့ပိုးေပးမည္ျဖစ္ၿပီး ေက်ာင္းလခ၊ ဗီဇာေၾကး၊ ယူနီေဖာင္း၊ စာအုပ္စာတမ္း၊ စာေရးကိရိယာ၊ ေနထိုင္စားေသာက္စရိတ္ (အေဆာင္လခ၊ စားေသာက္စရိတ္၊ သြားလာေရးစရိတ္)၊ အေရးေပၚလိုအပ္ခ်က္အတြက္ကုန္က်စရိတ္အားလံုးပံ့ပိုးမည္ျဖစ္သည္။ အေသးစိတ္ကို (https://www.childsdream.org/) တြင္ ဝင္ေရာက္ဖတ္ရႈႏိုင္ပါသည္။

ဆြစ္ဇာလန္အစိုးရဘဲြ႔လြန္ပညာသင္ဆု

ျမန္မာႏိုင္ငံအပါအဝင္ႏိုင္ငံ (၁၈၀) ေက်ာ္မွ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ ဆြစ္ဇာလန္အစိုးရကေပးအပ္ေသာ Swiss Government Excellence Scholarships ျဖစ္သည္။

မဟာဘဲြ႔ႏွင့္ ပါရဂူဘဲြ႔သင္တန္းမ်ား တက္ေရာက္ခြင့္အတြက္အဆိုပါ ပညာသင္ဆုကိုေလွ်ာက္ထားႏိုင္ေၾကာင္း ဆြစ္ဇာလန္သံရံုးကေၾကညာထားသည္။ 

Research Fellowship, PhD Scholarships ႏွင့္ Post-Doctoral Scholarships ဟူ၍ ပညာသင္ဆု (၃) မ်ိဳးအနက္ ႏွစ္သက္ရာကုိေလွ်ာက္ထားခြင့္ျပဳထားသည္။ ဆြစ္ဇာလန္ႏိုင္ငံရွိတကၠသိုလ္မ်ားတြင္ တက္ေရာက္မည့္သင္တန္းသားမ်ားသာ ပညာသင္ဆုေပးမည္ျဖစ္သည္။ 

ပညာသင္ဆုအျဖစ္လစဥ္ အသံုးစရိတ္၊ က်ဴရွင္စရိတ္၊ က်န္းမာေရးအာမခံ၊ ေလယာဥ္လတ္မွတ္ကုန္က်စရိတ္တို႔ကို က်ခံေပးမည့္အျပင္ေနထုိုင္ေရးစီစဥ္ေပးမည္ျဖစ္သည္။ 

(၂၀၁၉) ႏိုဝင္ဘာ (၂၉) ရက္ေနာက္ဆံုးထားကာ (https://bit.ly/2PlJzkl) တြင္ ေလွ်ာက္လႊာရယူႏိုင္ၿပီး ရန္ကုန္တိုင္းေဒသၾကီး၊ လိႈင္ၿမိဳ႕နယ္၊ ျပည္လမ္း၊ ခေပါင္းလမ္း၊ အမွတ္ (၁၁) ရွိ ဆြစ္ဇာလန္သံရံုးသို႔ သြားေရာက္ေလွ်ာက္ထားရမည္ျဖစ္သည္။


ဘီလ္ဂိတ္ပညာသင္ဆု

ကမာၻ႔အခ်မ္းသာဆံုးစာရင္းဝင္ ဘီလ္ဂိတ္ကေပးအပ္သည့္ The Bill Gates Cambridge Scholarship 2020 ပညာသင္ဆုအစီအစဥ္ျဖစ္သည္။ အဂၤလန္ႏိုင္ငံ University of Cambridge တြင္တက္ေရာက္မည့္ ျမန္မာေက်ာင္းသား၊ ေက်ာင္းသူမ်ားေလွ်ာက္ထားႏိုင္သည္။ 

ျမန္မာႏိုင္ငံအပါအဝင္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ ေပးအပ္ျခင္းျဖစ္ၿပီး University of Cambridge တြင္ သင္ၾကားေနသည့္မည္သည့္ဘာသာရပ္ကိုမဆို မဟာဘဲြ႔၊ ပါရဂူဘဲြ႔မ်ားေရြးခ်ယ္တက္ေရာက္ခြင့္ရွိသည္။ ေက်ာင္းဝင္ခြင့္ဦးစြာေလွ်ာက္ထားၿပီး ဝင္ခြင့္ရရွိၿပီးမွသာ ပညာသင္ဆုေလွ်ာက္ထားရမည္ျဖစ္သည္။

ပညာေရးတြင္ထူးခြ်န္သူ၊ အနာဂတ္တြင္ အဖဲြ႔အစည္းမ်ားတြင္ ေခါင္းေဆာင္တစ္ဦးအျဖစ္ အလုပ္လုပ္ကိုင္ရန္အလားအလာရွိသူ၊ အျခားသူမ်ား၏ဘဝတိုးတက္ေကာင္းမြန္ရန္လိုလားလုပ္ကိုင္ေပးလုိသည့္ စိတ္ဆႏၵေကာင္းရွိသူ၊ University of Cambridge တြင္ တက္ေရာက္ခြင့္ရရွိၿပီးသူျဖစ္ရမည္ျဖစ္သည္။ 

University of Cambridge တြင္ တက္ေရာက္မည့္ေက်ာင္းလခ၊ တစ္ႏွစ္လွ်င္ စတာလင္ေပါင္ (၁၅,၀၀၀) ခန္႔၊ ဇာတိႏိုင္ငံမွ University of Cambridge သို႔ အသြား အျပန္ ခရီးစရိတ္၊ ဗီဇာေၾကးေငြမ်ားကို ပညာသင္ဆုအျဖစ္ပံ့ပိုးေပးမည္ျဖစ္သည္။

ေလွ်ာက္လႊာမ်ားကို (https://www.gatescambridge.org/apply) သို႔ မတ္လ (၁) ရက္မတိုင္မီေလွ်ာက္ထားရမည္ျဖစ္သည္။

 

Read More >> Raffles International College Bangkok ၏ (၂၀၂၀) ပညာသင္ႏွစ္အတြက္ ပညာသင္ဆုမ်ားေလွ်ာက္ထားႏိုင္

Source: 7Day News

 

**Unicode**

နိုင်ငံတကာတွင် ဘွဲ့ကြို၊ ဘွဲ့လွန်ပညာတော်သင်သွားရောက်လိုသူ လူငယ်များအတွက် နိုင်ငံတကာအစိုးရအဖွဲ့အစည်းများကပေးအပ်နေသော ပညာသင်ဆုအစီအစဉ်များ၊ အမေရိကန်နိုင်ငံသို့ကာလတိုသွားရောက်လေ့လာနိုင်ရန်ဖိတ်ခေါ်ထားသည့် အစီအစဉ်များနှင့်ပတ်သက်ပြီး လျှောက်ထားနိုင်ရန်စုစည်းဖော်ပြလိုက်ပါတယ်။

ဖူးလ်ဘရိုက် အမေရိကန်-အာဆီယံ ဧည့်ပညာရှင်ပညာသင်ဆု

ဘာသာရပ်တစ်ခုခု၏ပညာရှင် (သို့) သက်မွေးပညာရပ်တစ်ခုခုကျွမ်းကျင်သူမြန်မာနိုင်ငံသားများအနေဖြင့် အမေရိကန်ပြည်ထောင်စုတွင် သုတေသနပြုလုပ်နိုင်မည့် အခွင့်အရေးတစ်ရပ်အဖြစ် အမေရိကန်သံရုံးကပေးအပ်သော ဖူးလ်ဘရိုက် အမေရိကန်-အာဆီယံ ဧည့်ပညာရှင်ပညာသင်ဆု အစီအစဉ် (Fullbright U.S-ASEAN Visiting Scholar Program) ဖြစ်သည်။

ယခုအစီအစဉ်သည်နယ်ပယကဏ္ဍပေါင်းစုံမှ ဘာသာရပ်ဆိုင်ရာပညာရှင်များ (သို့) အသက်မွေးဝမ်းကျောင်းဆိုင်ရာကျွမ်းကျင်သူများ၊ အမေရိကန်ပြည်ထောင်စုတွင် သုတေသနပြုလုပ်နိုင်စေမည့်အခွင့်အလမ်းတစ်ခုဖြစ်သည်။ အမေရိကန်-အာဆီယံ ဆက်ဆံရေးအပေါ်သက်ရောက်မှုရှိစေသော အရေးကြီးသည့်အကြောင်းအရာများ၊ အာဆီယံအမြင်ရှုထောင့်တစ်ခုကို မိမိတို့နှင့်ပညာရပ်နယ်ပယ်တူသော အမေရိကန်ပညာရှင်များ၊ ကျွမ်းကျင်သူများ၏ပို့ချချက်များ၊ နှီးနှောဖလှယ်ပွဲများနှင့် ဆွေးနွေးပွဲများမှတစ်ဆင့်ရရှိနိုင်မည်ဖြစ်သည်။

တက္ကသိုလ်ဆရာ၊ ဆရာမများ၊ အစိုးရဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ ပုဂ္ဂလိကကဏ္ဍ (သို့) အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကျွမ်းကျင်သူပညာရှင်အားလုံး လျှောက်ထားရန်အမေရိကန်သံရုံးကတိုက်တွန်းထားသည်။

(၂၀၂၁) နှစ်ကုန်ပိုင်းတွင် (၃) လ (သို့) (၄) လခန့်ကြာ အမေရိကန်ပြည်ထောင်စုသို့သွားရောက်ရမည်ဖြစ်ပြီး ကုန်ကျစရိတ်အလုံးစုံကိုပညာသင်ဆုအစီအစဉ်ကကျခံမည်ဖြစ်သည်။

ပညာရေး၊ သဘာဝပတ်ဝန်းကျင်၊ ဘဏ္ဍာရေး၊ အစားအသောက်နည်းပညာ၊ သတင်းအတတ်ပညာ၊ ဥပဒေ၊ နိုင်ငံရေးသိပ္ပံ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု၊ ပြည်သူ့ကျန်းမာရေး၊ စာရင်းအင်း၊ ကုန်သွယ်ရေး၊ ဘာသာဗေဒဆိုင်ရာနယ်ပယ်များတွင် ကျွမ်းကျင်သူများပညာသင်ဆုလျှောက်ထားနိုင်သည်။ 

ထိုသို့လျှောက်ထားသူသည် ကျန်းမာရေးကောင်းမွန်သည့် အသက် (၅၅) နှစ်အောက် မြန်မာနိုင်ငံသားဖြစ်ရမည်ဖြစ်ပြီး အနည်းဆုံးဘွဲ့ (၁) ခုရရှိထားရမည်ဖြစ်သည်။ အင်္ဂလိပ်စာအရည်အချင်းအတွက် TOEFL ရမှတ် (၅၅၀) ရရှိရမည်ဖြစ်ပြီး TOEFL စာမေးပွဲမဖြေရသေးပါက ပညာသင်ဆုလျှောက်လွှာတင်ထားချိန်တွင် ဖြေဆိုနိုင်သည်။ အမေရိကန်နိုင်ငံတွင်ပညာသင်ယူဖူးသူ၊ အလုပ်လုပ်ဖူးသူမဖြစ်ရပေ။ ပညာသင်ဆုလျှောက်လွှာကို (https://mm.usembassy.gov/) မှ ရယူလျှောက်ထားရမည်ဖြစ်သည်။

လျှောက်လွှာနှင့်အတူ ပညာသင်ဆုလျှောက်ထားရာတွင်...

**Project Statement (၁) စောင်**
**ကိုယ်ရေးအချက်အလက်**
**ပညာရေးအထောက်အထားများ**
**ပညာသင်ဆုပေးအပ်သင့်ကြောင်း မိမိနှင့်နီးစပ်သူ (၃) ဦး၏ထောက်ခံချက်များပူးတွဲတင်ပြရမည်ဖြစ်သည်။**

Oxford တက္ကသိုလ်၏ဘွဲ့ကြိုပညာသင်ဆု

အင်္ဂလန်နိုင်ငံ Oxford တက္ကသိုလ်က နိုင်ငံရေးနှင့် ဘဏ္ဍာငွေကြေးဆိုင်ရာအခက်အခဲရှိသည့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံအချို့မှ ကျောင်းသား၊ ကျောင်းသူများအတွက် Reach Oxford Scholarship ဘွဲ့ကြိုပညာသင်ဆုများပေးရန်ဖိတ်ခေါ်ထားသည်။ 

ပညာသင်ဆုအကျုံးဝင်သောဗြိတိန်နိုင်ငံတစ်ဝန်းရှိ ကောလိပ်များတွင် ရှေးဟောင်းသုတေသနဘာသာရပ်များ၊ ဇီဝနည်းပညာဘာသာရပ်များ၊ အင်ဂျင်နီယာဘာသာရပ်များ၊ ကွန်ပျူတာနှင့် ကွန်ပျူတာသိပ္ပံဘာသာရပ်များ၊ ဘာသာစကားဆိုင်ရာ ဘာသာရပ်များ၊ ဥပဒေ၊ သမိုင်းနှင့် ရူပဗေဒဆိုင်ရာဘာသာရပ်များ၊ စီးပွားရေးဆိုင်ရာဘာသာရပ်များနှင့် ဂီတအပါအဝင် ဘာသာရပ် (၄၇) ခုကို ရွေးချယ်သင်ယူခွင့်ရမည်ဖြစ်သည်။ 

ကျောင်းလခ၊ ကျူရှင်ကြေး၊ နေထိုင်စားသောက်စရိတ်နှင့် တစ်နှစ် (၁) ကြိမ် မိခင်နိုင်ငံသို့အလည်အပတ်ပြန်နိုင်ရန် လေယာဉ်စရိတ်တို့ကို ပညာသင်ဆုအဖြစ်ရရှိမည်ဖြစ်သည်။ မိမိတက်ရောက်သောဘာသာရပ်၏ ဘွဲ့ကြိုသင်တန်းကာလအလိုက် (၃) နှစ်မှ (၄) နှစ်အထိပညာသင်ဆု ပေးအပ်မည်ဖြစ်သည်။ 

ပညာသင်ဆုရရှိသူသည် တက္ကသိုလ်တက်ရောက်စဉ်အတွင်းကြုံတွေ့ရသော ပညာသင်ကြားရေးဆိုင်ရာအတွေ့အကြုံများနှင့် လူမှုရေးလှုပ်ရှားမှုများအကြောင်း နှစ်စဉ်အစီရင်ခံစာတင်သွင်းရမည်ဖြစ်သည်။ ယခင်ကဘွဲ့ကြိုသင်တန်းမတက်ရောက်ဖူးသူများကို ဦးစားပေးမည်ဖြစ်သည်။ အထက်တန်းအဆင့်ပညာအရည်အချင်း အဆင့်မြင့်သူများကိုသာပညာသင်ဆုပေးမည်ဖြစ်ပြီး ပညာဆက်လက်သင်ယူရန်ငွေကြေးအခက်အခဲရှိသူများကို ပညာသင်ဆုစာရင်းတွင်အဓိကထည့်သွင်းစဉ်းစားမည်ဖြစ်သည်။ လူမှုရေးဆိုင်ရာအာမခံချက်ပေးနိုင်ရမည်ဖြစ်ပြီး ကျောင်းပြီးပါက မိခင်နိုင်ငံသို့ပြန်လာကာ အလုပ်လုပ်မည်ဖြစ်ကြောင်းကတိပြုရမည်ဖြစ်သည်။ 

ပညာသင်ဆုလျှောက်လွှာကို (https://www.ox.ac.uk/) website link သို့ဝင်ကာ Applying to Oxford နေရာတွင် (၂၀၁၉) အောက်တိုဘာ (၁၅) ရက်မှ (၂၀၂၀) ဖေဖော်ဝါရီ (၁၂) ရက်နေ့အထိလျှောက်ထားနိုင်သည်။

ပညာသင်ဆုရွေးချယ်ခြင်းကို (၂၀၂၀) မတ်လတွင်ပြုလုပ်ခြင်း ရွေးချယ်ချီးမြှင့်ခံရသူစာရင်းကို (၂၀၂၀) ဧပြီတွင် ကြေညာမည်ဖြစ်သည်။ 


ထိုင်းတက္ကသိုလ်များတွင် တက်ခွင့်ရမည့်ဘွဲ့ကြိုပညာသင်ဆု

မြန်မာတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ထိုင်းနိုင်ငံတက္ကသိုလ်များတွင် တက်ရောက်လိုပါက လျှောက်ထားနိုင်မည့်ပညာသင်ဆုအစီအစဉ်ဖြစ်သည်။ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်းနိုင်ငံတို့မှ ကျောင်းသား၊ ကျောင်းသူများအတွက် Mekong Sub-Regional Leadership Development Programme အနေဖြင့် ထိုင်းနိုင်ငံအခြေစိုက် Child's Dream Association ကပေးအပ်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူ (၂၀) ဦးခန့်ကို ဘွဲ့ကြို၊ ဘွဲ့လွန်ပညာသင်ဆု (၂) မျိုး နှစ်စဉ်ပေးလျက်ရှိသည်။ 

Child's Dream Association နှင့်ချိတ်ဆက်ထားသည့် ထိုင်းတက္ကသိုလ်များတွင် ဝါသနာပါရာဘာသာရပ်ကို ရွေးချယ်တက်ရောက်နိုင်ပြီး ကျောင်းသား၊ ကျောင်းသူ၏ ပညာသင်ယူရန် ငွေကြေးခက်ခဲနေသည့် အခြေအနေ၊ ပညာရေးမှတ်တမ်း၊ ဘဝမျှော်မှန်းချက်တို့အပေါ်အြခေခံ၍ ပညာသင်ဆုရွေးချယ်ပေးအပ်ခြင်းဖြစ်သည်။

အဆိုပါပညာသင်ဆုအတွက် လျှောက်ထားသူသည်မြန်မာနိုင်ငံသား မှတ်ပုံတင်ကိုင်ဆောင်ထားသူ အသက် (၃၀) နှင့်အောက်ဖြစ်ရမည်။ ပညာဆက်လက်သင်ယူရန် ငွေကြေးခက်ခဲနေသည့်အခြေအနေကို တင်ပြရမည်။ ဥပမာ မိသားစုကငွေကြေးဆင်းရဲကြောင်း၊ တက္ကသိုလ်ပို့ရန်မိဘကမတတ်နိုင်ကြောင်း၊ မိဘမဲ့ဖြစ်ကြောင်း ပညာသင်ဆုရွေးချယ်ရေးအဖွဲ့သို့ပြောရမည်။

အခြားပညာသင်ဆုအစီအစဉ်တစ်ခုခုမှ ပညာသင်ဆုရရှိထားသူမဖြစ်ရပေ။ ထို့အပြင် ဘွဲ့ကြိုပညာသင်ဆုလျှောက်ထားမည်ဆိုပါက လျှောက်ထားသူသည်အနည်းဆုံး (၁၂) တန်းအထိ တက်ရောက်ထားပြီးသူဖြစ်ရမည်။ (မြန်မာနိုင်ငံ၏ပညာရေးစနစ်အရ သူငယ်တန်းမပါပါက တက္ကသိုလ်ဝင်တန်းပြီးဆုံးချိန်အထိ (၁၀) နှစ်သာတက်ရောက်ရသည်။ ထို့ကြောင့် တက္ကသိုလ်ဒုတိယနှစ်အထိတက်ပြီးမှသာ ပညာသင်ဆုသတ်မှတ်ချက် (၁၂) တန်းပြည့်မည်ဖြစ်သည်။ အခြားနိုင်ငံများအတွက်မူ အခြေခံပညာရေးကို (၁၂) တန်းတက်ရသဖြင့် အခြေခံပညာရေးပြီးပါက ပညာသင်ဆုလျှောက်ခွင့်ရှိသည်။)

အင်္ဂလိပ်ဘာသာစကား (သို့) ထိုင်းဘာသာစကားကျွမ်းကျင်ရမည်ဖြစ်သည်။

Child's Dream Association ၏ပညာသင်ဆုရရှိပါက ဘွဲ့ရသည်အထိရာနှုန်းပြည့်ပံ့ပိုးပေးမည်ဖြစ်ပြီး ကျောင်းလခ၊ ဗီဇာကြေး၊ ယူနီဖောင်း၊ စာအုပ်စာတမ်း၊ စာရေးကိရိယာ၊ နေထိုင်စားသောက်စရိတ် (အဆောင်လခ၊ စားသောက်စရိတ်၊ သွားလာရေးစရိတ်)၊ အရေးပေါ်လိုအပ်ချက်အတွက်ကုန်ကျစရိတ်အားလုံးပံ့ပိုးမည်ဖြစ်သည်။ အသေးစိတ်ကို (https://www.childsdream.org/) တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

ဆွစ်ဇာလန်အစိုးရဘွဲ့လွန်ပညာသင်ဆု

မြန်မာနိုင်ငံအပါအဝင်နိုင်ငံ (၁၈၀) ကျော်မှ ကျောင်းသား၊ ကျောင်းသူများအတွက် ဆွစ်ဇာလန်အစိုးရကပေးအပ်သော Swiss Government Excellence Scholarships ဖြစ်သည်။

မဟာဘွဲ့နှင့် ပါရဂူဘွဲ့သင်တန်းများ တက်ရောက်ခွင့်အတွက်အဆိုပါ ပညာသင်ဆုကိုလျှောက်ထားနိုင်ကြောင်း ဆွစ်ဇာလန်သံရုံးကကြေညာထားသည်။ 

Research Fellowship, PhD Scholarships နှင့် Post-Doctoral Scholarships ဟူ၍ ပညာသင်ဆု (၃) မျိုးအနက် နှစ်သက်ရာကိုလျှောက်ထားခွင့်ပြုထားသည်။ ဆွစ်ဇာလန်နိုင်ငံရှိတက္ကသိုလ်များတွင် တက်ရောက်မည့်သင်တန်းသားများသာ ပညာသင်ဆုပေးမည်ဖြစ်သည်။ 

ပညာသင်ဆုအဖြစ်လစဉ် အသုံးစရိတ်၊ ကျူရှင်စရိတ်၊ ကျန်းမာရေးအာမခံ၊ လေယာဉ်လတ်မှတ်ကုန်ကျစရိတ်တို့ကို ကျခံပေးမည့်အပြင်နေထိုင်ရေးစီစဉ်ပေးမည်ဖြစ်သည်။ 

(၂၀၁၉) နိုဝင်ဘာ (၂၉) ရက်နောက်ဆုံးထားကာ (https://bit.ly/2PlJzkl) တွင် လျှောက်လွှာရယူနိုင်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ ပြည်လမ်း၊ ခပေါင်းလမ်း၊ အမှတ် (၁၁) ရှိ ဆွစ်ဇာလန်သံရုံးသို့ သွားရောက်လျှောက်ထားရမည်ဖြစ်သည်။


ဘီလ်ဂိတ်ပညာသင်ဆု

ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် ဘီလ်ဂိတ်ကပေးအပ်သည့် The Bill Gates Cambridge Scholarship 2020 ပညာသင်ဆုအစီအစဉ်ဖြစ်သည်။ အင်္ဂလန်နိုင်ငံ University of Cambridge တွင်တက်ရောက်မည့် မြန်မာကျောင်းသား၊ ကျောင်းသူများလျှောက်ထားနိုင်သည်။ 

မြန်မာနိုင်ငံအပါအဝင် ကျောင်းသား၊ ကျောင်းသူများအတွက် ပေးအပ်ခြင်းဖြစ်ပြီး University of Cambridge တွင် သင်ကြားနေသည့်မည်သည့်ဘာသာရပ်ကိုမဆို မဟာဘွဲ့၊ ပါရဂူဘွဲ့များရွေးချယ်တက်ရောက်ခွင့်ရှိသည်။ ကျောင်းဝင်ခွင့်ဦးစွာလျှောက်ထားပြီး ဝင်ခွင့်ရရှိပြီးမှသာ ပညာသင်ဆုလျှောက်ထားရမည်ဖြစ်သည်။

ပညာရေးတွင်ထူးချွန်သူ၊ အနာဂတ်တွင် အဖွဲ့အစည်းများတွင် ခေါင်းဆောင်တစ်ဦးအဖြစ် အလုပ်လုပ်ကိုင်ရန်အလားအလာရှိသူ၊ အခြားသူများ၏ဘဝတိုးတက်ကောင်းမွန်ရန်လိုလားလုပ်ကိုင်ပေးလိုသည့် စိတ်ဆန္ဒကောင်းရှိသူ၊ University of Cambridge တွင် တက်ရောက်ခွင့်ရရှိပြီးသူဖြစ်ရမည်ဖြစ်သည်။ 

University of Cambridge တွင် တက်ရောက်မည့်ကျောင်းလခ၊ တစ်နှစ်လျှင် စတာလင်ပေါင် (၁၅,၀၀၀) ခန့်၊ ဇာတိနိုင်ငံမှ University of Cambridge သို့ အသွား အပြန် ခရီးစရိတ်၊ ဗီဇာကြေးငွေများကို ပညာသင်ဆုအဖြစ်ပံ့ပိုးပေးမည်ဖြစ်သည်။

လျှောက်လွှာများကို (https://www.gatescambridge.org/apply) သို့ မတ်လ (၁) ရက်မတိုင်မီလျှောက်ထားရမည်ဖြစ်သည်။

 

Read More >> Raffles International College Bangkok ၏ (၂၀၂၀) ပညာသင်နှစ်အတွက် ပညာသင်ဆုများလျှောက်ထားနိုင်

Source: 7Day News

Latest Post News Tips Read 2045 times