စာစစ်တာဝန် မပျက်ကွက်ရန် ဆရာ/ဆရာမများကို အသိပေး

** Unicode **

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေလွှာစစ်ဆေးရမည့် တာဝန်ကို မငြင်းပယ်ရန်နှင့် မပျက်ကွက်ရန် သက်ဆိုင်ရာ ပညာရေးရုံးများက ဆရာ/ဆရာမများအား အသိပေးထားပါတယ်။

တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေလွှာစစ်ဆေးခြင်းသည် သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရသောလုပ်ငန်းဖြစ်၍ တာဝန်ပေးခံရသည့် ဆရာ/ဆရာမများအနေဖြင့် မပျက်ကွက်ရန် အသိပေးစာတွင် ဖော်ပြထားပါတယ်။

အရေးကြီးသော တာဝန်ဖြစ်၍ အဖြေလွှာစစ်ဆေးရန် သင့်တော်သူကိုသာ တာဝန်ပေးခြင်းဖြစ်ရာ ရုတ်တရက်ဆေးရုံတက်ရခြင်းမှလွှဲ၍ တာဝန်မှငြင်းပယ်ခြင်းမပြုရန် အသိပေးရခြင်းဖြစ်ပါတယ်လို့ အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးကပြောပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများကို ဧပြီ (၁) ရက်က စတင်ကာ တက္ကသိုလ် (၁၀) ခုတွင် စစ်ဆေးမည်ဖြစ်ရာ အဖြေလွှာစစ်ဆေးရမည့်ဆရာ/ဆရာမများအား တာဝန်ပေးအပ်ကြောင်း အကြောင်းကြားစာများကို သက်ဆိုင်ရာ ပညာရေးမှူးရုံးများက မတ်လ ဒုတိယပတ်က စတင်ပေးပို့နေပါတယ်။

အခြေခံပညာ အထက်တန်းပြ ဆရာ/ဆရာမများနှင့် တက္ကသိုလ်ဆရာ/ဆရာများက အဖြေလွှာစစ်ဆေးမည်ဖြစ်ပြီး စစ်ဆေးမည့် ဘာသာရပ်နှင့် လက်ရှိသင်ကြားနေသည့် ဘာသာရပ်ကိုက်ညီမှသာ စာစစ်တာဝန်ပေးရန် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနညွှန်ကြားထားပါတယ်။

တာဝန်ပေးခံရသည့် ဆရာ/ဆရာမများသည် သတ်မှတ်တက္ကသိုလ်များသို့ မတ်လ (၃၁) ရက်နောက်ဆုံးထား သွားရောက်ပြီး ဧပြီ (၁)ရက်မှ (၁၀) အထိ အဖြေလွှာစစ်ဆေးရမည်ဖြစ်ပါတယ်။

Read More:>>> မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမများအဖွဲ့ချုပ် အရေးပေါ်ထုတ်ပြန်ကြေညာချက်

အဖြေလွှာစစ်ဆေးရန် စာစစ်ဌာနများရှိရာသို့ နီးစပ်ရာတိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဆရာ/ဆရာများက လာရောက်စစ်ဆေးရပြီး ခရီးစရိတ်ကို ပညာရေးဝန်ကြီးဌာနသို့ တင်ပြကာပြန်လည်ထုတ်ယူရပါတယ်။

Education for Special Needs Children(17) ကေလးမ်ားအတြက္ အထူးပညာေရး ႏွင့္ပတ္သက္ျပီးရွာရန္ႏွိပ္ပါ။

နေထိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနက စီစဉ်ပေးပါတယ်။ ၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို မတ်လ (၁၁) ရက်မှ (၂၀) ရက်အထိ ကျင်းပပြီး ဖြေဆိုသူ ကိုးသိန်းကျော်ရှိခဲ့ပါတယ်။

Credit: 7Day News

 

** Zawgyi **

တကၠသုိလ္ဝင္ခြင့္စာေမးပြဲေျဖလႊာစစ္ေဆးရမည့္ တာဝန္ကို မျငင္းပယ္ရန္ႏွင့္ မပ်က္ကြက္ရန္ သက္ဆိုင္ရာ ပညာေရးရံုးမ်ားက ဆရာ/ဆရာမမ်ားအား အသိေပးထားပါတယ္။

တကၠသုိလ္ဝင္ခြင့္ စာေမးပြဲေျဖလႊာစစ္ေဆးျခင္းသည္ သတ္မွတ္ကာလအတြင္း ၿပီးစီးေအာင္ ေဆာင္ရြက္ရေသာလုပ္ငန္းျဖစ္၍ တာဝန္ေပးခံရသည့္ ဆရာ/ဆရာမမ်ားအေနျဖင့္ မပ်က္ကြက္ရန္ အသိေပးစာတြင္ ေဖာ္ျပထားပါတယ္။

အေရးႀကီးေသာ တာဝန္ျဖစ္၍ အေျဖလႊာစစ္ေဆးရန္ သင့္ေတာ္သူကိုသာ တာဝန္ေပးျခင္းျဖစ္ရာ ရုတ္တရက္ေဆးရံုတက္ရျခင္းမွလႊဲ၍ တာဝန္မွျငင္းပယ္ျခင္းမျပဳရန္ အသိေပးရျခင္းျဖစ္ပါတယ္လို႔ အေျခခံပညာဦးစီးဌာနမွ ညႊန္ၾကားေရးမွဴးတစ္ဦးကေျပာပါတယ္။

တကၠသုိလ္ဝင္စာေမးပြဲအေျဖလႊာမ်ားကို ဧၿပီ (၁) ရက္က စတင္ကာ တကၠသုိလ္ (၁၀) ခုတြင္ စစ္ေဆးမည္ျဖစ္ရာ အေျဖလႊာစစ္ေဆးရမည့္ဆရာ/ဆရာမမ်ားအား တာဝန္ေပးအပ္ေၾကာင္း အေၾကာင္းၾကားစာမ်ားကို သက္ဆိုင္ရာ ပညာေရးမွဴးရံုးမ်ားက မတ္လ ဒုတိယပတ္က စတင္ေပးပို႔ေနပါတယ္။

အေျခခံပညာ အထက္တန္းျပ ဆရာ/ဆရာမမ်ားႏွင့္ တကၠသုိလ္ဆရာ/ဆရာမ်ားက အေျဖလႊာစစ္ေဆးမည္ျဖစ္ၿပီး စစ္ေဆးမည့္ ဘာသာရပ္ႏွင့္ လက္ရွိသင္ၾကားေနသည့္ ဘာသာရပ္ကိုက္ညီမွသာ စာစစ္တာဝန္ေပးရန္ ျမန္မာႏိုင္ငံ စာစစ္ဦးစီးဌာနညႊန္ၾကားထားပါတယ္။

တာဝန္ေပးခံရသည့္ ဆရာ/ဆရာမမ်ားသည္ သတ္မွတ္တကၠသုိလ္မ်ားသို႔ မတ္လ (၃၁) ရက္ေနာက္ဆံုးထား သြားေရာက္ၿပီး ဧၿပီ (၁)ရက္မွ (၁၀) အထိ အေျဖလႊာစစ္ေဆးရမည္ျဖစ္ပါတယ္။

Read More:>>> ျမန္မာႏိုင္ငံလံုးဆိုင္ရာ ဆရာ/ဆရာမမ်ားအဖြဲ႔ခ်ုပ္ အေရးေပၚထုတ္ျပန္ေၾကညာခ်က္

အေျဖလႊာစစ္ေဆးရန္ စာစစ္ဌာနမ်ားရွိရာသို႔ နီးစပ္ရာတိုင္းေဒသႀကီးႏွင့္ျပည္နယ္မ်ားမွ ဆရာ/ဆရာမ်ားက လာေရာက္စစ္ေဆးရၿပီး ခရီးစရိတ္ကို ပညာေရးဝန္ႀကီးဌာနသို႔ တင္ျပကာျပန္လည္ထုတ္ယူရပါတယ္။

Education for Special Needs Children(17) ကေလးမ်ားအတြက္ အထူးပညာေရး ႏွင့္ပတ္သက္ျပီးရွာရန္ႏွိပ္ပါ။

ေနထိုင္ေရးအတြက္ ပညာေရးဝန္ႀကီးဌာနက စီစဥ္ေပးပါတယ္။ ၂၀၂၀ျပည့္ႏွစ္ တကၠသုိလ္ဝင္ခြင့္စာေမးပြဲကို မတ္လ (၁၁) ရက္မွ (၂၀) ရက္အထိ က်င္းပၿပီး ေျဖဆိုသူ ကိုးသိန္းေက်ာ္ရွိခဲ့ပါတယ္။

Credit: 7Day News

News Tips Latest Post Read 27553 times