တက္ကသိုလ် ပညာသင် ထောက်ပံ့ကြေးဆု ဘယ်လိုလျှောက်ထားမလဲ

တက္ကသိုလ် ပညာသင် ထောက်ပံ့ကြေးဆု ဘယ်လိုလျှောက်ထားမလဲ

“ဝင်ခွင့်လျှောက်လွှာအိတ်တွေထဲမှာ တစ်ပါတည်းထည့်ပေးလိုက်ပြီးသားဆို တော့ လျှောက်ချင်တဲ့သူတွေ ကတော့ လိုတဲ့အချက်အလက်ဖြည့်ပြီး ထွေအုပ်ရုံးက လျှောက်ရမှာပေါ့၊ ရွေးတဲ့ အပိုင်းကတော့ လျှောက်တဲ့သူတွေထဲမှာ တကယ်ကိုပညာ သင်ဖို့ခက်တဲ့ ကလေးတွေကိုပဲ ရွေးပေးတာပဲ၊ လူဦးရေ အတိအကျတော့ မသိဘူး”လို့ အဆင့်မြင့်ပညာဦးစီးဌာနမှ တာဝန်ရှိ သူတစ်ဦးက ပြောပါတယ်။

ငွေကြေးမပြည့်စုံလို့ တက္ကသိုလ်ပညာ ဆက်တက်ဖို့ ခက်ခဲနေသူတွေအတွက် နိုင်ငံတော်က ပညာသင်ထောက်ပံ့ကြေးအနေ နဲ့ ထောက်ပံ့ပေးတာဖြစ်ပြီး ထောက်ပံ့ ကြေးဆုအရေအတွက်ကို ကန့်သတ်ပြီး ပညာသင်ထောက်ပံ့ကြေး ဆုရရှိသင့်သူတွေကို ရွေးချယ်ပေးအပ်တာ ဖြစ်ပါတယ်။

ပညာသင်ထောက်ပံ့ကြေးပေးဖို့ ရွေးချယ်တဲ့ အခါမှာ လစာနည်းနိုင်ငံ့ဝန်ထမ်း သားသမီးတွေ၊ ငွေကြေးမပြည့်စုံမှုကြောင့် တက္ကသိုလ်ပညာဆက်လက်သင်ယူဖို့ အခက်အခဲရှိသူ၊ ဆင်းရဲနွမ်းပါးပေမဲ့ ပညာတော်တဲ့သူတွေစတဲ့ အခြေခံအချက်တွေ ပေါ်မှာ မူတည်ပြီး ရွေးချယ်တာဖြစ်တယ်။

READ - ၂၀၁၇ ခုနှစ်၏ အဝေးသင်တက္ကသိုလ်ဝင်ခွင့်များကို ဒီဇင်ဘာလလယ်တွင် ထုတ်ပြန်မည်

ထိုပညာသင်ထောက်ပံ့ကြေးဆု လျှောက်ထားလိုသူတွေအနေနဲ့ စည်းကမ်း သတ်မှတ်ချက် တွေ ထားရှိပြီး စာမေးပွဲ ကျရှုံးခြင်းမရှိပါက ပညာသင်ဆုကို ဘွဲ့ရတဲ့ အထိ ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။

စာမေးပွဲ ကျရှုံးရင်တော့ ပညာသင်ဆုကို ရပ်ဆိုင်းမှာဖြစ်ပြီး စာမေးပွဲပြန်အောင်တဲ့အခါ ပြန်လည် လျှောက်ထားခွင့်ရှိပါတယ်။

ပညာသင်ထောက်ပံ့ကြေးဆုကို မိသားစုတစ်အိမ်ထောင်ကို တစ်ဦးသာ လျှောက်ခွင့်ရှိပြီး မိဘနှစ်ဦးလုံးနဲ့ လျှောက်ထားသူအပါအဝင် သုံးဦးလုံး နိုင်ငံသားဖြစ်ဖို့ လိုပါတယ်။

ပညာသင် ထောက်ပံ့ကြေးရရှိသူတွေအနေနဲ့ ကျောင်းတွင်းဆူပူမှုတွေ အပါအဝင် နိုင်ငံတော် အတွက် နစ်နာစေတဲ့ အခြားအပြုအမူတွေနဲ့ အကျင့်စာရိတ္တပျက်ပြားမှုတွေ ပြုလုပ်ပါက ပညာသင်ထောက်ပံ့ကြေးဆုကို ရပ်ဆိုင်းမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ပညာသင်ထောက်ပံ့ကြေးရသူတွေအနေနဲ့ သင်တန်းကျောင်းတွေပြီးတဲ့ အခါမှာ နိုင်ငံတော်က အလိုရှိရင် အမှု ထမ်းပါမည်လို့ ကတိဝန်ခံချက်ရေးထိုးရမှာဖြစ်သည်။

ပညာသင်ထောက်ပံ့ကြေး ဆက်လက်ပေးဖို့ မလိုတဲ့ အကြောင်းအရင်းတွေရှိပါက ပညာသင်ထောက်ပံ့ကြေးကို ရပ်ဆိုင်းမှာဖြစ်ပါတယ်။

လျှောက်ထား တဲ့အခါမှာ သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနကို ပေးပို့ လျှောက်ထားရမှာဖြစ်ပြီး အဆိုပါ ထွေအုပ် ဦးစီးဌာနကနေ စိစစ်ရွေးချယ်ပြီး အဆင့် မြင့်ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ) ကို တိုက်ရိုက်ပေးပို့ရမည် ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: kumudranews

Local Read 2366 times