မသန်စွမ်း ကလေးငယ်များအတွက် လူတိုင်းအကျုံးဝင်ပညာရေး

လူတိုင်းအကျုံးဝင် ပညာရေး (Inclusive Education) ဆိုသည်မှာ ပညာရေး နောက်ကျကျန်နေရစ်ခြင်းကို လျော့ချပေးပြီး မသန်စွမ်းကလေးငယ်များလည်း အခြားကလေးများနှင့် တန်းတူ  ပညာဆည်းပူးခွင့် ရရှိစေရန် အခွင့်အလမ်းနှင့် အားလုံးလက်လှမ်းမီသော သင်ကြားသင်ယူမှု ဝန်းကျင်ကို ဖန်တီးပေးခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် Inclusive Education ကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး မသန်စွမ်းကလေးများအတွက်အတားအဆီးကင်းမဲ့စွာ သွားလာနိုင်မည့် လုံခြုံဘေးကင်းပြီး ကလေးပျော် စံပြစာသင်ကျောင်းဆောင်များဆောက်လုပ်ခြင်း၊ မသန်စွမ်း ကလေးများပညာရေး တိုးမြှင့်ပေးရန်အတွက် ပညာသင်ထောက်ပံ့ကြေးများကိုလည်း ပံ့ပိုးပေးလျက် ရှိပါသည်။

မည်သည့်ကလေးငယ်မဆို လှပသော အနာဂတ်ကို ဖော်ကျုး နိုင်ရန်အတွက်အရေးပါသော အခန်းကဏ္ဍ ဖြစ် သော  ပညာရေးတွင်ခွဲခြားမှုမရှိပဲ ပညာသင်ခွင့် ရရှိနိုင်ရေးမှာ  အထူးပင်အရေးကြီးပါကြောင်းတင်ပြအပိ ပါသည်။

MDEP

By Myanmar Education Guide - EDGE

Latest Post Read 4632 times