ကိုဗစ်ဒုတိယလှိုင်းတွင်ပညာရေးဝန်ထမ်းများ ကွာရန်တင်းစင်တာများတွင်အားဖြည့်ကူညီနိုင်

Quarantine Center အဖြစ်ဖွင့်လှစ်ထားသော တက္ကသိုလ်များတွင် ဆရာ/ဆရာမများ၊ကျောင်းသား/ကျောင်းများ နှင့် ဝန်ထမ်းများ အနေဖြင့် စင်တာများတွင် စေတနာဝန်ထမ်းအဖြစ် ပါဝင်လိုပါက မိမိဆန္ဒအလျောက် ပါဝင်နိုင်ကြောင်း က်တင်ဘာလ ၂၃ ရက်နေ့တွင် အဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန်ကြားထားသည်။
 
ထိုညွှန်ကြားချက်တွင် နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးရေး ကိစ္စရပ်များ၊ အခြားပရဟိဆိုင်ရာလုပ်ငန်းများတွင် မိမိတို့ ဆန္ဒအလျောက် အကူအညီပေးလိုပါက သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ကြောင်းသိရသည်။
 
အဆင့်မြင့်ပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းမှ ဝန်ထမ်းများတွင် Volunteer လုပ်လိုသူများရှိသောကြောင့် ၎င်းထံအကြောင်းကြားနေပါက အချိန်ကြာနေမည် စိုးသောကြောင့် တရားဝင်စာထုတ်ထားပေးခြင်းဖြစ်သည်ဟု ဆိုထားပါသည်။
 
ဆက်လက်၍ ဆရာ/ဆရာမများ၊ကျောင်းသား/ကျောင်းများ နှင့် ဝန်ထမ်းများသည် နည်းပညာပိုင်းတွင် သာမက မိမိဆန္ဒအလျောက် မည်သည့် နေရာတွင်မဆို ပါဝင်ကူညီနိုင်ကြောင်း ပြောကြားထားသည်။
 
ရန်ကုန်အဝေးသင် ဆရာများသမဂ္ဂဥက္ကဌ ဒေါက်တာမိုးသူ မှလည်း ထိုညွှန်ကြားချက်သည် ခွင့်ပြုသင့်သည့် အကြောင်းအရာဖြစ်သောကြောင့် ထိုညွှန်ကြားချက်ကို ကြိုဆို‌ကြောင်း ဆိုထားသည်။
 
ပထမအကြိမ် ကိုဗစ်ရောဂါ ကူးစက်ပျံ့နှံံ့စဉ် အချိန်မှစ၍ တက္ကသိုလ်များ ပိတ်ထားလျက်ရှိရာ လက်ရှိအချိန်ထိ ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေး‌ပေ။
 
ယခုအချိန်တွင် နိုင်ငံတစ်ဝှမ်းရှိ တက္ကသိုလ်အများစုကို ကိုဗစ် စောင့်ကြည့်လူနာများထားရှိရာ ကွာရန်တင်း စင်တာများအဖြစ် ဖွင့်လှစ်ထားပြီး တက္ကသိုလ် ဆရာမ အချို့မှာလည်း နေအိမ်တွင် နေ၍ အလုပ်လုပ်လျက်ရှိသည်။
 
ဆရာ၊ဆရာများက စင်တာတွင် လိုအပ်သည်များ ‌ထောက်ပံံ့နိုင်ရန် အလှူ‌ငွေ ‌ကောက်ခံ့‌နေကြတာ‌ေတွရှိပြီး ထိုအ‌ကြောင်း အရာများအတွက် အဆင့်ပညာကို ခွင့်ပြုချက် တောင်းရန် မလိုသည့် သ‌ဘောဖြစ်သည်ဟု ဆိုထားသည်။
 
အဆိုပါ ညွှန်ကြားချက် အတိုင်း ပညာရေး ဝန်ထမ်းများ မိမိဆန္ဒအလျောက် ပါဝင်ကူညီခြင်း ရှိမရှိမှာ ခန့်မှန်းရ ခက်‌နေ‌သေး‌ကြောင်း သိရသည်။
 
"စင်တာမှာ လူကိုယ်တိုင်ပါဝင်ကူညီတဲ့ သူတွေရှိ‌ကောင်း ရှိလိမ့်မယ်။ ဒါပေမယ့် ဒီအလုပ်က အခြား သဘာဝ‌ဘေး‌တွေမှာကူညီတာနဲ့ မတူဘူး။ ကိုယ်လည်း အကူးခံရနိုင်သလို ကိုယ်က ရောဂါ ပြန်ဖြန့်သလိုလည်း ဖြစ်နိုင်တယ် ၊ ဒါ‌ကြောင့် စနစ်တကျ တတ်သိနားလည်အောင် သင်ကြားပြီးမှ ပါဝင်တာက ပို‌ကောင်း မယ်ထင်တယ် " ဟု ‌ဒေါက်တာ စိုင်းခိုင်မျိုးထွန်း မှ ‌ပြောကြားထားသည်။
 
ကျန်းမာ‌ရေး နှင့် အားကစား ဝန်ကြီးဌာန၏ စက်တင်ဘာလ ၂၅ ရက်နေ့ မနက် ၈နာရီ ‌နောက်ဆုံးထုတ်ပြန်ချက်များအရ ရောဂါကူးစက်သူ ၈၅၁၅ ဦး ရှိပြီး ‌သေဆုံးသူ ဦး‌ရေမှာ ၁၅၅ ဦး ရှိပြီး ဖြစ်‌ကြောင်း သိရသည်။
 
ထို့အပြင် ပိုး‌တွေ့လူနာများ ပိုများလာ‌သော‌ကြောင့် ကွာရန်တင်း စင်တာများတွင် လုပ်အား‌ပေး ‌နေသည့် စေတနာဝန်ထမ်းများမှာ အားနည်းလျက်ရှိပြီး ကဏ္ဍမျိုးစုံမှ ‌စေတနာ့ဝန်ထမ်းများ ပိုမိုလိုအပ်လျက်ရှိ‌ကြောင်း လက်ရှိ ကွာရန်တင်း စင်တာများမှ စေတနာ့ဝန်ထမ်းများမှ သိရပါသည်။
 
By Myanmar Education Guide- EDGE
 
 
 
 
 
 
Latest Post News Read 1226 times