အနုပညာသင်တန်းတက်ရောက်ရင်း အထက်တန်းအဆင့် သင်ယူပြီးမြောက်ကြောင်းလက်မှတ်ရယူလိုပါက

** Unicode **

* ရန်ကုန်မြို့နှင့် မန္တလေးမြို့များရှိ အနုပညာအထက်တန်းကျောင်းများတွင် ၂၀၂၀-၂၁ ပညာသင်နှစ် (ပထမနှစ်) အတွက် ပန်တျာသင်တန်းနှင့် ပန်းချီပန်းပု သင်တန်းသို့တက်ရောက်ရန် လျှောက်လွှာများ ခေါ်ယူလျက်ရှိပါတယ်။

* အဆိုပါ သင်တန်းများသို့ အောက်ပါအရည်အချင်းများနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါတယ်။
(၁) ပန်တျာသင်တန်း၏ အနုပညာ(ဂီတ/သဘင်) သီးသန့်သင်တန်းအတွက် သတ္တမတန်း (Grade-8) အောင်မြင်သူဖြစ်ရမည်။
(၂) ပန်တျာသင်တန်း၏ စာပေနှင့် အနုပညာ (ဂီတ/သဘင်) တွဲဖက်သင်တန်းအတွက် အဌမတန်း (Grade-9) အောင်မြင်သူဖြစ်ရမည်။
(၃) ပန်းချီပန်းပုသင်တန်း၏ အနုပညာ (ပန်းချီ/ပန်းပု) သီးသန့်သသင်တန်းနှင့် စာပေနှင့် အနုပညာ(ပန်းချီ/ပန်းပု) တွဲဖက်သင်တန်းအတွက် အဌမတန်း (Grade-9) အောင်မြင်သူဖြစ်ရမည်။
(၄) ဂီတ(သို့) သဘင် (သို့) ပန်းချီ (သို့) ပန်းပု အခြေခံပညာကို အသင့်အတင့်တတ်ရမည်။
(၅) အသက် (၁၃) နှစ်မှ (၁၇) နှစ်အတွင်းရှိရမည်။

* စာပေနှင့် အနုပညာတွဲဖက်သင်တန်းသို့ လျှောက်ထားသူများသည် အနုပညာဘာသာရပ်အပြင် အခြေခံပညာ ဒသမတန်း (Grade-10)၊ ဧကာဒသမတန်း(Grade-11) နှင့် ဒါွဒသမတန်း (Grade-12) ကို ပူးတွဲသင်ကြားခွင့်ရရှိမည်ဖြစ်ပါတယ်။

Computer Repair (300) ကွန်ပျူတာပြုပြင်ထိန်သိမ်းရေးနှင့် ပတ်သက်ပြီး (၃၀၀) ခုရှာရန်နှိပ်ပါ။

* ပညာသင်ကြားနေသည့် လများတွင် တစ်လလျှင် (၃ သောင်း)ကျပ်ဖြင့် ထောက်ပံ့ကြေးရရှိမည်ဖြစ်ပြီး (၃) နှစ်သင်တန်းပြီးဆုံးပါက အနုပညာသင်တန်းဆင်းလက်မှတ်နှင့် အခြေခံပညာအထက်တန်းအဆင့်သင်ယူပြီးမြောက်ကြောင်း လက်မှတ်ရရှိမည်ဖြစ်ပါတယ်။

Read More:>>> "သတင်းအချက်အလက်နည်းပညာ ဘွဲ့ကြိုဒီပလိုမာသင်တန်းလျှောက်လွှာခေါ်ယူ"

* လျှောက်ထားလိုသူများသည် အနုပညာဦးစီးဌာနနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ရုံးများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများနှင့် ဖုန်းနံမှတ် ၀၆၇-၃၄၀၈၀၃၇၊ ၀၆၇၃၄၀၈၄၄၃၊ ၀၁-၅၅၅၆၄၂၊ ၀၂-၄၀၆၁၁၆၉၊ ၀၂-၄၀၆၁၁၇၀ တို့သို့ စုံစမ်းမေးမြန်း၍ (၃၀-၄-၂၀၂၀) ရက်နောက်ဆုံးထားလျှောက်ထားနိုင်ပါတယ်။

(www.edge.com.mm)

 

** Zawgyi **



* စာပေနှင့် အနုပညာတွဲဖက်သင်တန်းသို့ လျှောက်ထားသူများသည် အနုပညာဘာသာရပ်အပြင် အခြေခံပညာ ဒသမတန်း (Grade-10)၊ ဧကာဒသမတန်း(Grade-11) နှင့် ဒွါဒသမတန်း (Grade-12) ကို ပူးတွဲသင်ကြားခွင့်ရရှိမည်ဖြစ်ပါတယ်။

Computer Repair (300) ကွန်ပျူတာပြုပြင်ထိန်သိမ်းရေးနှင့် ပတ်သက်ပြီး (၃၀၀) ခုရှာရန်နှိပ်ပါ။




(www.edge.com.mm)

News Tips Latest Post Read 2624 times