Sales Hotline : 09448001653       Download App



"တက္ကသိုလ်ဝင်တန်းအောင်မြင်လျှင် ကျိန်းသေပေါက်ဆင်းရဲခြင်းမရှိတော့" ဟု ပြည်ထောင်စုဝန်ကြီးအခိုင်အမာဆို

တက္ကသိုလ်ဝင်တန်းအောင်မြင်လျှင် ကျိန်းပေါက် ဆင်းရဲခြင်းမရှိတော့ကြောင်းပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးကပြောကြားလိုက်သည်။

နေပြည်တော်တွင်ဒီဇင်ဘာ၁၀ရက်ကျင်းပသည့် တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် ပညာရေးဝန်ထမ်းသားသမီးများကို ဂုဏ်ပြုဆုနှင့်ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်သည့်အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးကပြောကြားခဲ့သည်။

"level 1သည် မူလတန်းပြီးရင် level 1ကျိန်းသေတယ်။ ဆင်းရဲဖို့ ၅၀ရာခိုင်နှုန်းကျိန်းသေတယ်။level 2သည် အလယ်တန်းပြီးတဲ့သူတွေလို့သတ်မှတ်ပါတယ်။ ဆင်းရဲဖို့ရာခိုင်နှုန်းလျော့သွားတာပေါ့လေ။ ၄၀ရာခိုင်နှုန်းလောက်ဖြစ်သွားမှာပေါ့။အထက်တန်းပြီးရင် ဆင်းရဲဖို့ ၃၀ရာခိုင်နှုန်းပဲရှိတော့မယ်။ ဘာဖြစ်လို့လဲဆိုတော့ ၃၀ရာခိုင်နှုန်းပဲအောင်တာကိုး။ဒီ၃၀ရာခိုင်နှုန်းကတော့ဆင်းရဲဖို့ ဆင်းရဲလား။ မဆင်းရဲဘူးလားလို့မေးရင်ကျိန်းသေတယ်။မဆင်းရဲဘူးလို့ကျွန်တော်တို့ကအာမခံရဲတယ်။ဘာဖြစ်လို့လဲဆိုတော့ ဘွဲ့ရတော့မှာကိုး။ဘွဲ့ရတော့ရင်သူများထက်အလုပ်အကိုင်ကောင်းကောင်းကို လုပ်ရတော့မယ်ဆိုရင် ကျိန်းသေတယ်။သူများထက်တော့ မဆင်းရဲတော့ဘူး'' ဟု ၎င်းကပြောသည်။

၂၀၂၀ပြည့်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား၊ကျောင်းသူ၉သိန်းကျော်ဖြေဆိုခဲ့ပြီး တစ်နိုင်ငံလုံးစာမေးပွဲအောင်ချက်ရာခိုင်နှုန်း ၃၂.၀၆ရာခိုင်နှုန်းဖြင့် ၂သိန်း၉သောင်းကျော်အောင်မြင်ခဲ့သည်။

ယခုနှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲမအောင်မြင်သည့်ကျောင်းဖြေကျောင်းသား၊ကျောင်းသူများကိုလည်း စံနှုန်းသတ်မှတ်ချက်များအရ အထက်တန်းပညာ သင်ယူပြီးမြောက်ကြောင်းလက်မှတ်များစီစစ်ထုတ်ပေးမည်ဖြစ်ပြီး ၎င်းလက်မှတ် နှင့်အသက်မွေးဝမ်းကျောင်း သင်တန်းကျောင်းများသို့ဆက်လက်တက်ရောက် သင်ယူနိုင်မည်ဖြစ်သည်။

Source: Educational News Updates

Latest Post News Read 3082 times