Korea မှာ Scholarship ရချင်တာ ဘယ်လိုလုပ်ရမလဲ

Korea မှာ Scholarship ရချင်တာ ဘယ်လိုလုပ်ရမလဲ

Scholarship နဲ့ ပတ်သက်ပြီးတော့ ပြောရရင်

Government Scholarship နဲ့ ကျောင်းကပေးတဲ့ individual scholarship ဆိုပြီး နှစ်မျိုးရှိပါတယ်။ Government က ပေးတာက တစ်နှစ်မှာ တစ်ကြိမ် undergraduate နဲ့ graduate ဆိုပြီး ၂ခါခွဲပြီး ခေါ်လေ့ရှိပါတယ်။

Government scholarship က living expenses ပေးတဲ့အတွက် ပိုပြီး အဆင်ပြေပါတယ်။

ကျောင်းက ပေးတာတွေကလည်း ၁၀၀% တွေ ရှိတဲ့အတွက် ကိုယ့်ရဲ့ အမှတ်သာကောင်းထားရင် ဘာမှကြောက်စရာမလိုပါဘူး။ Scholarship နဲ့ ပတ်သက်တဲ့ သတင်းတွေကို study in korea ဆိုတဲ့ website မှာ ဝင်ကြည့်လို့ရပါတယ်။ သံရုံးကလည်း ခေါ်ပြီဆိုတာနဲ့ ကြေညာပေးလေ့ရှိပါတယ်။

ဘာတွေပြင်ဆင်ရမလဲဆိုတော့

အပေါ်ကပြောခဲ့တဲ့အတိုင်း ကျောင်းတစ်ခုနဲ့တစ်ခု ပေးရတဲ့ စာရွက်စာတမ်းတွေက မတူပါဘူး။ အဓိကက ဆယ်တန်းအမှတ်စာရင်း အောင်လက်မှတ်ရယ်၊ တက္ကသိုလ်အမှတ်စာရင်း GPA ရယ် အောင်လက်မှတ်ရယ်။ အဓိကရေးရမှာက Myself နဲ့ Studyplan ပါ။

ကိုယ့်ရဲ့ study plan ကိုကြည့်ပြီး ဝင်ခွင့်ကို ဆုံးဖြတ်ပေးသလို အရေးအသားတွေကိုလည်း ကြည့်ပြီး လေ့လာပါသေးတယ်။ Study plan ကို သေချာပိုင်ပိုင်နိုင်နိုင်ရေးမှ အဆင်ပြေမှာပါ။ နမူနာတွေလည်း ရှာပြီးလေ့လာလို့ရပါတယ်

နောက်တစ်ခု ကိုယ့်ရဲ့ target ဟာ သေချာပြတ်သားဖို့လိုပါတယ်။

ဘယ်မေဂျာကို သင်ယူမှာလဲ ဘယ်လိုပြန်အသုံးချမှာလဲ ဘယ်နေရာမှာ အသုံးချမှာလဲဆိုတာ သေချာတွေးဖို့လို့ပါတယ်။ အနည်းဆုံးတော့ ကိုယ်သင်ယူမဲ့ မေဂျာရဲ့ အခြေခံလောက်တော့ ပိုင်ထားဖို့လိုပါတယ်။

အရေးကြီးတာထက် အရေးကြီးဆုံးက language skill ပါ။ အားလုံးသိကြတဲ့ အရည်အချင်းစစ် စာမေးပွဲ Topik level ကောင်းနေမှ အဆင်ပြေမှာပါ။  3 or 4 နဲ့က နည်းနည်း ခက်ခဲပါတယ်၊ အနည်းဆုံး 5 or 6 လောက်မှ သူများတွေနဲ့ ယှဉ်တဲ့အခါ နေရာရသလိုစကားပြောနိုင်ဖို့လည်း အရမ်းအရေးကြီးပါတယ်။

မေးလာသမျှ မေးခွန်းတိုင်းကို ချက်ကျလက်ကျဖြေနိုင်ဖို့ အရမ်းအရေးကြီးပါတယ်။ သူတို့ လူမျိုးနဲ့ ယှဉ်ပြီး တွက်ကပ်ပြောနိုင်မှ တော်ကာကျပါမယ်။ ဘာသာစကားကို ပိုင်နိုင်ပြီလို့ထင်တဲ့ အချိန်မှ စိတ်ဆုံးဖြတ်လာတာ ပိုကောင်းပါတယ်။

အလုပ်လုပ်ရင်းနဲ့ ကျောင်းတက်မယ် ?

တော်တော်များများတွေးကြမှာပါ။ မလွယ်ပါဘူး အလုပ်လုပ်ရင်းနဲ့ ကျောင်းတက်ဖို့ဟာ ဒီမှာ တကယ်မလွယ်တဲ့အလုပ်ပါ။ အထူးသဖြင့် အလုပ်နေရာပေါပေမဲ့ ရှာရတာ ထင်သလောက်မလွယ်ပါဘူး
Foreigner ဆို တော်ရုံနေရာမပေးချင်ကြပါဘူး။ အဲတာကြောင့်မို့ အလုပ်လုပ်ရင်း ကျောင်းတက်မယ်ဆိုရင် သေချာ စဉ်းစားစေချင်ပါတယ်။

စာရွက်စာတမ်းတွေ ပြင်ဆင်တဲ့အခါမှာ သေချာမသိလို့ပဲဖြစ်ဖြစ် ကျောင်းအကြောင်းတွေ ကျောင်းဝင်ခွင့်တွေ လေ့လာတာပဲဖြစ်ဖြစ် @GunHong မှာ စုံစမ်းလို့ရပါတယ်။ ကျောင်းဝင်ခွင့်ကအစ ဒီဘက်ကိုရောက်တဲ့အထိ အကုန် လိုလေသေးမရှိ သေချာ ကူညီပေးပါတယ်။

နောက်ဆုံးတစ်ခုက Do yourself ကိုယ်တိုင်လေ့လာ စုံစမ်းပါ။

Internet ဒီလောက် ဖွံ့ ဖြိုးနေတဲ့ ခေတ်ကြီးမှာ search box တွေ များတဲ့ခေတ်မှာ သိချင်တာ ရှိရင် ကိုယ်တိုင်ရိုက်ရှာပါ။ အနည်းဆုံးတော့ goggle တော့ လူတိုင်းခေါက်တတ်ပါတယ်။ ရှာပါ လိုအပ်မယ်ထင်တာတွေကို ရှာဖွေပြီး လေ့လာပါ။ နေရာတိုင်းပါ သူများကို အားကိုးလို့ အဆင်မပြေပါဘူးရယ်။ အနည်းဆုံးတော့ ကိုယ့်အားကိုယ်မကိုးနိုင်သေးသရွေ့ အိမ်ထဲမှာနေတာပဲ အကောင်းဆုံးပါ။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: all about myanmar fb

International Read 4110 times